ချစ်ခင်ပွန်းရဲ့ပွေ့ဖက်ခြင်းက ဇနီးသည်ကို ဘယ်လိုခွန်အားသစ်တွေရရှိစေနိုင်သလဲ

blank

ခင်ပွန်းသည်ရဲ့ချစ်ခင်ကြင်နာစွာပွေ့ဖက်ခြင်းက ဇနီးမယားတွေရဲ့ဘဝမှာ ဘယ်လောက် အ ရေးပါသလဲ။

ခင်ပွန်းသည်က ဇနီးသည်ကို ချစ်ခင်ကြင်နာစွာ ပွေ့ဖက်လိုက်တဲ့အခါ ထူးဆန်းတဲ့စက်ဝန်း လေးတစ်ခု စတင်ပေါ်ပေါက်လာပါတယ်။ အဲ့ဒီစက်ဝန်းက အချစ်၊ အကြင်နာနဲ့ လုံခြုံနွေးထွေးမှုတွေနဲ့ တည်ဆောက်ထားတဲ့ နှစ်ဦးသားသီးသန့်မေတ္တာစက်ဝန်းလေးဆိုလည်း မမှားပါဘူး။ ခင်ပွန်းသည်က သူမကို ရင်ခွင်ထဲထည့်ပြီး ပွေ့ဖက်လိုက်တဲ့အခါ သူမက စက်ဝန်းရဲ့အလယ်တည့်တည့်ကို ရောက် သွားပါတယ်။ စကားတစ်ခွန်းမှမဆိုဘဲ ဆုပ်ကိုင်လိုက်တဲ့လက်ဖျားလေးတွေကတဆင့် ဖြတ်သန်းစီး ဆင်းလာတဲ့ ငြိမ်းချမ်းနွေးထွေးတဲ့ခံစားမှုက နှစ်ယောက်လုံးကို ညင်သာစွာလွှမ်းခြုံသွားတဲ့အခါ…

ချစ်ခင်ပွန်းရဲ့ကြင်နာတဲ့ပွေ့ဖက်မှုက သူမကို လှပတဲ့အတောင်ပံလေးတွေ တပ်ဆင်ပေးလိုက် သလို…

အဲ့ဒီအတောင်ပံတွေနဲ့ ဟိုး…အမြင့်ဆုံးအထိ ပျံသန်းဖို့ခွန်အားသစ်တွေရရှိလိုက်သလိုမျိုး သူမ ခံစားရတယ်။ သူမအတွက်တော့ ဘဝမှာလုံခြုံနွေးထွေးဆုံး၊ စိတ်လက်ရွှင်လန်းဆုံး၊ အချိုမြိန်ဆုံးအချိန် လေးပါပဲ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူမရဲ့ဖြစ်တည်မှု၊ သူမရဲ့မာနတရားတွေအားလုံး ခင်ပွန်းသည်ရဲ့ရင်ခွင်အောက်မှာ တဒင်္ဂမျှ ပုန်းကွယ်သွားတယ်။ ပေါ့ပါးတဲ့ခြုံလွှာတစ်ခုက သူမပုခုံးပေါ် လွှမ်းခြုံပစ်လိုက်သလိုမျိုး လွတ်လပ်ပေါ့ ပါးမှုနဲ့အတူ အေးချမ်းလှတဲ့သီးခြားကမ္ဘာတစ်ခုကိုခေါ်ဆောင်သွားခံရသလို ပျော်ရွှင်နေတယ်။ ခင်ပွန်း သည်ရဲ့ ခိုင်မာမြဲမြံတဲ့လက်မောင်းတွေက သူမရဲ့အကာအကွယ်၊ သူမရဲ့တည်မှီရာပါ။ အဲ့ဒီအခိုက် အတန့်ဟာ သူမအတွက်တော့ ဘာနဲ့မှမလဲနိုင်တဲ့ လုံခြုံနွေးထွေးဆုံး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ဝဆုံးအချိန်လေးပါပဲ။

ဒီတော့ ခင်ပွန်းသည်တို့ရေ… ဇနီးသည်ကို မကြာခဏပွေ့ဖက်ပေးပါနော်။ သူမကို ရင်ခွင်ထဲ ထည့်ပြီး ပွေ့ဖက်ပေးခြင်းက သူမအပေါ်ကြင်နာမှုတွေ၊ အချစ်တွေကို ဖော်ပြတာနဲ့အတူတူပါပဲ။ ဆင်း ရဲရဲ၊ ချမ်းသာသာ ဇနီးမယားတိုင်း ခင်ပွန်းသည်ဆီက တူညီစွာလိုချင်ကြတာကတော့ ချစ်ခင်ကြင်နာမှု ပါပဲ။ ဒါကြောင့် စိတ်တူကိုယ်တူနဲ့ အေးချမ်းသာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဇနီး သည်ကို တန်ဖိုးကြီးလက်ဆောင်တွေပေးနေရုံနဲ့ မလုံလောက်ပါဘူး။ ချစ်ခင်ကြင်နာမှုတွေနဲ့ မကြာ ခဏပွေ့ဖက်ပေးဖို့လည်း အရေးကြီးပါတယ်လို့ ခင်ပွန်းသည်တို့ကို မျှဝေတိုက်တွန်းလိုက်ပါရစေနော်။

ကဲ… ခံစားချက်လေးတွေတိုက်ဆိုင်တယ်ဆိုရင် သင့်လက်တွဲဖော်ကို mention ခေါ်လိုက်ပါဦးနော်။