အရွယ်ရောက်သားသမီးတွေကို ပြုစုပျိုးထောင်နေတဲ့မိဘတို့ရဲ့ ကျင့်ဝတ်များ

blank
Happy Asian senior mother with her daughter at outdoor park

မိဘတို့ရဲ့တာဝန်ဝတ္တရားဆိုတာကတော့ အသက်ရှင်နေသရွေ့ ဘယ်တော့မှ မကုန်ဆုံးနိုင် တာ သေချာပါတယ်။ သားသမီးတွေကို အူဝဲဆိုကတည်းက ပြုစုစောင့်ရှောက်ကြီးပြင်းစေရတဲ့၊ တတ် သင့်တတ်အပ်တာတွေတတ်မြောက်ပြီး လိမ္မာရေးခြားရှိစွာ အရွယ်ရောက်လာစေရတဲ့၊ လူလားမြောက် လာတော့လည်း နေရာတကာဝင်ပါလို့မဖြစ်တော့တဲ့အတွက်  သင့်တင့်တဲ့အုပ်ထိန်းမှုပေးရတဲ့ မိဘတို့ ရဲ့နေရာက မလွယ်ကူလှတာတော့ အမှန်ပါပဲ။ ဒါကြောင့် အရွယ်ရောက်သားသမီးများနဲ့ မိဘများကြား ဆက်ဆံရေးပြေလည်နွေးထွေးစေမယ့် အကြံပြုချက်လေးတွေကို ရေးသားတင်ဆက်လိုက်ပါတယ်ရှင်။

၁။ သားသမီးတွေဆီက သင်လိုချင်တာနဲ့တူညီတဲ့လေးစားမှုမျိုး သင့်ဘက်ကအရင်ပေးပါ။

၂။ သားသမီးတွေပြောချင်တာကို အရင်နားထောင်ပေးပါ။ သူတို့စကားမဆုံးခင် သင့်ဘက်က အပျက်သဘောဆောင်တဲ့ ထင်မြင်ချက်ပေးတာမျိုးကို ရှောင်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ သားသမီးတွေ အိမ်ထောင်ခွဲသွားတဲ့အခါ သင့်အိမ်က သူတို့အတွက် တံခါးအမြဲဖွင့်ထားကြောင်း အသိပေးပါ။ ဒါပေမဲ့ သူတို့အိမ်ကို သင်အလည်အပတ်သွားမယ်ဆိုရင်တော့ သူတို့အလုပ်အားမအား ဖုန်းအရင်ဆက်ပြီးမှ သွားပါ။

၎။ သင့်သားသမီးတွေက အရွယ်ရောက်နေပြီဖြစ်တဲ့အတွက် မလိုအပ်ဘဲ ဆုံးမစကားတွေ အများကြီး ပြောတာမျိုး၊ သူတို့နဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို တတွတ်တွတ်ပြောတာမျိုးကို ရှောင်ပါ။

၅။ သင့်သားသမီးရဲ့ ထပ်မံပွားစည်းလာတဲ့ ဇနီးမယား၊ သမီးသားတို့နဲ့သင့်ကြားက ဆက်ဆံရေးခိုင်မြဲ အောင် ကြိုးစားတည်ဆောက်ပါ။

၆။ သင့်သားသမီးအလှည့်တုန်းက သင်ပြုစုပျိုးထောင်ခဲ့တဲ့နည်းလမ်းကောင်းလေးတွေကို မြေးတွေကို ပြုစုပျိုးထောင်ရာမှာ ပြန်လည်ဝေမျှနိုင်ပါတယ်။

မိဘနဲ့သားသမီးကြား ပြေလည်နွေးထွေးတဲ့ဆက်ဆံရေးတွေ တည်ဆောက်ခြင်းအားဖြင့် ပိုမို ငြိမ်းချမ်းတဲ့ကမ္ဘာကြီးဆီ ဦးတည်ကြပါစို့လားရှင်။ ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။