တစ်ဖက်သတ်အချစ်ကြောင့် ရလာတဲ့သင်ခန်းစာများ

blank

မိမိချစ်တဲ့သူနဲ့ မိမိကိုချစ်တဲ့သူ ထပ်တူကျဖို့ဆိုတာ လွယ်သယောင်နဲ့ခက်သလိုပဲ တစ်ခါတလေမှာ မိမိကိုမချစ်တဲ့သူတစ်ယောက်ကို နင့်နင့်သီးသီးချစ်မိတတ်ကြပါတယ်။ အဲဒီအချိန်မှာ နှလုံးသားလေးလံပြီး အချစ်တွေထမ်းပိုးထားရတာကလည်း ပူလောင်လှပါတယ်။ တကယ်တော့ ပရိသတ်ကြီးရေ… အရာရာတိုင်းမှာ ယူတတ်ရင် သင်ခန်းစာရှိတယ်လို့ဆိုကြသလိုပဲ တစ်ဖက်သတ်အချစ်မှာလည်း ဘဝအတွက် အသုံးဝင်တဲ့သင်ခန်းစာတွေရှိနေပါတယ်။ ဖွင့်ပြောပြလို့မရတဲ့သူတစ်ယောက်ကို ကြိတ်ပြီး Crush နေတဲ့သူတွေရှိတယ်ဆိုရင် သူတို့တွေခံစားရမယ့် အကျိုးကျေးဇူးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်

၁။ ချစ်သူနဲ့ ခွဲခွာနေရတဲ့ သောကနဲ့  နေသားကျလာတဲ့အတွက် နှလုံးသားဟာ ပိုပြီးတော့ သန်စွမ်းလာတယ်။

၂။ နာကျင်ခြင်းဆိုတာဟာလည်း ခဏတာသာရှိနေနိုင်တဲ့ ဒုက္ခတစ်ခုဆိုတာ နားလည်လာတယ်။

၃။ သူဟာမိမိကို မချစ်နိုင်ဘူးဆိုတာ နားလည်လာပြီးတဲ့နောက် အမှန်တရားကို လက်ခံလာနိုင်တဲ့အတွက် အမြင်တွေပိုပြီးကြည်လင်လာတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အချစ်ဆိုတာ လုယူလို့မရ၊တောင်းခံလို့ရတဲ့အရာတစ်ခု မဟုတ်ဘူးဆိုတာကို သဘောပေါက်လာတယ်။ အချစ်ကိုလည်း ပိုပြီးတော့တန်ဖိုးထားတတ်လာတယ်။

၅။ မိမိမျှော်လင့်နေတဲ့သူဆီက အချစ်ကိုမရပေမယ့် မိမိဟာအချစ်နဲ့ထိုက်တန်တဲ့သူဆိုတာကို နားလည်လာတယ်။

၆။ မိမိစိတ်ကို စိတ်တိုင်းကျပြင်ဆင်ဖို့ သတိထားတတ်လာတယ်။

၇။ ချစ်တဲ့သူအကြောင်းတစ်ချိန်လုံးစဉ်းစားနေမယ့်အစား မိမိရည်မှန်းချက်တွေကိုလည်း ချမှတ်တတ်လာတယ်။

၈။ မချစ်ထိုက်တဲ့သူကို ဆက်ပြီးဖက်တွယ်မထားတော့ပဲ မိမိအချစ်နဲ့ ထိုက်တန်သူကို ရှာဖွေတတ်ဖို့ လိုတယ်ဆိုတာကို နားလည်လာတယ်။

၉။ အသည်းကွဲမှာလည်း မကြောက်တော့ဘူး။

၁ဝ။ မဖြစ်နိုင်တဲ့ ဆန္ဒတွေကို ဖက်တွယ်ထားတာဟာ မိမိကိုယ်မိမိနှိပ်စက်ရာကျတယ်ဆိုတာကို သဘာပေါက်လာတယ်။

၁၁။ မိမိကိုယ်ကို မိမိပိုတော်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားတတ်လာတယ်။

၁၂။ မိမိနဲ့အမှန်တကယ်သင့်တော်တဲ့ချစ်သူတစ်ယောက်ရဲ့ အရည်အချင်းတွေကို သေချာသိလာမယ်။

၁၂။ နောက်ဆုံးမှာတော့ မိမိကိုယ်ကိုအရှိအတိုင်းနေတတ်အောင် အချစ်ဆိုတဲ့အရာကို သင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တတ်လာတယ်။

တစ်ဖက်တည်းချစ်တဲ့ တစ်ဖက်သတ်အချစ်ပေမဲ့ အချစ်ကပေးတဲ့သင်ခန်းစာတွေကိုယူပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေကိုတည်ဆောက်နိုင်ကြစေဖို့ ဆန္ဒပြုရင်းဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။