ယောက်ျားတွေရဲ့သဘောကို အတွင်းကျကျ ဆန်းစစ်ကြည့်ခြင်း

blank
Close-up of a sad girlfriend on the foreground

သင့်ချစ်သူက သင့်ကို ရက်အတော်ကြာတဲ့အထိ ဖုန်းမခေါ်ဘူးဆိုရင်

  • “အလုပ်ကိစ္စနဲ့ ခရီးသွားနေလို့နေမှာပါ” လို့ မတွေးပါနဲ့။
  • “သူအလုပ်တွေ ရှုပ်နေလို့ ဖုန်းခေါ်ဖို့ မေ့နေတာနေမှာပါ” လို့ ဖြည့်မတွေးပါနဲ့။

သူသာ တကယ်ချစ်ရင် အလုပ်တွေ ဘယ်လောက်များများ သင့်ကို ဖုန်းရအောင်ခေါ်မှာပါ။ တကယ်ချစ်တဲ့ ယောက်ျားဆိုတာ ချစ်သူအသံလေးကြားမှ အလုပ်တွေကို စိတ်ဖြောင့်ဖြောင့်လုပ်နိုင်မျိုးလည်း ရှိတတ်ပါတယ်။ သင့်ကို ဂရုမစိုက်ရတဲ့၊ ဖုန်းလေးတစ်ချက်တောင်မခေါ်ရတဲ့ အကြောင်းပြချက်က “အလုပ်ရှုပ်နေလို့” ဆိုရင် ကမ္ဘာ့အလုပ်အများဆုံး အမေရိကန်သမ္မတ အိုဘားမားကို သတိရလိုက်ပါ။ သူအလုပ်ဘယ်လောက်များများ သူ့ဇနီးသည်ကို အစစအရာရာ ဂရုစိုက်တယ်မဟုတ်လား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလိုအခြေအနေမှာ သင်လုပ်သင့်တာတွေက-

၁။ သင့်ကို ဖုန်းလေးဆက်ဖို့တောင် အချိန်မပေးနိုင်တာက သူ့စိတ်ထဲမှာ သင်မရှိလို့ဆိုတာကို သိထားပါ။

၂။ ကတိသေးသေးလေးတွေတောင် ဖျက်တတ်ရင် ဘဝနဲ့ချီတဲ့ ကတိစကားတွေကိုလည်း အလေးမထားနိုင်တာကို နားလည်ပါ။

၃။ စိတ်ထဲမှာတောင် သင့်အတွက်နေရာမရှိတာ သူ့ဘဝထဲမှာလည်း သင့်အတွက်နေရာရှိမှာမဟုတ်ဘူးဆိုတာကို သိထားပါ။

၎။ သူဖုန်းမခေါ်လို့ စိုးရိမ်ပြီး ခံစားနေရမယ့်သင့်ကို အလေးမထားတာက သင့်အပေါ်လေးစားမှုမရှိလို့ဆိုတာကို သတိရပါ။

၅။ သင်ဟာ ဖုန်းခေါ်ဖို့တောင်မထိုက်တန်တဲ့ ခပ်ညံ့ညံ့မိန်းမတစ်ယောက် မဟုတ်ဘူးဆိုတာကို သတိရပါ။

မှတ်သားစရာ တစ်ခုခုရတယ်ဆိုရင် SHARE လိုက်ပါ။