ရင်သွေးအလိမ္မာလေးတွေဖြစ်အောင် ပျိုးထောင်ဖို့ အကြံပြုချက်များ

blank
၁။ ရွေးချယ်ခွင့်ပေးပါ။

ကလေးကို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားပြီး ဆုံးဖြတ်လုပ်ဆောင်တတ်တဲ့အကျင့် မွေးမြူပေးပါ။ ဒါ ပေမဲ့ ရွေးချယ်တဲ့အခါ လမ်းကြောင်းမမှားအောင် သိမှတ်သင့်တာတွေ၊ မိဘတွေအနေနဲ့ ခွင့်ပြုနိုင်တဲ့ အကန့်အသတ်ကို ကလေးသိအောင် အသိပေးထားပါ။  ဥပမာ- “ အပြင်ထွက်မကစားခင် သားရဲ့အ ခန်းကို သန့်ရှင်းရေးလုပ်မလား။ ဒါမှမဟုတ် ကစားပြီးမှ အခန်းသန့်ရှင်းရေးလုပ်မလား။ ကစားမယ်ဆို ရင်တော့ မိနစ်သုံးဆယ်စောပြီး အိမ်ထဲပြန်ဝင်လာရမယ်။ သားကြိုက်တာရွေး” ဆိုတာမျိုးပေါ့။

၂။ အကျိုးသက်ရောက်မှုကို သတိပေးပါ။

ကလေးကိုယ်တိုင်ရွေးချယ်တဲ့အခါ အကျိုးသက်ရောက်မှု အကောင်းအဆိုးကလည်း ကလေး အတွက် အရေးကြီးလှပါတယ်။ ဒါကြောင့် ကလေးကို သူ့ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဘယ်လို အကျိုး သက်ရောက်စေမယ်ဆိုတာ သတိပေးပါ။ ဥပမာ- “ သားအနေနဲ့ စကားကို အခုထက်ပိုပြီး ယဉ်ယဉ် ကျေးကျေးပြောမလား။ ဒါမှမဟုတ် သားရဲ့ အခန်းထဲမှာပဲ နေမလား ” ဆိုတာမျိုးပေါ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ကလေးအပေါ် ကတိတည်ပါ။

မိဘတွေအနေနဲ့ ကလေးကို ကတိပေးပြီးရင် ကတိတည်ပါ။ ကလေးအပေါ် အပြောနဲ့အလုပ် ညီစွာ အလေးထားဆက်ဆံခြင်းအားဖြင့် မိသားစုကြားမှာကော၊ ကလေးကြီးပြင်းလာတဲ့အခါ တခြား သူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာပါ အကျင့်ကောင်းတစ်ခုကို တည်ဆောက်ပြီးသားဖြစ်စေပါတယ်။

၎။ ဂရုစိုက်မှုပေးပါ။

မိဘတွေအနေနဲ့ အပြုအမူအသေးအဖွဲက အရေးမကြီးပါဘူး။  မိဘတွေရဲ့လုပ်ရပ်က ဂရု စိုက်မှုနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြနေတယ်ဆိုတာ ကလေးအနေနဲ့ နားလည်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အငြင်းပွားရတဲ့အခြေအနေမျိုးမှာတောင် ကလေးအပေါ် ချစ်ခြင်းမေတ္တာထားရှိမှုကို ပြ သပေးပါ။ ဥပမာ- “ သားအနေနဲ့ မေမေ့စကားကို နားမထောင်ဘူးဆိုရင် တခြားသူတွေက မေမေ့ကို ကဲ့ရဲ့ကြမှာပေါ့။ သားက မေမေ့ကို သူများကဲ့ရဲ့ခံရတဲ့ မေမေမျိုးဖြစ်စေချင်လို့လား ” ဆိုတဲ့စကားမျိုးနဲ့ ဖြေရှင်းသင့်ပါတယ်။

ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။