ယောက်ျားတွေရဲ့သဘောကို အတွင်းကျကျ ဆန်းစစ်ကြည့်ခြင်း

blank
ချိန်းတွေ့ဖို့ သူ့ဘက်က စတင်ပြီး မတောင်းဆိုတဲ့အခါ
  • “သူက သူငယ်ချင်းဆက်ဆံရေး ပျက်စီးသွားမှာကို စိုးရိမ်နေတာ ဖြစ်မှာပါ” လို့ ဖြည့်မတွေးပါနဲ့။
  • “သူ့ဘက်က စပြီး လှုပ်ရှားဖို့ မဝံ့မရဲ ဖြစ်နေတယ်နဲ့ တူတယ်” လို့လည်း မထင်လိုက်ပါနဲ့။
  • “အဆင့်တက်ဖို့ အလျှင်စလိုကြိုးစားဖို့ မလိုဘူးလို့ ထင်နေတာနေမှာ” လို့လည်း မဖြေသိမ့်ပါနဲ့။

ယောက်ျားတစ်ယောက်အနေနဲ့ အတူတူလျှောက်လည်ဖို့ သူ့ဘက်ကနေ စတင်ပြီး မတောင်းဆိုတာဟာ သင့်ကို ထင်သလောက် စိတ်မဝင်စားလို့ပါ။ သူသာသင့်ကို စိတ်ဝင်စားတယ်၊ ချစ်တယ်ဆိုရင် သင်နဲ့ အတူတူလျှောက်လည်ဖို့၊ နှစ်ယောက်တည်းတွေ့နိုင်ဖို့ သေချာပေါက်ကြိုးစားမှာပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလိုအခြေအနေမှာ သင်လုပ်သင့်တာတွေက- 

၁။ ယောက်ျားလေးတွေမှာ “ငါသူ့ကို ဖွင့်ပြောလိုက်ရင် သူငယ်ချင်းသံယောဇဉ်ပျက်စီးသွားမှာလား” ဆိုတဲ့ စိုးရိမ်စိတ် မရှိသလောက်နည်းတတ်ကြပါတယ်။ ဒါကို သတိပြုပါ။

၂။ အတူတူလျှောက်လည်ဖို့ သင့်ဘက်ကနေ စတင်ချိန်းဆိုတာမျိုး မပြုလုပ်မိအောင် ရှောင်ကြဉ်ပါ။

၃။ သူ့ကို တွေ့ချင်တဲ့စိတ်တွေကို မျိုသိပ်ထားပါ။ သူတကယ်တွေ့ချင်ရင် သူရအောင်ကြိုးစားမှာပေါ့။

၎။ သင့်အလှ၊ သင့်ဘဝ၊ သင့်အရည်အချင်းတွေကို ယုံကြည်ပြီး မိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့မာနထားပါ။

မှတ်သားစရာ တစ်ခုခုရတယ်ဆိုရင် SHARE လိုက်ပါ။