မေမေပေးခဲ့တဲ့ ဘဝမှာတမ်းများ

blank
  • ယောက်ျားလေးတစ်ယောက်က ပြစ်သွားတာနဲ့ပဲ ကိုယ့်ကိုယ်ကို သိမ်နုပ်ညံ့ဖျင်းတယ်လို့ မခံစားပါနဲ့။
  • အခြားသူတွေရဲ့ နှိမ့်ချဆက်ဆံမှုကြောင့် သမီးကိုယ်သမီး သေးသိမ်တယ်လို့ မသတ်မှတ်လိုက်ပါနဲ့။
  • သမီးအနားမှာ ဘယ်သူရှိရှိမရှိရှိ လျှောက်လှမ်းနေတဲ့ ဘဝခြေလှမ်းတွေကို မရပ်ပစ်လိုက်ပါနဲ့။
  • သမီးမလုပ်ချင်တဲ့အလုပ်တွေကို ငြင်းဆန်လိုက်မိတဲ့အတွက် မတောင်းပန်ပါနဲ့။
  • ကမ္ဘာကြီးမှာအရာအားလုံးကတော့ ပြောင်းလဲနေမှာပါပဲ။ ဒါပေမဲ့ အကောင်းဘက်ကို မပြောင်းလဲချင်တဲ့သူတွေကို ဇွတ်အတင်းပြောင်းလဲဖို့ မကြိုးစားပါနဲ့။
  • သဘောထားသေးသိမ်တဲ့ ယောက်ျားတစ်ယောက်နဲ့ ဘယ်တော့မှမငြင်းခုံပါနဲ့။
  • ငွေကြေးအခြေအနေတစ်ခုတည်းကို ကြည့်ပြီး ဘဝလက်တွဲဖော်ကို မရွေးချယ်ပါနဲ့။
  • လူတိုင်းကို စိတ်ချမ်းသာအောင်ဖြည့်ဆည်းပေးရင်း သမီးရဲ့ စိတ်ချမ်းသာမှုကို မပျောက်ဆုံးပါစေနဲ့။
  • ငြင်းဆန်တယ်ဆိုတာ တစ်ကိုယ်ကောင်းဆန်တဲ့လူတွေ လုပ်တဲ့အလုပ်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုရင် သမီးအတွက် အကြပ်အတည်းဖြစ်စေတဲ့အရာတွေကို ငြင်းဆန်ဖို့ မကြောက်ရွံ့ပါနဲ့။
  • ဒေါသထွက်ချင်ထွက်ပါ။ ဒါပေမဲ့ မရက်စက်ပါနဲ့။
  • သင်ယူလေ့လာခြင်းကို ဘယ်တော့မှမရပ်တန့်ပစ်ပါနဲ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • သူများတွေရဲ့ အမြင်နဲ့ မိမိကိုယ်ကိုတန်ဖိုးမဖြတ်ပစ်လိုက်ပါနဲ့။
  • တစ်ယောက်တည်းနေရမှာကိုကြောက်ပြီး ဘဝလက်တွဲဖော်ကို မရွေးချယ်ပါနဲ့။
  • မိမိကို မတောင်းပန်တဲ့သူတွေကိုတောင် ခွင့်လွတ်နိုင်ခြင်းဟာ စိတ်ဓာတ်ကြံ့ခိုင်သူတွေရဲ့ အလုပ်ပါ။
  • တစ်ခါတရံမှာ အမှန်တရားထက် အကြင်နာတရားကို ဦးစားပေးရလိမ့်မယ်။
  • သမီးမှာ သူငယ်ချင်းကောင်းလက်တစ်ဖက်စာရှိနေတယ်ဆိုရင်တောင် သိပ်ကိုကံကောင်းတဲ့သူပါ။ သမီးရဲ့လက်တစ်ဖက်ကိုကောင်းကောင်း ဂရုစိုက်ပါ။
  • တိုင်ပင်ဆွေးနွေးဖို့ မိန်းကလေးသူငယ်ချင်းတွေက အရေးကြီးတယ်သလို ကာကွယ်စောင့်ရှောက်ပေးတတ်တဲ့ ယောက်ျားလေးသူငယ်ချင်းတွေကိုလည်း တန်ဖိုးထားပါ။
  • လူတိုင်းမှာရှိနေတဲ့ ကောင်းကွက်တွေကို မြင်အောင်ကြည့်ပါ။
  • သမီးဟာ ထူးခြားတယ်၊လှပတယ် တစ်စုံတစ်ယောက်ကြောင့် သမီးကိုယ်သမီး တန်ဖိုးတွေလျော့ကျသွားအောင်မလုပ်ပါနဲ့။
  • အေးချမ်းမှုကိုရှာချင်တယ်ဆိုရင် စာအုပ်ဖတ်ပါ။
  • လူတစ်ယောက်က ကိုယ့်ကိုမချစ်တာနဲ့ သမီးဟာမချစ်ထိုက်တဲ့သူတစ်ယောက် မဟုတ်ပါဘူး။

သမီးရေ…

လောကမှာ ဘာတွေဘယ်လိုပြောင်းလဲသွားပြီး ဘယ်သူတွေက ဘယ်လိုပဲ ဖြစ်သွားဖြစ်သွား၊ သမီးလေးဘေးနားမှာ မေမေအမြဲရှိနေမယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ သမီးအနေနဲ့ အကောင်းအဆိုးတွေတိုင်ပင်ချင်တဲ့အခါ မေမေရှိနေတယ်ဆိုတာကိုလည်း သတိရပေးပါနော်။

သမီးကိုချစ်တဲ့ မေမေ။