“ ချစ်ခြင်း” ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေးများ…

blank

သင်သိလား…

အချစ်ဆိုတာ လူတိုင်းခံစားတတ်ကြပေမဲ့ အချစ်ကို အဓိပ္ပာယ်မဖွင့်ဆိုတတ်ဘူးဆိုတာ…။ သိပ္ပံ ပညာရှင်တွေက အချစ်ကို ထူးခြားတဲ့ဟော်မုန်းတစ်မျိုးအဖြစ် သတ်မှတ်ကြပြီး ခေတ်အဆက်ဆက်က ကဗျာဆရာတွေကတော့ အလှဆုံးစကားလုံးတွေနဲ့ အချစ်အကြောင်းကို သီကုံးဖွဲ့နွဲ့ကြပါတယ်။

ဒါပေမဲ့ အခုချိန်ထိတော့ ချစ်တတ်သူတိုင်းရဲ့ရင်ထဲမှာ အချစ်ဆိုတဲ့အရာနဲ့ထပ်တူကျတဲ့ စကား လုံးကို ရှာမတွေ့နိုင်ကြသေးပါဘူး။ ကိုယ်နားလည်တဲ့ခံစားမှုအပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ် ယောက်မတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေပဲ ရှိနေကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယနေ့ ဖေ့ဘွတ်ခ်ခေတ်ကြီးမှာ အချစ်နဲ့ပတ်သက်တဲ့ဆိုရိုးစကားတွေကိုလည်း အများကြီးတွေ့ မြင်နိုင်ပါတယ်။ သေချာတာကတော့ ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့သူဖြစ်နေပါစေ၊ အချစ်နဲ့ ပတ်သက် ရင် နူးညံ့လာကြပါတယ်။

အချစ်ကြောင့်ပျော်ရွှင်နေတဲ့လူတွေရှိသလို အချစ်ကြောင့် ကျဆုံးနေတဲ့လူတွေကိုလည်း လော ကကြီးထဲမှာ အများကြီးတွေ့မြင်နိုင်ပါတယ်။ တချို့ဆိုရင် အချစ်ကြောင့်နာကျင်ခံစားပြီး ဘဝတိုးတက် မှုအားလုံးကိုပါ ပျက်သုဉ်းခံလိုက်ကြတာတွေ ရှိပါတယ်။

ပြီးတော့ လူအများစုက အချစ်ကို သဘောကျပေမဲ့ အချစ်နောက်က ကပ်ပါလာတဲ့အခက်အခဲ တွေအတွက် မနာကျင်ချင်ကြပါဘူး။ ဒါပေမဲ့ နာကျင်ရမှာကြောက်လို့ နှုတ်ဆိတ်နေတာ အချစ်မဟုတ် ပါဘူး။ အဲ့ဒါက အကြောက်တရားပါ။ အချစ်ကို အားနည်းစေတဲ့အရာပါ။ အချစ်ကို ရှောင်ကြဉ်ခြင်းပါ။ တကယ်တော့ လောကကြီးမှာ စစ်မှန်တဲ့အရာတွေဆိုတာ ခက်ခဲမှုနဲ့အတူရောက်လာတတ်တာ ဓမ္မတာ ပါပဲ။

ဒါကြောင့် အချစ်နဲ့တွေ့ကြုံတဲ့အခါ အခက်အခဲတွေအတွက် သူရဲဘောကြောင်နေမိတယ်ဆို ရင် ရပ်တန့်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ အခက်အခဲတွေကို ထဲထဲဝင်ဝင် ရင်ဆိုင်ဖြတ်သန်းကြည့် ဖူးမှသာ ဘဝတလျှောက်လုံးအတွက် အမှားမဖြစ်အောင် ကြိုတင်ကာကွယ်ဟန့်တားနိုင်မှာမို့ပါ။ ခက်ခဲ ခဲ့ဖူးတဲ့အချစ်ကသာ တန်ဖိုးရှိတဲ့ကြံ့ခိုင်မှုကို တည်ဆောက်ပေးနိုင်မှာဖြစ်လို့ပါ။

သင်ယုံကြည်ထားတဲ့အချစ်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေးရှိရင်လည်း comment box မှာ မျှဝေ ခဲ့ပါဦးနော်။