ချစ်သက်တမ်းကြာပေမယ့် ချစ်စကလို ရင်ခုန်သံလေးတွေပျိုမြစ်နေစေဖို့

blank

          ချစ်သူစုံတွဲတွေဟာ ချစ်သက်တမ်းကြာလာတဲ့အခါ ချစ်စခင်စကလို ကြင်ကြင်နာနာစကားလေးတွေပြောတာ၊ တကူးတကချိန်းတွေ့တာမျိုးလေးတွေက နည်းပါးလာတတ်ကြပါတယ်။ အချစ်သစ်ပင်ဆိုတာကလည်း အမြဲရေလောင်းပေါင်းသင်ပေးနေဖို့ အရေးကြီးတယ်မဟုတ်လား ပရိသတ်ကြီးရေ…။ ဒါကြောင့် သက်တမ်းကြာလာတဲ့ အချစ်ငှက်တွေအနားယူမယ့် အချစ်သစ်ပင်လေးကို အမြဲလတ်ဆတ်စိမ်းလန်းနေစေမယ့် နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ပျော်ပွဲစားထွက်ပါ။

ရာသီဥတုသာယာတဲ့ရက်တွေမှာ ချစ်သူလက်ကိုတွဲပြီး ပျော်ပွဲစားထွက်တာလောက် ကြည်နူးစရာကောင်းတဲ့အရာမရှိပါဘူး။ ချစ်သူနဲ့ချိန်းတွေ့ရင်း အပန်းလည်းဖြေနိုင်သေးတယ်ဆိုတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ် ချိန်းတွေ့နည်းလေးပေါ့။

၂။ ပုံတူပန်းချီဆွဲပါ။

ချစ်သူတိုင်းအတွက် စုံတွဲဓာတ်ပုံရိုက်တာက မထူးဆန်းတော့တဲ့ခေတ်မှာ ပုံတူပန်းချီဆွဲတာက အတူတူရှိနေချိန်တွေကို ပိုမိုကြာရှည်စေပါတယ်။ ချစ်သူနဲ့အတူ ငြိမ်သက်စွာ ပို့စ်ပေးနေရတဲ့ အခိုက်အတန့်လေးဟာ နှစ်ဦးသားအတူရှိနေချိန်တွေကို ပိုမိုချိုမြိန်စေပါတယ်။

၃။ ကာရာအိုကေ အတူတူဆိုပါ။

ချစ်သူကိုပြောချင်တဲ့စကားလေးတွေကို သီချင်းလေးတွေကနေတဆင့် သီကျူးခွင့်ရသလို နှလုံးသားချင်းလည်းချိတ်ဆက်ပေးနိုင်ပါတယ်။

၎။ ဟင်းအတူချက်စားပါ။

ချစ်သူနဲ့အတူ စားသောက်ဆိုင်တွေမှာ သွားဝယ်စားတာက လွယ်ပေမဲ့ ချစ်သူနှစ်သက်တဲ့ ဟင်းတွေကို အတူချက်စားတာဟာ နှစ်ကိုယ်တူတည်ဆောက်ကြမယ့် အနာဂတ်ဘဝကို တွေးကြည့်ရင်း ရင်ခုန်လှိုက်ဖိုစေပါတယ်။

၅။ အကသင်တန်း အတူတက်ပါ။

ကကွက်တွေကို သင်ယူတာဟာ ကျန်းမာရေးကောင်းမွန်စေသလို စိတ်ဖိစီးမှုတွေကိုလည်းလျော့ကျစေပါတယ်။ ချစ်သူကလည်း ဘေးနားမှာရှိနေသေးတယ်ဆိုတော့ နှလုံးကျန်းမာရေးက ပိုကောင်းပြီပေါ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ဂိမ်းတွေအတူတူကစားပါ။

ကလေးဘဝက ကစားခဲ့တဲ့ ဂိမ်းလေးတွေကို ချစ်သူနဲ့ကစားခြင်းဟာ နှလုံးသားကို ပျိုမြစ်စေပြီး ရင်ခုန်သံတွေကို နုပျိုစေပါတယ်။

၇။ သည်းထိတ်ရင်ဖိုကားတွေ အတူတူကြည့်ပါ။

ချစ်သူကြောက်ရွံ့ထိတ်လန့်တဲ့အခါ သင့်လက်ကိုအားကိုးတကြီးဆုပ်ကိုင်မယ့် ခံစားမှုကို ပိုင်ဆိုင်ဖို့အတွက် ချစ်သူနဲ့အတူ သည်းထိတ်ရင်ဖိုကားတွေအတူတူကြည့်ပါ။

၈။ ကြယ်တွေကိုအတူကြည့်ပါ။

ကြယ်လေးတွေကို ငေးမောကြည့်တာဟာ စိတ်ကူးယဉ်ဆန်သလို ကြည်လင်တဲ့ကောင်းကင်က မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေးတွေဟာ သင့်ရဲ့ချစ်ခြင်းတွေကို ခံစားချက်တစ်မျိုးနဲ့ လင်းလက်စေမှာပါ။

၉။ ကမ်းခြေမှာ လမ်းအတူတူလျှောက်ပါ။

ချစ်သူလက်ကိုတွဲပြီး ကမ်းခြေတစ်လျှောက် လမ်းလျှောက်ကြည့်လိုက်တဲ့အခါ ပင်လယ်ပြင်ရဲ့အလှဟာ ရင်ခုန်သံတွေကို ပိုမိုချိုမြိန်စေတယ်ဆိုတဲ့ စကားကိုလက်တွေ့သိလာမှာပါ။

၁ဝ။ ကားပတ်မောင်းပါ။

ချစ်သူနဲ့အတူ သီချင်းလေးတွေဖွင့်ပြီး ကားပတ်မောင်းတာဟာ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းသလို စိတ်ကိုလည်းအပြောင်းအလဲတွေဖြစ်စေပါတယ်။ သီချင်းသံကို အကျယ်ကြီးမဖွင့်မိဖို့နဲ့ ကားကိုသတိကြီးကြီးမောင်းဖို့တော့ လိုအပ်မယ်နော်။

ပရိသတ်ကြီးရေ…

နည်းလမ်းလေးတွေအားလုံးကို လိုက်လုပ်ကြည့်ဖို့ မဖြစ်နိုင်ရင်တောင် လက်ကမ်းမှီရာနည်းလေးတွေကို အသုံးချကြည့်ဖို့လိုမယ်နော်။ အချစ်သစ်ပင်လေးကို ရေလောင်းပေါင်းသင်ရင်း ချစ်သူနှစ်ဦးခိုလှုံနိုင်မယ့် အချစ်သစ်ပင်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ သင့်ချစ်သူသိစေဖို့ SHARE ပေးလိုက်ပါဦးနော်။