မိခင်ကောင်းတစ်ယောက်အနေနဲ့ သမီးလေးအပေါ် ဘယ်တော့မှ မပြောသင့်တဲ့ စကားများ။

blank
Happy mother and child girl, Outdoor

၁။ “ဒါတွေကို နားလည်တတ်ကျွမ်းဖို့ သမီးအနေနဲ့ သိပ်ကို ငယ်ပါသေးတယ်”

ပညာရပ်တစ်ခုခုကို တတ်ကျွမ်းဖို့ အသက်အရွယ်ငယ်သေးတယ်ဆိုတာ မရှိပါဘူး။ သေးငယ်တဲ့မီးပွားလေးက ကမ္ဘာကြီးတစ်ခုလုံးကိုတောင် လောင်ကျွမ်းစေနိုင်ပါတယ်။

၂။ “မဖြစ်နိုင်တာတွေကို မျှော်လင့်မနေပါနဲ့ သမီး”

လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ဖြစ်အောင် မလုပ်နိုင်တာပဲရှိတာပါ။ မျှော်လင့်ချက်ကြီးမားခြင်းက ဘယ်အရာကိုမဆို ဖြစ်အောင်လုပ်နိုင်စွမ်းရှိစေတယ်။ ဒါကြောင့် သင့်သမီးလေးရဲ့ မျှော်လင့်ချက်တွေကို မဟန့်တားပါနဲ့။

၃။ “ဒီလိုအလုပ်တွေဆိုတာ ယောက်ျားလေးတွေ လုပ်ရမယ့်အလုပ်လေ”

အခုခေတ်ကြီးမှာ ကျား၊ မ ခွဲခြားတာမျိုးတွေ မရှိတော့ပါဘူး။ မိန်းကလေးတွေတတ်ရမယ့် အတတ်ပညာ၊ ယောက်ျားလေးတွေတတ်ရမယ့် အတတ်ပညာလို့ ခွဲခြားမနေဘဲ အတတ်ပညာကို ကျွမ်းကျင်အောင် ရသလောက်ဆည်းပူးခိုင်းပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ “အရေးမပါတဲ့ ဝါသနာကြောင့် အချိန်တွေ အကုန်မခံပါနဲ့”

ပါရမီရယ်၊ ဝါသနာရယ်၊ ကြိုးစားမှုရယ်ပေါင်းလိုက်ရင် ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ ပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်သမီးလေးရဲ့ ဝါသနာတွေကို အရေးမပါဘူးလို့ ဘယ်တော့မှ မပြောလိုက်ပါနဲ့။

၅။ “ဒါတွေ အားလုံး မေမေလုပ်ပေးမယ်”

နေရာတကာတိုင်း၊ အလုပ်တိုင်းကို မိခင်တာဝန်ကျေချင်ဇောနဲ့ လိုက်လုပ်မပေးပါနဲ့။ “ချစ်လို့ ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင်ထားတယ်”ဆိုတာက သင့်သမီးလေးရဲ့ တာဝန်ယူချင်စိတ်ကို လျော့နည်းစေပြီး ဆိုးကျိုးတွေပဲ ဖြစ်လာစေနိုင်ပါတယ်။

၆။ “မေမေဖြစ်စေချင်တာ ဒီပုံစံမဟုတ်ဘူး”

မိခင်အနေနဲ့ သမီးလေးအပေါ်မှာ ပြီးပြည့်စုံတဲ့ မိန်းမကောင်းလေးတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ထားကြတာဟာ မဆန်းပါဘူး။ ဒါပေမဲ့ သင့်သမီးလေးတွေရဲ့ ဝါသနာ၊ ပင်ကိုစရိုက်၊ ဉာဏ်ရည်လေးတွေကြောင့် သင်ထင်ထားသလို ဖြစ်မလာဘူးဆိုရင်တော့ အပြစ်တင်ရှုံ့ချစကား မပြောသင့်ပါဘူး။

၇။ “အဲဒီကောင်မလေးကို ကြည့်စမ်း။ ဘယ်လောက်တော်လဲ။ သူ့လို နေစမ်းပါ”

သင့်သမီးလေးမှာလည်း ကိုယ်ပိုင်အစွမ်းအစရှိပါတယ်။ ဒီတော့ သူ့အစွမ်းအစလေးကို ချီးမွမ်းပြီး မြေတောင်မြှောက်ပေးပါ။ အခြားတစ်ယောက်ရဲ့ပုံစံမျိုးဖြစ်အောင် အတင်းပုံမသွင်းပါနဲ့။

၈။ “အများကြီး မစားနဲ့။ ဝလာလိမ့်မယ်”

သင့်သမီးလေးကို လှချင်ပချင်တဲ့ စေတနာအရင်းခံနဲ့ ဒီစကားကိုပြောတယ်ဆိုပေမဲ့ သမီးလေးရဲ့ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားစေနိုင်ပါတယ်။ သင့်သမီးလေးရဲ့ ကျေနပ်မှုအပြည့်နဲ့ အပြုံးလှလှလေးတွေက သူ့ကို ပိုမိုလှပသွားစေနိုင်တဲ့အရာလို့ မြင်ကြည့်လိုက်ပါ။

ဂန္ထဝင်စာဖတ်ပရိသတ်မိခင်များအားလုံး သားကောင်းရတနာ၊ သမီးကောင်းရတနာလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သင့်ရဲ့ ထင်မြင်ချက်လေးတွေကို comment box မှာ မျှဝေပေးဖို့ ဖိတ်ခေါ်ပါရစေရှင်။