ဖြစ်နိုင်ရင်… ကွင်းစကွင်းပိတ်လေး ဖြုတ်ချင်တယ်ဖေဖေ

ဖြစ်နိုင်ရင်လေ…

အူဝဲလေးဘဝကို ပြန်သွား၊ ငိုသံတစ်ချက်ပေးပြီး ဖေဖေ့ရဲ့ ပွေ့ဖက်ချော့မြှူတာကို ခံချင်သေးတယ်။

ဖြစ်နိုင်ရင်လေ…

ကလေးဘဝကို ပြန်သွား၊ ဖေဖေ့ရဲ့ လက်ကို ခိုတွဲပြီး လမ်းလျှောက်သင်ချင်သေးတယ်။

ဖြစ်နိုင်ရင်လေ…

တီတီတာတာပြောတတ်စအရွယ်ကို ပြန်သွား၊ မြင်မြင်သမျှကို လက်ညှိုးထိုးပြီး “အဲဒါဘာလဲ” လို့ ဖေဖေ့ကို မေးချင်သေးတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဖြစ်နိုင်ရင်လေ…

အဖြူအစိမ်းလေးဝတ်၊ ဖေဖေ့စက်ဘီးနောက်ကထိုင်ပြီး ကျောင်းကိုသွားချင်သေးတယ်။

ဖစ်နိုင်ရင်လေ…

အိပ်မက်ဆိုးမက်တိုင်း ဖေဖေနဲ့ မေမေရဲ့ ရင်ငွေ့ကိုလှုံပြီး ပြန်အိပ်ချင်သေးတယ်။

ဖြစ်နိုင်ရင်လေ…

ကျောင်းမှာ ပထမရလာတိုင်း “ဒါမှငါ့သမီးကွ” ဆိုတဲ့ ဂုဏ်ယူဝံ့ကြွားသံလေးကို ကြားချင်သေးတယ်။

ဖြစ်နိုင်ရင်လေ…

ဖေဖေနေမကောင်းတဲ့အချိန်တိုင်း အနားမှာနေပြီး ပြုစုပေးချင်သေးတယ်။

ဖြစ်နိုင်ရင်လေ…

ဖေဖေရောဂါသည်းနေချိန်မှာ အနားမှာ နေပြီး ဘုရားစာရွတ်ပေးချင်သေးတယ်။ သမီးငယ်ငယ်ကလို အဆော့မမက်တော့ပါဘူး။

ဖစ်နိုင်ရင်လေ…

သမီးဘွဲ့ယူတဲ့အချိန်မှာ ဖေဖေနဲ့ တွဲပြီး ဓာတ်ပုံရိုက်ချင်တယ်။

ဖြစ်နိုင်ရင်လေ…

ရှုပ်ထွေးပွေလီတဲ့ လောကကြီးမှာ ရှုံးနိမ့်မှုတွေကြုံလာတဲ့အခါ ဖေဖေ့ရင်ခွင်ထဲကို ကလေးတစ်ယောကလို တိုးဝှေ့ပြီး ငိုချင်တယ်။

ဖြစ်နိုင်ရင်လေ…

ကမ္ဘာပေါ်မှာ ဖေဖေပြီးရင် သမီးရဲ့အချစ်ရဆုံးယောက်ျားတစ်ယောက်ဖြစ်တဲ့ သမီးရဲ့ ချစ်သူနဲ့ ဖေဖေ့ကို သေသေချာချာ မိတ်ဆက်ပေးချင်တယ်။

ဖြစ်နိုင်ရင်လေ…

သမီးဘဝရဲ့ အကြီးမားဆုံးနေ့၊ သမီးမင်္ဂလာဆောင်တဲ့နေ့မှာ ဖေဖေ့ကို ရှိနေစေချင်တယ်။

ဖြစ်နိုင်ရင်လေ…

သမီးရဲ့ ရင်သွေး၊ ဖေဖေ့ရဲ့ မြေးလေးကို ဖေဖေချီပွေ့ပြီး အငိုတိတ်အောင် ချော့မြူနေတဲ့ပုံကို မြင်ချင်တယ်။ မိဘမေတ္တာကို မိဘနေရာရောက်မှ ပိုပြီးနားလည်လာတယ်ဖေဖေ။

ဖြစ်နိုင်ရင်လေ…

မိဘအမည်ရေးရတိုင်း ဖေဖေ့နာမည်ဘေးက ကွင်းစကွင်းပိတ်တွေကို ဖြုတ်ပစ်ချင်မိတယ်။ ဖြစ်နိုင်ရင်လေ… သမီးဆီကို ပြန်လာပေးပါ ဖေဖေ။

ဖခင်မေတ္တာနဲ့ ကင်းကွာခဲ့ရသူတိုင်းအတွက် ရည်ရွယ်လျက်…

ခံစားချက်ချင်းတိုက်ဆိုင်သွားရင် SHARE လိုက်ပါ။