အိမ်ထောင်ရေးတည်မြဲဖို့ ချက်ချင်းဖြေရှင်းသင့်တဲ့ ပြဿနာများ

blank

၁။ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ပြဿနာ

ယုံကြည်မှုဆိုတာ အိမ်ထောင်တစ်ခုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ မဖြေရှင်းတဲ့ပြဿနာတွေ၊ အထင်လွဲမှုတွေက ယုံကြည်မှုကို ပျက်ပြားစေနိုင်ပါတယ်။ ယုံကြည်မှုကို ပျက်ပြားစေနိုင်တဲ့ ပြဿနာတွေ ကြုံလာရရင် အရိုးသားဆုံး ဝန်ခံပါ၊ အပွင့်လင်းဆုံးဖြေရှင်းပါ။ လုံးဝ မုသားစကားမပြောပါနဲ့။ မဖြစ်မနေ အခြေအနေမှာတောင် မုသားစကားမပြောမိပါစေနဲ့။

၂။ ငွေရေးကြေးရေးပြဿနာ

ငွေရေးကြေးရေးနဲ့ ပက်သတ်ပြီး အငြင်းပွားစရာတွေ ရှိလာခဲ့ရင် ရန်ဖြစ်ငြင်းခုံတာထက် အေးအေးဆေးဆေးထိုင်ပြီး ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ရှာသင့်ပါတယ်။ ကိုယ့်အမှားကို အရိုးသားဆုံးဝန်ခံပါ။ ကိုယ့်မှာ ရှိနေတဲ့အကြွေးတွေ၊ ပေးစရာရှိနေတာတွေကို အိမ်ထောင်ဖက်ကို မခြွင်းမချန်ပြောပြပါ။ ဝင်ငွေတွေကို သေသေချာချာစီမံပြီး စနစ်တကျသုံးစွဲဖို့ တိုင်ပင်ပါ။ ငွေစုပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အိမ်မှုကိစ္စလုပ်ဆောင်ခြင်းပြဿနာ

အိမ်အလုပ်တွေကို တစ်ယောက်တည်းသိမ်းကျုံးလုပ်ရတာလောက် ပင်ပန်းတဲ့အလုပ် အိမ်ရှင်မတွေမှာ မရှိပါဘူး။ တစ်ယောက်တည်းမျိုသိပ်ပြီး ဒီလိုပင်ပန်းမှုတွေကို တစ်ယောက်တည်း ခံစားနေမယ့်အစား ခင်ပွန်းသည်ကိုပါ အိမ်အလုပ်ကူလုပ်ပေးဖို့ စည်းရုံးပါ။ ဒါမှမဟုတ်လည်း အိမ်အကူတစ်ယောက် ရှာလိုက်ပါ။

သင့်အိမ်ထောင်ဖက်ကို mention ခေါ်ပြီး ဖတ်ခိုင်းလိုက်ပါဦး။ ဒါမှမဟုတ်လည်း SHARE ပြီး ဖတ်ခိုင်းလိုက်ပါ။