နတ်သမီးပုံပြင်တွေထက် ခမ်းနားတဲ့အချစ်ရေးကို ပိုင်ဆိုင်ဖို့ဆိုရင်

blank

“မြင်းဖြူကြီးစီးလာတဲ့ မင်းသားလေးက မင်းသမီးကိုရန်သူလက်တွင်းကနေကယ်ဆယ်ပြီး ချစ်မိသွားကြ၊ ပျော်ရွှင်စွာပေါင်းဖက်သွားကြလေသတည်း” ဆိုတဲ့ နတ်သမီးပုံပြင်တွေကို ကျွန်မတို့ငယ်ငယ်က ညအိပ်ရာဝင်ပုံပြင်တွေအဖြစ်နားထောင်ခဲ့ကြရတယ်။ ဖန်ဖိနပ်လေးကို အခြေခံပြီး အချစ်စစ်ကိုတွေ့သွားခဲ့တဲ့ Cindrella လေးကနေ ဆံပင်ရှည်လျားလှပတဲ့ Rupenzel မင်းသမီးလေးအကြောင်းအထိ ပုံပြင်လေးတွေကို မက်မောစွာ နားထောင်ရင်း အချစ်စစ်နဲ့ ချစ်မိသူတိုင်းရဲ့ အဆုံးသတ်ဟာ “The End ” မှာ ပြီးဆုံးသွားလိမ့်မယ်လို့ ကျွန်မယုံမှားခဲ့ဖူးတယ်။

ဒါကြောင့် ကျွန်မဘဝမှာလည်း မင်းသားလေးတစ်ယောက် ရောက်လာလိမ့်မယ်လို့မျှော်လင့်ခဲ့မိတယ်။  ဒါပေမဲ့ကျွန်မကြုံတွေ့ခဲ့ရတဲ့ အချစ်မှာ ရှုပ်ထွေးမှုတွေ၊ ပြဿနာတွေ၊ သဘောထားကွဲလွဲမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။  ဒါနဲ့ပဲ ကျွန်မဟာ”အချစ်ဆိုတာနတ်သမီးပုံပြင်တွေလို မချိုမြိန်ဘူး” ဆိုတဲ့ စကားကိုတွင်တွင်သုံးပြီး အချစ်စစ်ဆိုကို မယုံကြည်တဲ့ စိတ်တွေဖြစ်လာတော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင်သိလား… ပရိသတ်ကြီးရေ…. ကျွန်မတို့အများစုဟာ facebook မှာ သိပ်ချစ်ကြောင်း status တင်ရုံ၊ couple photo တွေမှန်မှန်တင်ရုံနဲ့ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြောင်းပြသဖို့ လုံလောက်ပြီလို့ ထင်နေတတ်ကြတယ်။ မိမိဖက်ကအချစ်စစ်အတွက် အားထုတ်တာနည်းပြီး  အချစ်စစ်မရှိဘူးလို့ တွင်တွင်ငြင်းနေတတ်ကြတယ်။

နတ်သမီးပုံပြင်တွေမှာ ချစ်သူနဲ့ပျော်ရွှင်စွာပေါင်းဖက်တာအပြင် အချစ်စစ်အတွက်ပေးဆပ်မှုတွေကို ကျွန်မတို့သိမထားမိကြဘူး.။ အဆုံးသတ်မှာပျော်ရွှင်ရဖို့ ရုန်းကန်လှုပ်ရှားတဲ့အရာတွေကိုမမြင်တတ်ကြဘူး။ တစ်ခါတလေမှာ ကျွန်မတို့ရဲ့အဆင်မပြေတဲ့အချစ်ရေးရဲ့ ဗီလိန်ဟာကျွန်မတို့ကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကို ကျွန်မတို့ မသိကြဘူး။ တကယ်တော့ အချစ်ဆိုတာ အချစ်ပါပဲလေ။ အချစ်ကိုတည်ဆောက်နေတဲ့ ကျွန်မတို့လူသားတွေ နည်းမမှန်တာနဲ့ပဲ အချစ်က မကောင်းဘူးဆိုတဲ့ စကားပေါ်ထွက်လာလေသလား။

တကယ်တော့ အချစ်စစ်ရဲ့ အဆုံးသတ်ဟာ နတ်သမီးပုံပြင်တွေလို “ပြီးပါပြီ” ဆိုတဲ့ စာတမ်းလေးတစ်ခုမှာ အဆုံးသတ်မသွားပါဘူး။ အချစ်စစ်ကိုတွေ့ဖို့ ခံစားချက်အစစ်တွေရင်းပြီး၊ ဂရုစိုက်မှုတွေကိုချခင်းပေူအချစ်စစ်မှာ နတ်သမီးပုံပြင်တွေကလို ခမ်းနားတဲ့အရာတွေပါပေမယ့် “ပျော်ရွှင်စွာပေါင်းဖက်ကြလေတော့သတည်း” ဆိုတဲ့ စကားအတွက် ချစ်သူနှစ်ယောက်လုံးတစ်သက်တာလုံး ကြိုးစားတည်ဆောက်ကြရမယ့် အရာပဲဖြစ်သင့်ပါတယ်။

သင့်ရဲ့အမြင်လေးတွေကိုလည်း မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။