လူတိုင်း အချစ်ရှေ့မှောက် သုံးခေါက်တော့ရောက်ဖို့ အခွင့်အရေးရကြပါတယ်။

blank

          ဂန္ထဝင်စာဖတ်ပရိသတ်တွေထဲမှာ မချစ်တတ်တဲ့သူပါလား။ လူပျိုကြီး အပျိုကြီးတွေတောင်မှ မချစ်ဖူးပါဘူးလို့ဆိုခဲ့ရင် ယုံဖို့မဖြစ်နိုင်တဲ့ ကိစ္စပဲနော်။ စိုင်းထီးဆိုင်ရဲ့ သီချင်းလေးအတိုင်းပြောရရင် “လူတိုင်းအချစ်နဲ့မကင်းကြဘူး” မဟုတ်လား။ ကျွမ်းကျင်သူတွေကတော့ လူတိုင်းရဲ့ဘဝမှာ အချစ်ကိုမြည်းစမ်းဖို့ အခွင့်အရေးသုံးခါရရှိနိုင်တယ်လို့ ဆိုကြပါတယ်။ စာဖတ်ပရိသတ်ကြီးရဲ့ ဘဝမှာကော အဲဒီအခွင့်အရေးတွေရောက်လာခဲ့လားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါဦး။

(၁) ဆယ်ကျော်သက်အချစ် (သို့မဟုတ်) အချစ်ဦး

ဆယ်ကျော်သက်ဘဝရဲ့ ကနဦးအချိန်မှာ နတ်သမီးပုံပြင်တွေသမျှ ခမ်းနားလှပတဲ့ အချစ်မျိုးဟာ လူတိုင်းရဲ့ဘဝမှာ အလည်ရောက်လာတတ်ကြပါတယ်။ သစ်ရွက်ကလေးလှုပ်ရင်တောင် ရင်ခုန်ချင်တဲ့ အဲဒီအရွယ်မှ အချစ်ဆိုတာဘဝလောက်နီးပါးအရေးကြီးတယ်လို့ ထင်တတ်ကြတာကြောင့် ဆယ်ကျော်သက်အချစ်ဟာ ပေးဆပ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီစာလေးကိုဖတ်ရင်း မြေးဦးရရင်တောင် မမေ့နိုင်မယ့် အချစ်ဦးရဲ့ မျက်နှာကိုမြင်ယောင်နေပြီလား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

(၂) ဒုတိယအချစ် (သို့မဟုတ်) ရှုပ်ထွေးပွေလီတဲ့ အချစ်

ဆယ်ကျော်သက်အချစ်ရဲ့ အတွေ့အကြုံနဲ့ ရင့်ကျက်တည်ငြိမ်တဲ့အရွယ်ပေါင်းထားတဲ့ ဒုတိယအချစ်မှာ စိတ်ကူးယဉ်ဆန်တာတွေမပါတော့ပါဘူး။ အချစ်မှာ လက်တွဲဖို့ဆိုတဲ့ အကြောင်းအရာတွေပါလာပြီး တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်ဖို့လည်းကြိုးစားလာတာကြောင့် ကတောက်ကဆလေးတွေလည်း ပါလာတဲ့အချစ်မျိုးပါ။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်ပြီး လမ်းခွဲပြတ်စဲလိုစိတ်တွေမကြာခဏဖြစ်မိတတ်တဲ့ အချစ်မျိုးပါ။ သစ္စာတရားတွေ၊ လောကသဘောတရားတွေကို ပိုပြီးနားလည်လာတဲ့အတွက် အချစ်နဲ့အတူ ခံစားချက်မျိုးစုံရောပြွမ်းနေတဲ့ အချစ်မျိုးကို သင်လည်းကြုံဖူးလား။

 (၃) ရင့်ကျက်တည်ငြိမ်တဲ့အချစ် (သို့မဟုတ်) နောက်ဆုံးအချစ်

မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေမထားတတ်တဲ့ ဒီအချစ်ဟာ လက်တွေ့ကျပြီး တည်ငြိမ်လှပါတယ်။ ချစ်သူနဲ့ နေ့စဉ်ရက်ဆက်ချိန်းတွေ့ဖို့ထက် အနာဂတ်ဘဝတွေအတွက် တိုင်ပင်တတ်လာပါတယ်။ ဦးနှောက်ရဲ့ လွှမ်းမိုးမှုတွေများလာတဲ့အဲဒီအချစ်မျိုးဟာ မူယာမာယာပိုတာတွေ၊ ရိုမန်းတစ်ဆန်တာတွေနည်းပါးပြီး လက်တွေ့ကျတဲ့အချစ်မျိုးပဲဖြစ်ပါတယ်။

ပရိသတ်ကြီးကော ဘယ်အရွယ်မှာ ဘယ်လိုအချစ်မျိုးတွေကို တွေ့ရှိခံစားခဲ့ဖူးလဲ။