ဘဝအတွက်စစ်မှန်တဲ့ လက်တွဲဖော်ကိုတွေ့လာတဲ့တစ်နေ့

blank

Relationship ကြောင့် နာကျင်ခံစားနေရသူကြီးရေ… ခေါင်းအုံးလေးစိုအောင်ငို၊ နှလုံးသားတွေမောအောင်သက်ပြင်းတွေချနေရပြီလား။ မြင်မြင်သမျှကို စိတ်ပျက် လောကကြီးကို စိတ်နာနေပြီလား။ ဒါပေမဲ့ သင်သိလား တစ်နေနေ့မှာ အချစ်ကြောင့်ရတဲ့ ဒဏ်ရာအနာတရတွေကို အချစ်စစ်နဲ့ ကုသပေးမယ့်သူတစ်ယောက် သင့်ဘဝထဲကို ရောက်လာလိမ့်မယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

  • ဖုန်းအဝင်ကောလ်တွေမျှော်ရင်း ရင်မောစရာမလို၊ မက်ဆေ့ဂ်ျစောင့်ရင်း စိတ်မောစရာမလိုစေတဲ့သူတစ်ယောက်
  • ဂရုစိုက်ခြင်းတွေရဖို့ သင်တစ်ယောက်တည်း ကျိတ်မောမနေစေမယ့်သူတစ်ယောက်
  • သင့်နဲ့အတူဘဝကို ရှေ့ဆက်ဖို့ ကြိုတင်အစီအစဉ်တွေ ချမှတ်ထားမယ့်သူတစ်ယောက်
  • ဘယ်လိုအခြေအနေတွေပဲ ကြုံတွေ့ရ၊ ကြုံတွေ့ရ သင့်ကိုနောက်မဆုတ်ဘဲ ချစ်ချင်တဲ့သူတစ်ယောက်
  • သင်ရှင်းပြစရာမလိုဘဲ သင့်ကိုအရာရာယုံကြည်တဲ့သူတစ်ယောက်
  • သင့်ဘေးမှာချစ်သူတစ်ယောက်အနေနဲ့တင်မကဘဲ အခင်ဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ပါ ရှိပေးမယ့်သူတစ်ယောက်
  • အချစ်ကြောင့်ရခဲ့တဲ့ နာကျင်ခြင်းတွေကို ကြင်နာခြင်းတွေနဲ့ ကုသပေးမယ့်သူတစ်ယောက် သင့်ဘဝထဲကိုသေချာပေါက်ရောက်လာလိမ့်မယ်။

ဒါကြောင့် သူ့ကိုကြည်ကြည်လင်လင်မြင်ရဖို့ သင့်မျက်ရည်တွေကိုသုတ်ပါ။ သူ့လက်ကိုရဲဝံ့စွာတွဲနိုင်ဖို့ သင့်ကိုယ်သင်အကောင်းဆုံးတည်ဆောက်ထားပါ။ သူပျံသန်းမယ့်ကောင်းကင်နဲ့ လိုက်ဖက်ဖို့ သင့်အတောင်ပံတွေကို အလှပဆုံးဆေးချယ်ထားပါ။ သူ့အနမ်းတွေနဲ့ကြည်နူးဖို့ သင့်နှုတ်ခမ်းတွေကို အတောက်ပဆုံးအပြုံးတွေနဲ့ ဆင်မြန်းထားပါနော်။ အရေးအကြီးဆုံးက သူပေးမယ့်အချစ်တွေအများကြီးဆန့်ဖို့ သင့်နှလုံးသားထဲက ဒဏ်ရာတွေနဲ့ အမုန်းတရားတွေကို အဝေးဆုံးကို လွင့်ပစ်လိုက်ပါ။