သားသားမီးမီးလေးတွေကို စာဖတ်ဝါသနာပါအောင် ဘယ်လိုအကျင့်လုပ်ပေးနိုင်မလဲ

blank

စာကောင်းပေမွန်တွေဟာ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲတိုးတက်လာအောင်ကို စွမ်းဆောင်နိုင်ပါတယ်။ စာဖတ်တဲ့လူငယ်နဲ့ စာမဖတ်တဲ့လူငယ်မှာ စာဖတ်တဲ့လူငယ်က ဦးနှောက်စွမ်းရည်ပိုမိုထက်မြက်ပြီး ဆင်ခြင်တွေးတောနိုင်စွမ်းပိုရှိတာကို တွေ့ရပါတယ်။ ဝမ်းနည်းစရာကောင်းတာတစ်ခုက ယနေ့ခေတ်လူငယ်တွေဟာ နည်းပညာတွေရဲ့ လွှမ်းမိုးမှုကြောင့် စာဖတ်အားနည်းလာကြပါတယ်။

ဒီတော့ သင့်ရင်သွေးကို စာဖတ်ဝါသနာပါပြီး ထူးချွန်ထက်မြက်လိမ္မာတဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ စာဖတ်တာကို အကျင့်ဖြစ်အောင် လုပ်ပေးပါ။

တစ်နေ့ကို ၁၅ မိနစ်ပဲဖြစ်ဖြစ် စာဖတ်တာကို နိစ္စဓူဝကိစ္စရပ်တစ်ခုလိုဖြစ်အောင် အကျင့်လုပ်ပေးထားပါ။ သင့်ကလေးက စာကို ကြာကြာဖတ်ချင်မှ ဖတ်လိမ့်မယ်၊ ဒါပေမဲ့ နေ့စဉ်ပုံမှန်ဖတ်တတ်တဲ့အကျင့်ကြောင့် တွေးခေါ်မှုနဲ့ ဦးနှောက်ဉာဏ်ရည်ကောင်းမွန်လာပြီး ကျောင်းစာမှာ ထူးချွန်လာမှာ ဖြစ်ပါတယ်။

၂။ စိတ်ဝင်စားအောင် ဆွဲဆောင်ပါ။

ကလေးတွေ သဘာဝက စာထက် စာအုပ်မှာပါတဲ့ ကာတွန်းရုပ်လေးတွေ၊ ရောင်စုံဓာတ်ပုံလေးတွေကို ပိုပြီး စိတ်ဝင်စားတတ်ပါတယ်။ သင့်ရင်သွေးရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ကာတွန်း၊ ရုပ်ပြဂျာနယ်လေးတွေကို စပြီး ဖတ်ခိုင်းသင့်ပါတယ်။ အဲဒီကနေတဆင့် အသက်ကြီးလာတာနဲ့အမျှ သူဖတ်တဲ့ စာပေအမျိုးအစားတွေလည်း ပြောင်းလဲသွားမှာပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ထပ်ကာထပ်ကာ ဖတ်ခိုင်းပါ။

ကလေးလေးတွေရဲ့ မှတ်ဉာဏ်လေးတွေက နုနယ်လွန်းပါတယ်။ အလွယ်တကူ မမှတ်သားနိုင်သေးပါဘူး။ ဒါကြောင့် သူတို့ကြိုက်နှစ်သက်တဲ့ စာအုပ်လေးတွေကို ထပ်ကာထပ်ကာ ဖတ်ခိုင်းပါ။ ဒါမှ သူတို့ဦးနှောက်ထဲမှာ မှတ်မိလာပြီး စာဖတ်ဖို့ စိတ်ဝင်စားလာမှာ ဖြစ်ပါတယ်။

၎။ သရုပ်ဆောင်ပြပါ။

သင့်ရင်သွေး ဖတ်နေကျ ပုံပြင်စာအုပ်လေးထဲက ဇာတ်ကွက်တစ်ခုကို သရုပ်ဆောင်ပြပြီး သူ့ကို အဲဒီဇာတ်ကွက်အကြောင်း ပြောပြခိုင်းပါ။ ဒါဆိုရင် သူ့ရဲ့ စာဖတ်ချိန်လေးတွေက ငြီးငွေ့စရာမဖြစ်တော့ဘဲ ပျော်စရာကောင်းလာသလို သူ့အနေနဲ့လည်း စာဖတ်ဖို့ ပိုပြီး စိတ်ဝင်စားလာမှာပါ။

၅။ ဦးဆောင်ခိုင်းပါ။

သားသားမီးမီးလေးတွေ စာဖတ်ရတာ စိတ်ဝင်စားလာဖို့ဆိုရင် သူတို့ကို ဦးဆောင်ပြီး ဖတ်ခိုင်းမှ ရမှာပါ။ သူတို့ဖတ်ချင်တဲ့စာအုပ်ကို ရွေးပါစေ။ စာမျက်နှာ တစ်ဝက်ပဲဖတ်ပြီး နောက်တစ်ရွက်လှန်တာ၊ စာမျက်နှာကျော်ဖတ်တာ၊ ဖတ်ပြီးသားစာတွေ ပြန်ဖတ်တာ အားလုံး သူတို့စိတ်ကြိုက်လုပ်ပါစေ။ သင့်ဘက်က စိတ်ရှည်လက်ရှည်ဖို့တော့ လိုပါတယ်။ ဒါမှလည်း စာဖတ်တာကို စိတ်ဝင်စားလာမှာပေါ့။

သားသားမီးမီးလေးတွေကို လိမ္မာရေးခြားရှိစေချင်တဲ့မိဘတိုင်း ဒီစာစောင်လေးကို SHARE လိုက်ပါ။