လုံးဝလက်လွှတ်ဆုံးရှုံးမခံသင့်တဲ့ချစ်သူမျိုးဆိုတာ…

blank

သင်သိရဲ့လား…

  • အချောအလှမိန်းကလေးများစွာကို ကျော်လွန်ပြီး တီရှပ်တစ်ထည်၊ ဂျင်းန်ဘောင်းဘီနဲ့ သင့် ရဲ့ ရိုးရှင်းတဲ့အလှကို ရွေးချယ်ခဲ့တဲ့သူ။ ပြီးတော့ သင့်ရဲ့အိပ်ရာနိုးထစ ကပိုကယိုပုံစံလေး ကိုတောင် မြတ်နိုးနိုင်တဲ့သူ…။
  • သင်သတိထားမိတာခံရဖို့ဆိုရင် အများအမြင်မှာ ရယ်စရာတွေဖြစ်နေလည်း အရေးမစိုက် တတ်တဲ့သူ၊ သူ့ကိုယ်သူထက် သင်သတိထားမိတာခံရဖို့ကို ပိုဦးစားပေးတတ်သူ…။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • သင်တို့တွေ့တဲ့အခါ သူ့အတွက်လိုအပ်တာတွေကိုမေ့ပြီး သင့်ပျော်ရွှင်မှုအတွက် ပန်းစည်း လေးတွေ ဝယ်လာပေးခဲ့တဲ့သူ…။
  • သင့်အတွက်ဆို နားလည်မှုတွေနဲ့ အမြဲရှေ့ဆက်ဖို့ ကြိုးစားနေတတ်တဲ့သူ…။
  • သင်ပြောသမျှ စကားအသေးအဖွဲလေးကအစ အလေးအနက်နားထောင်ပေးတတ်ပြီး သင့် ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးဖို့ ကြိုးစားတတ်တဲ့သူ…။
  • သင့်နဖူးပေါ် ချွေးလေးစို့နေတာ၊ မျက်နှာမှာ ဝက်ခြံထွက်နေတာ၊ ဆံပင်အဖျားလေးတိ လိုက်တာကအစ သတိထားမိနေတဲ့သူ…။
  • သင့်စိတ်ခံစားမှုနဲ့ အမြင်တွေကို ထပ်တူနားလည်ပေးတတ်ပြီး နားလည်ပေးနိုင်အောင် လည်း အမြဲကြိုးစားနေတတ်သူ…။
  • နှစ်ကာလအကြာကြီးအတူရှိလာပေမဲ့ ရိုးသားမှု၊ သစ္စာရှိမှုနဲ့ ယုံကြည်မှုတွေလျော့မသွားဘဲ ပိုမိုခိုင်မာလာအောင် တည်ဆောက်နိုင်တဲ့သူ…။
  • သင့်ကိုထားသွားဖို့ ဘယ်တော့မှမစဉ်းစားဘဲ သင်က ထားမသွားဖို့လည်း တောင်းပန်တတ် တဲ့သူ…။
  • သင့်ကို ဘယ်လိုအခြေအနေမှာမဆိုချစ်နေနိုင်တယ်ဆိုတာ ပြသနေတဲ့သူ…။
  • သင်နဲ့ ဘယ်တော့မှမခွဲဘဲ ထာဝရအတူရှိသွားချင်တဲ့သူ။ အဲ့ဒီလို အတူရှိခွင့်ရဖို့လည်း အမြဲတမ်းကြိုးစားနေတတ်သူ။

သင်သိရဲ့လား…

အပေါ်က အချက်လေးတွေအားလုံးနဲ့ပြည့်စုံနေတဲ့ယောက်ျားတစ်ယောက်ဆိုတာက သင့်ကို တကယ့်အချစ်စစ်နဲ့ သိပ်ချစ်နေတဲ့သူဆိုတာ။ ပြီးတော့ သူ့ကိုလည်း သင့်ဘဝထဲက ဘယ်တော့မှ လက်လွှတ်ဆုံးရှုံးမခံသင့်ဘူးဆိုတာကိုလေ…။

ကဲ… သင့်မှာလည်း အဲ့ဒီလိုချစ်သူမျိုးပိုင်ဆိုင်ခွင့်ရထားပြီဆိုရင် ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး မိန်းကလေးတွေထဲ ပါဝင်ခွင့်ရထားတာကို ကျေနပ်ဂုဏ်ယူလိုက်ပါ။ သင့်ကို ကံကောင်းသူဖြစ်ခွင့်ပေး တဲ့ သင့်ချစ်သူလေးကိုလည်း mention ခေါ်လိုက်ပါဦးနော်။