မိဘမေတ္တာကို လုံလုံလောက်လောက်မရတဲ့ကလေးတွေမှာ စိတ်ဖိစီးမှုတွေဖြစ်တတ်ပါတယ်

blank

          ဘယ်လိုကလေးတွေမှာ စိတ်ဖိစီးမှုတွေ များတတ်တာလဲ။ အထူးသဖြင့် မိဘတွေနဲ့ ကင်းကွာတဲ့ ကလေးတွေ၊ မိဘမေတ္တာကို လုံလုံလောက်လောက်မရတဲ့ကလေးတွေမှာ အမြဲလိုလို စိတ်ဖိစီးမှုတွေများနေတတ်ပါတယ်။ ဒီအချက်ကို အတည်ပြုဖို့ သိပ္ပံပညာရှင်တွေက မွေးကင်းစမျောက်ကလေးတွေကို အသုံးပြုပြီး စမ်းသပ်ခဲ့ကြပါတယ်။

ဒီစမ်းသပ်မှုကို ပြုလုပ်ဖို့ မွေးကင်းစမျောက်ငယ်လေးတွေကို အုပ်စုနှစ်ခုခွဲလိုက်တယ်။ ပထမတစ်ဝက်ကို အမျိုးမတော်တဲ့ မျောက်ကြီးတွေကြားမှာ ထားလိုက်ပြီး ကျန်တစ်ဝက်ကိုတော့ သူတို့ရဲ့ မိခင်တွေနဲ့အတူ ထားလိုက်ပါတယ်။ ၆လကြာတဲ့အခါမှာ မျောက်တွေရဲ့ ဦးနှောက်ကို ပြန်လည်တိုင်းတာစစ်ဆေးခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မိခင်တွေနဲ့မနေရတဲ့ မျောက်လေးတွေရဲ့ဦးနှောက်ထဲမှာ စိတ်ဖိစီးမှုတွေ များစွာရှိနေတာကို တွေ့ရပြီး မိခင်တွေနဲ့ နေထိုင်ကြီးပြင်းရတဲ့ မျောက်လေးတွေမှာတော့ စိတ်ဖိစီးမှုတွေ မရှိသလောက်နည်းပါးတာကို တွေ့ရပါတယ်။ ဒီစမ်းသပ်ချက်မှာ ဟာကွက်လေးတွေ ရှိနေသေးတယ်ဆိုပေမဲ့ မိဘတွေရဲ့ မေတ္တာဟာ ကလေးတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ဘဝအတွက် ဘယ်လောက်တောင် အရေးကြီးလဲဆိုတာကို သိနိုင်ပါတယ်။

ဒီစမ်းသပ်ကို ကြွက်တွေနဲ့ စစ်ဆေးကြည့်တဲ့အခါ မိဘမေတ္တာမရတဲ့ ကြွက်တွေမှာ နာတာရှည်စိတ်ဖိစီးမှုရောဂါဖြစ်နေတာကို တွေ့ရပြီး ရေနဂါးလေးတွေနဲ့ စမ်းသပ်ကြည့်တဲ့အခါမှာတော့ ရေနဂါးလေးတွေရဲ့ အရွယ်အစားသေးကျုံ့သွားတာကို တွေ့ရှိခဲ့ရပါတယ်။

ကျောင်းစာတွေ၊ ပညာရေးတွေ၊ ပြိုင်ဆိုင်မှုတွေ၊ လိုချင်တပ်မက်မှုတွေ နည်းပါးတဲ့ တိရစ္ဆာန်တွေမှာတောင်မှ စိတ်ဖိစီးမှုတွေဖြစ်နေသေးရင် စိတ်ဖိစီးစရာအကြောင်းရင်းတွေ အများကြီးရှိတဲ့ ယနေ့ခေတ်ရဲ့ သားသားမီးမီးတွေဆိုရင် ပိုလို့တောင် စိတ်ဖိစီးနိုင်တယ်မဟုတ်လား။

ဒီတော့ ဖေဖေ၊ မေမေတို့ရေ…။ အလုပ်တွေဘယ်လောက်များများ သားသားမီးမီးလေးတွေကို အချိန်ပေးပြီး မေတ္တာအပြည့်အဝပေးဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

သင့်ထင်မြင်ချက်လေးတွေကိုလည်း comment box မှာ ဝေမျှခဲ့ပါဦးနော်။