အသည်းတစ်ခြမ်းသို့ ကျေးဇူးတင်လွှာလေးတစ်စောင်

blank
Smiling young couple holding hands and looking at each other

ချစ်ရတဲ့သူရေ….

အကောင်းအဆိုးတွေတိုင်းကို ကျွန်မနဲ့အတူ မျှဝေခံစားစေခဲ့တဲ့အတွက် ရှင့်ကိုကျွန်မဘယ်လိုပြောရမှန်းတောင်မသိပါဘူး။ ချစ်သူအချင်းချင်း ကျေးဇူးတင်စရာမလိုဘူးလို့ ရှင်ပြောမှာကို ကျွန်မသိပေမယ့်

  • ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးစေခဲ့တဲ့အတွက်
  • မေတ္တာနဲ့ယှဉ်ပြီးဖြစ်ပေါ်လာတဲ့ နွေးထွေးတဲ့ စကားလေးတွေအတွက်
  • တစ်နေ့ပြီးတစ်နေ့ရှင့်ကိုပိုပိုတိုးပြီးချစ်စေခဲ့တဲ့အတွက်
  • ကျွန်မအပေါ်ထားခဲ့တဲ့ စိတ်ရှည်မှုတွေအတွက်
  • ကျွန်မကိုယ်ကျွန်မတောင် နားလည်ရခက်ခဲတဲ့အချိန်တွေမှာ ကျွန်မကိုဖေးမမှုတွေအတွက်
  • ကျွန်မရှေ့ရောက်လာမယ့်ရန်စွယ်တွေတိုင်းကို ကာကွယ်ပေးခဲ့တဲ့အတွက်
  • အချစ်တစ်ခုမှာ မျက်ရည်တွေ၊ ငြင်းခုံမှုတွေလည်း ပါဝင်ပေမယ့် အချစ်တွေလျော့မသွားဘူးဆိုတာ ကျွန်မကိုနားလည်စေခဲ့တဲ့အတွက်

ရှင့်ကိုကျေးဇူးတင်ပါတယ်နော်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မလေ…. ကျွန်မရှင်နဲ့ရန်ဖြစ်ငြင်းခုံတာကို ရပ်ပစ်မှာမဟုတ်သလို ရှင့်လက်ကိုလည်း ဘယ်တော့မှလွှတ်ပစ်မှာ မဟုတ်ဘူးဆိုတာကို ကတိပေးပါတယ်။

ကျွန်မတို့ဘဝမှာ ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်မတို့ကြားမှာ သစ္စာတရားတွေရှိနေသေးသရွေ့ ကျွန်မရှင့်ဘေးမှာ အမြဲတမ်းရှိနေပေးပါ့မယ်။ ဘဝမှာ မုန်တိုင်းတွေရောက်လာခဲ့ရင်လည် ချစ်ခြင်းတွေတည်ရှိနေသရွေ့ ကျွန်မရှင်နဲ့အတူ ရင်ဆိုင်ပေးပါ့မယ်။ ရှင့်ရဲ့အားနည်းချက်တွေကိုလည်း ရှင့်ရဲ့ချစ်ခြင်းတွေကို မြတ်နိုးသလို အသာအယာနမ်းရှိုက်နှစ်သိမ့်ပေးမယ်။ ဘယ်သူတွေ ဘယ်လိုသွေးခွဲခွဲ ကျွန်မတို့မခွဲဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့…..

ရှင်ကကျွန်မရဲ့ ကိုယ်ပိုင်အရည်အသွေးတွေကို မြင့်တင်ပေးခဲ့ပြီး လောကကြီးမှာအချစ်စစ်တကယ်ရှိတယ်ဆိုတာကို နားလည်စေခဲ့တယ်။ ရှင်လည်း ကျွန်မလက်ကိုအခုလိုပဲ မြဲမြံစွာကိုင်ထားပေးပါ။ ကျွန်မလည်းရှင့်လက်ကို နောက်ဆုံးအချိန်ထိတွဲထားပေးမယ်လေ။ ကျွန်မပေးနိုင်တဲ့ သစ္စာတရားနဲ့ ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာကို အပြည့်အဝပေးမယ်။ ရှင့်ဆီကလည်း အဲဒါတွေကလွဲပြီး ဘာမှမလိုချင်ဘူးနော်။ ရှင်ကကျွန်မရဲ့ပျော်ရွှင်မှုဖြစ်သလို ကျွန်မကလည်းရှင့်ရဲ့အပြုံးဆိုတာကို နားလည်စေခဲ့တဲ့အတွက် ရှင့်ကိုကျေးဇူးတင်ပါတယ်။

ကျွန်မကို ကံကောင်းတယ်လို့ ခံစားစေခဲ့တဲ့အတွက် အမြဲတမ်းကျေးဇူးတင်နေမယ့်

ရှင့်ရဲ့ အသည်းတစ်ခြမ်း

သင့်ချစ်သူကိုပြောချင်တာတွေနဲ့ တူနေခဲ့ရင် SHARE ပေးလိုက်ပါဦးနော်။