ကိုယ့်ကိုရယ်မောပျော်ရွှင်စေတဲ့သူနဲ့သာ လက်တွဲလိုက်ပါ

blank

ဂန္ထဝင်ရဲ့စာဖတ်ပရိသတ်ကြီးရေ…

လူတိုင်းကတော့ ဘဝမှာ ငြိမ်းချမ်းပျော်ရွှင်စွာနဲ့ သက်ဆုံးတိုင်ရှိနေချင်ကြသူတွေချည်းဖြစ်မှာ ပါနော်။ ဒီလိုဘဝမျိုးလေးပိုင်ဆိုင်ခွင့်ရဖို့ဆိုရင် ကိုယ့်အပေါ်ဂရုစိုက်တဲ့လက်တွဲဖော်မျိုးကို ရွေးချယ် တတ်ဖို့လည်း အရေးကြီးပါတယ်။ ဂရုစိုက်တဲ့သူဆိုတာ ရုပ်ပိုင်းဆိုင်ရာအရ အပေါ်ယံဂရုစိုက်တာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့စိတ်ချမ်းသာမှုအတွက် အစစအရာရာထည့်တွေးဂရုစိုက်ပေးတာမျိုးပါ။

  • ကိုယ်စိတ်ညစ်နေတဲ့အချိန် ကိုယ့်ကို ဟက်ဟက်ပက်ပက်ရယ်မောစေတဲ့သူ
  • ကိုယ့်ကို အောင်မြင်ပျော်ရွှင်တဲ့ အမြင့်တစ်နေရာမှာ တွေ့မြင်ဖို့စေတနာထက်သန်တဲ့သူဟာ ကိုယ်တကယ်ရွေးချယ်သင့်တဲ့သူပါပဲ။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ လူတစ်ယောက်ရဲ့ဘဝကို ငြိမ်းချမ်းပျော်ရွှင်မှုတွေ ဖန် တီးပေးတဲ့အရာသာ ဖြစ်သင့်ပါတယ်။ ပြစ်တင်ဝေဖန်မှုတွေက ကင်းလွတ်ပြီး စိတ်ခံစားမှုအတိုင်း လွတ် လပ်စွာ ရှင်သန်နေထိုင်ခွင့်ရတဲ့ အရိပ်အာဝါသလည်း ဖြစ်သင့်ပါတယ်။ ဘဝရဲ့လျှို့ဝှက်ချက်တွေကို လုံခြုံစွာ သိုဝှက်ထားပေးနိုင်တဲ့ နေရာလေးလည်း ဖြစ်သင့်ပါတယ်။ ကောင်းမွန်တဲ့ချစ်ခြင်းမေတ္တာက ကိုယ့်ရဲ့ခံစားပျော်ရွှင်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်သလို မကောင်းမွန်တဲ့ချစ်ခြင်းတွေကတော့ ကိုယ့်ရဲ့ ခံစားပျော်ရွှင်မှုစွမ်းရည်တွေကို ကျဆင်းစေပါတယ်။ လက်တွဲဖော်အရွေးမှားမိရင် ဘဝမှာ စိတ်ညစ်စ ရာတွေနဲ့ အဖော်ပြုသွားရလိမ့်မယ်။ သင့်တော်တဲ့လက်တွဲဖော်ကတော့ ကိုယ့်ရဲ့ ကမ္ဘာကြီးထဲကို ပျော် ရွှင်မှုတွေဆောင်ကြဉ်းလာပေးလိမ့်မယ်။ မတူညီတဲ့လက်တွဲဖော်တွေက မတူညီတဲ့ရလဒ်တွေကို ယူ လာပေးမှာ အမှန်ပါပဲ။

သေချာတာကတော့ ဘဝခရီးဆိုတာ အရှည်ကြီးဖြစ်တာကြောင့် လက်တွဲဖော်ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ပျော်ရွှင်မှု တွေကို မျှဝေခံစားမယ့်သူထက် ကိုယ့်ကို ပျော်ရွှင်မှုတွေမျှဝေမယ့်သူ၊ ကိုယ့်စိတ် ချမ်းသာမှုကို အလေးထားတဲ့လက်တွဲဖော်မျိုးကို ရွေးချယ်မိဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် ရွေးချယ်စရာကြုံလာတဲ့အခါ ကိုယ့်စိတ်ချမ်းသာမှုကို အလေးထားတဲ့လက်တွဲဖော်မျိုးကိုပဲ ရွေးချယ် သင့်တယ်လို့ အကြံပြုလိုက်ပါရစေနော်။

စာစောင်လေးကို မျှဝေဖို့ SHARE လိုက်ပါဦးနော်။