သင့်အကြိုက်တွေကို သင့်ရာသီခွင်က ပြောပြနေတယ်ဆိုတာ သင်သိပါသလား

blank
၁။ မိဿရာသီဖွား (Aries )
  • လျှပ်စီးလက်တာကို ကြည့်ရတာကြိုက်တယ်။
  • ချဉ်စပ်အစားအစာတွေ ကြိုက်တယ်။
  • မြူးမြူးကြွကြွသီချင်းတွေကို အကျယ်ကြီးဖွင့်ပြီး နားထောင်ရတာကြိုက်တယ်။
  • ညလုံးပေါက် ကခုန်ရတာကြိုက်တယ်။
၂။ ပြိဿရာသီဖွား (Taurus )
  • လှပတဲ့ ပန်းစည်းတွေကြိုက်တယ်။
  • ဖယောင်းတိုင်မီးလေးတွေကို ကြိုက်တယ်။
  • ချောကလက်နဲ့ marshmallowsကို ကြိုက်တယ်။
  • ချစ်ရသူနဲ့ အတူတူ မနက်စာစားတာကို ကြိုက်တယ်။
  • ကပိုကရိုဖြစ်နေတဲ့ ဆံပင်ပုံစံကို ကြိုက်တယ်။
၃။ မေထုန်ရာသီဖွား (Gemini)
  • ရိုလာကိုစတာစီးသလို စိတ်လှုပ်ရှားရတာကို ကြိုက်တယ်။
  • နေဝင်ချိန်မှာ မီးလင်းစပြုနေတဲ့ မြို့ပြရှုခင်းကို ငေးကြည့်ရတာ ကြိုက်တယ်။
  • ကမ်းခြေခရီးသွားရတာ ကြိုက်တယ်။
  • ကြမ်းပြင်ကို ဒေါက်ဖိနပ်နဲ့ ထိတဲ့ အသံကိုနားထောင်ရတာကို ကြိုက်တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၎။ ကရကဋ်ရာသီဖွား (Cancer)တွေ
  • ချစ်တယ်လို့ ပြောရတာ ကြိုက်တယ်။
  • ဘာကိုမှ ဂရုမစိုက်ပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ရတာ ကြိုက်တယ်။
  • နူးညံ့တဲ့ အိပ်ရာခင်းတွေကြားမှာ လုံးထွေးလူးလှိမ့်နေရတာကို ကြိုက်တယ်။
  • ရေကန်နားနီးတဲ့ အိမ်လေးမှာ အပန်းဖြေရတာကို ကြိုက်တယ်။
  • ရောင်စုံရေခဲမုန့်တွေ ကြိုက်တယ်။
၅။ သိဟ်ရာသီဖွား (Leo)
  • ရှန်ပိန်ခွက်ထဲက ပလုံစီထနေတဲ့ပူဖောင်းလေးတွေကို ကြိုက်တယ်။
  • လှပတဲ့ မီးရှူးမီးပန်းတွေကို ကြိုက်တယ်။
  • လက်ဗွေရာစနစ်မပါတဲ့ ဖုန်းတွေကို ကြိုက်တယ်။
  • နီယွန်မီးရောင်စုံတွေကြား လမ်းလျှောက်ရတာကို ကြိုက်တယ်။
  • ပါတီပွဲတွေကို ကြိုက်တယ်။
၆။ ကံရာသီဖွား (Virgo )
  • ကျားသစ်ကွက်လိုဒီဇိုင်းတွေပါတဲ့ မျက်မှန်တွေကို ကြိုက်တယ်။
  • ရေချိုးကန်ထဲမှာ ရေစိမ်ချိုးရင်း စာဖတ်ရတာကို ကြိုက်တယ်။
  • ကော်ဖီရဲ့ လတ်ဆတ်တဲ့ မွှေးရနံ့ကို ကြိုက်တယ်။
  • ခေတ်ဟောင်းစာပေတွေကို ကြိုက်တယ်။
၇။ တူရာသီဖွား (Libra)
  • ပန်းခင်းကြီးကို ဖြတ်တိုက်လာတဲ့ လေပြည်ညှင်းရဲ့ ရနံ့ကို ကြိုက်တယ်။
  • ချစ်ရသူကို လက်ဆွဲပြီးလမ်းလျှောက်ရတာကို ကြိုက်တယ်။
