- သင်နဲ့စကားပြောနေချိန်လေးအတွင်းမှာပဲ သင့်ခံစားချက်ကို ဖတ်နိုင်သူ
- သင်ဝမ်းနည်းနေတဲ့အခါ တခြားသူတွေထက်အရင် သိနိုင်သူ
- သင့်ဝမ်းနည်းမှုပြေပျောက်စေဖို့ ရယ်မောစရာဟာသလေးတွေနဲ့ စိတ်သက်သာရာရစေသူ
- အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် သင်စိတ်ထိခိုက်သွားတဲ့အခါ ရင်ခွင်ထဲထွေးပွေ့ပြီး ချက်ချင်းနှစ်သိမ့်ပေးတတ်သူ
- သင်စိတ်လှုပ်ရှားနေတဲ့အခါ စိတ်တည်ငြိမ်စေမယ့်စကားတွေနဲ့ အားပေးတတ်သူ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
- သင် အိပ်ချင်တဲ့အခါ သူ့လက်မောင်းပေါ် သင့်ကို ခေါင်းမှီအိပ်စက်စေသူ
- သင်နှစ်သက်တာတွေကို အမြဲအားပါးတရကျွေးချင်ပြီး သင်ဝလာမှာကို စိတ်မပူတဲ့သူ
- သင် ကလေးဆန်ဆန်ပျော်စရာတွေလျှောက်လုပ်တဲ့အခါ မရှက်ဘဲ သင်ပျော်အောင် အတူပါ ဝင်ပေးတတ်သူ
- သင် အထီးကျန်ပြီး စိတ်ဓာတ်တွေကျနေတဲ့အခါ သင့်စိတ်ဓာတ်တွေပြန်ထူမတ်လာချိန်အထိ အချိန်ပေးပြီး အတူရှိနေပေးတဲ့သူ
- သူ့အားလပ်ချိန်တွေကို သင်နဲ့ပဲ အတူကုန်ဆုံးချင်သူ
- သင်ဘယ်လိုဝတ်ထားထား စမတ်ကျတယ်ထင်ပြီး ဘာမှမလိမ်းလည်း လှတယ်ထင်တဲ့သူ
- တန်ဖိုးကြီးစားသောက်ဆိုင်မှာ စားသောက်ရတာထက် သင်နဲ့အတူ အိမ်မှာ တီဗီကြည့်ရင်း ပေါက်ပေါက်ဆုပ်တွေ၊ အာလူးကြော်တွေစားရတာကို ပိုသဘောကျတဲ့သူ
- သင့်ကို ချစ်တယ်လို့ခဏခဏပြောတတ်ပြီး ချိုမြိန်တဲ့အနမ်းလေးတွေ အမြဲပေးတတ်သူ
- သင် ဘယ်လောက်ဝနေနေ သူ့မျက်စိထဲ အမြဲတမ်းဆွဲဆောင်မှုရှိတယ်ထင်တဲ့သူ
- သူ ချစ်နေတာကို သင့်စိတ်ထဲ သေသေချာချာကို သိခွင့်ရစေတဲ့သူ
- သင် ဘာပဲဖြစ်နေနေ ချစ်နိုင်တဲ့သူ၊ စကားလုံးတွေနဲ့ရှင်းပြနိုင်တာထက် ပိုချစ်နိုင်သူ
ဂန္ထဝင်ချစ်တဲ့ မိန်းမသားတို့ရေ…
ဒီလိုချစ်တတ်တဲ့ ယောက်ျားတစ်ယောက် ချစ်သူတော်ထားရပြီဆိုရင်တော့ လုံးဝ လက်တွဲ ဖြုတ်မပစ်ပါနဲ့လို့ အကြံပြုပါရစေနော်။ ဒီလိုယောက်ျားမျိုးဟာ သင့်အချစ်တွေကို ယုံကြည်စွာ ပေးအပ် လိုက်ဖို့ အထိုက်တန်ဆုံးသူပါပဲ။ ဘာကြောင့်လဲဆိုတော့ သူက သင့်ကို နှလုံးသားတစ်ခုလုံးနဲ့အပြည့် သိပ်ချစ်နေတာမို့ပါ။
ဒီစာလေးကို ဖတ်ရင်း သတိရလိုက်မိသူတစ်ယောက်ရှိခဲ့မယ်ဆိုရင် mention လေးခေါ်ဖို့ လည်း မမေ့နဲ့ဦးနော်။