သင့်ရင်သွေးကို ချွေတာစုဆောင်းတတ်တဲ့အကျင့်ကောင်းလေးရအောင် ဘယ်လိုပျိုးထောင်ပေးမလဲ

blank

“ချွေတာစုဆောင်းသူဌေးလောင်း”ဆိုတဲ့ စကားပုံလေးကို အားလုံးကြားဖူးကြပါတယ်။ ချွေတာ စုဆောင်းတတ်တဲ့ သူတွေဟာ ဘဝမှာ တိုးတက်အောင်မြင်ကြပါတယ်။ မိမိတို့ရင်သွေးငယ်တွေမှာ လည်း အဲ့ဒီလို ချွေတာစုဆောင်းတတ်တဲ့အလေ့အကျင့်ကောင်းလေးတွေရှိလာစေဖို့ မိဘများအနေနဲ့ ပြုစုပျိုးထောင်ပေးနိုင်တဲ့နည်းလမ်းလေးတွေကို  မျှဝေပေးလိုက်ပါတယ်ရှင်။

၁။ မှန်ကန်စွာစုဆောင်းတတ်ပါစေ။

ရေရှည်သွားရမယ့် ရည်ရွယ်ချက်တစ်ခုချမှတ်ပေးပြီး ကလေးတွေကို ငွေစုတတ်တဲ့အကျင့်မွေး မြူပေးပါ။ ရည်ရွယ်ချက်မပြည့်မချင်း ဇွဲမလျှော့ပါစေနဲ့။ ဒါက ကလေးတွေအရွယ်ရောက်လာတဲ့အခါ လိုအပ်တဲ့ရည်ရွယ်ချက်တွေအတွက်  ဇွဲရှိရှိနဲ့ ငွေကြေးစုဆောင်းတတ်တဲ့အလေ့အထကို ပြုစုပျိုးထောင် ပေးရာရောက်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ စနစ်တကျသုံးစွဲတတ်ပါစေ။

မိဘတွေအနေနဲ့ ငွေကြေးကိစ္စ ဘယ်လိုစီမံကိုင်တွယ်တယ်ဆိုတာကို ကလေးတွေကို ရှင်းပြပါ။ ဝင်ငွေ၊ ထွက်ငွေမျှတအောင် သုံးစွဲခြင်း၊ စုဆောင်းခြင်းနဲ့ အလေအလွင့်မရှိအောင် စီမံခန့်ခွဲတာတွေကို ပြသပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ကလေးတွေအနေနဲ့ မိဘတွေရဲ့စနစ်တကျငွေကြေးစီမံခန့်ခွဲမှုတွေကို အတုယူရင်း ငွေကြေးအပေါ် မှန်ကန်စွာနားလည်သုံးစွဲတတ်လာစေပါတယ်။

၃။ သူ့နေရာနဲ့သူလှူဒါန်းတတ်ပါစေ။

        ငွေကြေးရှာဖွေတဲ့အခါ သုံးစွဲခြင်းနဲ့ စုဆောင်းခြင်းအပြင် လှူဒါန်းမှုကလည်း လက်ကိုင်ထား သင့်တဲ့ အရာပါ။ လိုအပ်တဲ့နေရာတွေမှာ ငွေကြေးကို လှူဒါန်းမှုပြုခြင်းရဲ့ တန်ဖိုးတွေကိုလည်း ကလေး တွေကို ရှင်းပြထားသင့်ပါတယ်။ ဒါဟာကလေးတွေရဲ့အနာဂတ်မှာ ပိုပြီးအဓိပ္ပာယ်ပြည့်ဝတဲ့ဘဝနေ ထိုင်မှုကို ပျိုးထောင်ပေးရာလည်း ရောက်ပါတယ်။

မိမိတို့ရဲ့ ရင်သွေးငယ်တွေကို ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းလေးတွေကို ပြုစုပျိုး ထောင်ပေးခြင်းအားဖြင့် သာယာသောမိသားစုအနာဂတ်ဆီ လျှောက်လှမ်းနိုင်ကြပါစေ။ စာစောင် လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။