မင်္ဂလာဆောင်အတွက် ကြိုတင်ပြင်ဆင်သလို အိမ်ထောင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ပါ။

blank

           ချစ်သူစုံတွဲတိုင်း မင်္ဂလာဆောင်နေ့မှာ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ “ဘယ်လိုအခြေအနေတွေပဲကြုံကြုံ တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးကြင်နာစွာနဲ့ အသက်ထက်ဆုံး ပေါင်းသင်းသွားကြမယ်” ဆိုတဲ့ စကားလေးပါ။

အဲဒီစကားကို ပြောနေတဲ့အချိန်မှာ ချစ်သူနှစ်ဦးလုံး ပျော်ရွှင်နေကြတယ်မဟုတ်လား။ ဒါဆိုရင် ဘာလို့ အဆုံးသတ်မလှတဲ့ အိမ်ထောင်ရေးတွေ ရှိနေရတာလဲ။ သေချာတာတစ်ခုကတော့ အဆုံးသတ်မလှတဲ့ အိမ်ထောင်ရေးတွေက လက်ထပ်တဲ့နေ့ပြောတဲ့ ကတိစကားကို ကြာကြာမထိန်းသိမ်းနိုင်ကြလို့ ဖြစ်ပါတယ်။

ချစ်သူစုံတွဲတော်တော်များများဟာ

နာရီပိုင်းသာသာမျှသာကြာတဲ့ မင်္ဂလာပွဲအတွက်

လနဲ့ချီပြီး ကြိုတင်ပြင်ဆင်ကြပါတယ်။

ဒါပေမဲ့

တစ်ဘဝလုံးစာကြာတဲ့ အိမ်ထောင်ရေးအတွက်တော့

မင်္ဂလာပွဲလောက် အားစိုက်ထုတ်ပြီး ပြင်ဆင်မထားတတ်ကြဘူး။

အိမ်ထောင်ရေးတစ်ခုတည်မြဲဖို့အတွက် နေ့ရက်တိုင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့လိုပါတယ်။ အိမ်ထောင်ရေးတစ်ခုရဲ့ ကောင်းခြင်းဆိုးခြင်းတွေဟာ နိုးထလာတဲ့ မနက်ခင်းတိုင်းမှာ  ကိုယ့်လက်တွဲဖော်ကို ဘယ်လိုဆက်ဆံပြုမူသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တကယ့်ကိုခိုင်မာပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ Facebook တွေ၊ instagram က ပုံတွေကနေတဆင့် ဖန်တီးယူလို့မရပါဘူး။ တစ်နေ့တစ်နေ့ ကြုံလာသမျှ အဖြစ်အပျက်တိုင်းကို ကျော်ဖြတ်ပုံ၊ အခက်အခဲတိုင်းကို ရင်ဆိုင်ပုံတွေကနေ ဖန်တီးယူရတာပါ။

ဒါကြောင့် အိမ်ထောင်ရေးတစ်ခုတည်မြဲနိုင်ဖို့ နေ့ရက်တိုင်းမှာ

၁။ သင့်အိမ်ထောင်ဖက်နဲ့ စိတ်တူကိုယ်တူဖြစ်အောင် ကြိုးစားပါ။

၂။ သင့်အိမ်ထောင်ဖက်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို အရှိအတိုင်း လက်ခံပါ။

၃။ သင့်အိမ်ထောင်ဖက်ကို တခြားသူတွေအပေါ် ဆက်ဆံတာထက် ပိုမိုကောင်းမွန်စွာ ဆက်ဆံပါ။

၎။ နှစ်ဦးကြားမှာ ပဋိပက္ခဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သေသေချာချာဆန်းစစ်ပြီးမှ ဖြေရှင်းပါ။

၅။ ခွင့်လွှတ်စရာရှိရင် ခွင့်လွှတ်ပေးပါ။ ဇနီးမောင်နှံတွေကြားမှာ မရှိသင့်ဆုံးအရာက အမုန်းတရားတွေ၊ ရန်ငြှိုးတွေပါပဲ။

အိမ်ထောင်ရေးတစ်ခုကို ကြာရှည်တည်မြဲစွာ ထိန်းသိမ်းနိုင်ဖို့ ဆုံးဖြတ်နိုင်တဲ့စိတ်၊ ဆင်ခြင်နိုင်တဲ့စိတ်၊ စွဲမြဲတဲ့ချစ်ခြင်းမေတ္တာ၊ ခိုင်မာတဲ့သစ္စာတရားတွေ လိုအပ်ပါတယ်။ နေ့တိုင်းနေ့တိုင်းမှာ ဒီအရာတွေသာရှိနေရင် သင့်အိမ်ထောင်ရေးဟာ ပြည့်စုံပြီး ပျော်ရွှင်ခိုင်မာတဲ့ အိမ်ထောင်ရေး ဖြစ်လာမှာ အသေအချာပါပဲ။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။