အောင်မြင်နေတဲ့သမီးတိုင်းရဲ့နောက်ကွယ်မှာ ပူညံပူညံလုပ်တတ်တဲ့ မေမေတွေရှိကြောင်း လေ့လာတွေ့ရှိရ။

blank
ဂန္ထဝင်ပျိုမေတို့ရေ…

မိခင်တစ်ယောက်ရဲ့ဘဝက မလွယ်ကူလှတာကို အားလုံးသိကြပါတယ်။ တစ်ခါတလေ မေမေ တွေက ကောင်းစေချင်စိတ်နဲ့ သမီးတွေကို ပူညံပူညံလုပ်တဲ့အခါ တချို့က နားညည်းကြပါတယ်။ ဒါပေ မဲ့ အဲ့ဒီလိုပူညံပူညံလုပ်တာက သမီးတွေကို ပိုအောင်မြင်စေတယ်ဆိုတာကို ပညာရှင်တွေက ယနေ့ လေ့လာတွေ့ရှိခဲ့ကြပါပြီ။

မှန်ပါတယ်။ ၂ဝဝ၄ကနေ ၂ဝ၁ဝ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုက အသက် ၁၃နှစ်နဲ့ ၁၄နှစ်အရွယ် မိန်းကလေး ၁၅ဝဝဝ တို့ကိုလေ့လာစမ်းသပ်ခဲ့မှုအရ ပူညံပူညံလုပ်တတ်တဲ့မိခင်တွေရဲ့ သမီးတွေဟာ တခြားသူတွေထက် ဘဝမှာအောင်မြင်ဖို့အခွင့်အရေး ပိုကြီးမားကြတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ အထက်တန်းကျောင်းသူဘဝမှာ အချစ်နဲ့ပတ်သက်တဲ့မှားယွင်းမှုတွေ၊ အနောက် တိုင်းနိုင်ငံရဲ့ ဆယ်ကျော်သက်တချို့ကြုံရလေ့ရှိတဲ့ ဆယ်ကျော်သက်အရွယ်ကိုယ်ဝန်ဆောင်မှုတွေလို နောက်ဆက်တွဲပြဿနာတွေလည်း မိခင်ပူညံပူညံလုပ်တဲ့သမီးတွေမှာ မရှိသလောက်နည်းပါးပါတယ်။

ဒါ့အပြင် မိခင်က အမြဲပူညံပူညံလုပ်တာခံရတဲ့ သမီးတွေဟာ ပညာရေးလည်း ဆုံးခန်းတိုင်ကြ ပြီး အလုပ်လက်မဲ့ဖြစ်မှုနှုန်းလည်း နည်းပါးလှပါတယ်။ ပြီးတော့ ဘဝအရေးနဲ့အိမ်ထောင်ရေးမှာလည်း အမှားအယွင်းနည်းပါးကာ ရွေးချယ်မှုမှန်ကန်ပြီး ဘဝခရီးလမ်းဖြောင့်တန်းစွာ လျှောက်လှမ်းခွင့်ရကြ တဲ့သူတွေများပါတယ်။

ကဲ… ဂန္ထဝင်ပျိုမေတို့ရေ…

သင့်မှာလည်း သင့်ရှေ့ရေးအတွက်ပူပန်စိတ်နဲ့ အမြဲပူညံပူညံလုပ်တတ်တဲ့မေမေရှိတယ်ဆိုရင် သင့်မေမေကို မငြူစူပါနဲ့နော်။ သင့်ကို ပိုအောင်မြင်စေချင်လို့ မေတ္တာ၊ စေတနာအပြည့်နဲ့ ပူညံပူညံ ပြောဆိုဆုံးမသွန်သင်နေတဲ့ မိခင်ကိုပိုင်ဆိုင်ခွင့်ရထားတဲ့ဘဝကို ဂုဏ်ယူရင်း၊ မေမေ့အချစ်တွေကို လည်း နားလည်ရင်းနဲ့ အောင်မြင်တဲ့သမီးတစ်ယောက်ဘဝကို လှမ်းတက်လိုက်ပါ။

တိုက်ဆိုင်မှုလေးတွေရှိရင် comment box မှာ သင့်မေမေကို ကျေးဇူးတင်စကားလေးပြော ခဲ့ဖို့လည်း မမေ့ပါနဲ့နော်။