  • ကပိုကရိုဖြစ်နေတဲ့ ဆွယ်တာပွပွကြီးတွေကို ကြိုက်တယ်။
  • တိတ်ဆိတ်နေတဲ့ အနုပညာပြတိုက်ထဲမှာ လှည့်လည်လေ့လာရတာကို ကြိုက်တယ်။
  • အစီအစဉ်ဆွဲရတာကို ကြိုက်တယ်။
၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
  • ထူးထွေဆန်းပြားတဲ့အရာတွေကို ကြိုက်တယ်။
  • သရဲခြောက်တယ်လို့ ကျော်ကြားတဲ့ အိမ်ကြီးတွေကို ဝင်ကြည့်ရတာ ကြိုက်တယ်။
  • အနီရင့်ရောင်နှုတ်ခမ်းနီနဲ့ အနက်ရောင် လက်သည်းနီကို ကြိုက်တယ်။
  • ညသန်းခေါင်မှာ မော်ဒန်ကဗျာတွေကို ဖတ်ရတာ ကြိုက်တယ်။
  • လူတစ်ယောက်ကို စူးစိုက်ပြီးကြည့်ရတာကို ကြိုက်တယ်။
၉။ ဓနုရာသီဖွား (Sagittarius )
  • ရည်ရွယ်မထားဘဲ ခရီးသွားရတာကို ကြိုက်တယ်။
  • ဦးထုတ်နောက်ပြန်ဆောင်းပြီး နေကာမျက်မှန်တပ်ရတာကို ကြိုက်တယ်။
  • နေထွက်လာတာကို ကြည့်ရတာ ကြိုက်တယ်။
  • မြန်မာမုန့်တွေကို ကြိုက်တယ်။
  • ဂီတပွဲတွေမှာ အသံဝင်တဲ့အထိ သီချင်းတွေ အော်ဆိုရတာကို ကြိုက်တယ်။
၁ဝ။ မကာရ ရာသီဖွား (Capricorn)
  • ကော့နေအောင် မီးပူတိုက်ထားတဲ့ ဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ရတာ ကြိုက်တယ်။
  • Eye Liner လှလှလေးဆိုးရတာကို ကြိုက်တယ်။
  • ဖုန်းအားသွင်းလို့ အားပြည့်တဲ့အခါမြည်တဲ့အသံကို ကြိုက်တယ်။
  • မြူတွေဆိုင်းနေတဲ့ ရာသီဥတုကို ကြိုက်တယ်။
၁၁။ ကုံရာသီဖွား (Aquarius )
  • ညမှောင်မှောင်မှာ ပိုးစုန်းကြူးလိုက်ဖမ်းရတာကို ကြိုက်တယ်။
  • ရှေးလက်ရာဒီဇိုင်းနဲ့ လက်ဝတ်ရတနာတွေကို ကြိုက်တယ်။
  • ကြယ်ရောင်အောင်မှာ အိပ်စက်ရတာကို ကြိုက်တယ်။
  • ပန်းတွေနဲ့ သီကုံးထားတဲ့ သရဖူလေးတွေကို ကြိုက်တယ်။
  • ချိုချဉ်အရသာရှိတဲ့ ဖျော်ရည်တွေကို ကြိုက်တယ်။
၁၂။ မိန်ရာသီဖွား (Pisces )
  • မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ မီးရောင်တွေကို ကြိုက်တယ်။
  • ချိုပြင်းစူးရှတဲ့ နှစ်ချို့ဝိုင်တွေကို ကြိုက်တယ်။
  • ကဗျာရွတ်ပွဲ၊ ဂီတပွဲ၊ အနုပညာပွဲတွေကို ကြိုက်တယ်။
  • မနက်နိုးလာတဲ့အချိန်မှာ ချစ်သူပို့ထားတဲ့ message လေးတွေကို ဖတ်ရတာကြိုက်တယ်။

မှန်တယ်ဆိုရင် SHARE လိုက်ပါ။ ချစ်သူကို mention ခေါ်ပြီး သင့်အကြိုက်တွေကို ပြောပြဖို့လည်း မမေ့နဲ့ဦးနော်။