အိမ်ထောင်ရေးကြိုးဝိုင်းအတွင်း မာနချင်းထိုးသတ်တဲ့အခါ လိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းများ

blank

၁။ လူအများကြားမှာ အော်ကြီးဟစ်ကျယ်ရန်ဖြစ်တာမျိုးကို ရှောင်ကြဉ်ပါ။

၂။ ဒေါသစိတ်တွေကို အရင်လျှော့ချပါ။ ဒေါသစိတ်တွေနဲ့ အိပ်ရာမဝင်ပါနဲ့။

၃။ ဒေါသစိတ်တွေ ပြေပျောက်ပြီး စိတ်တည်ငြိမ်အေးချမ်းအောင် နှစ်ယောက်လုံး အချိန်ယူပါ။   ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ “အမြဲတမ်း” ဆိုတဲ့စကားနဲ့ “ဘယ်တော့မှ” ဆိုတဲ့စကားတွေကို မပြောမိအောင်ရှောင်ကြဉ်ပါ။

၅။ ပြဿနာဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေပါ။ ညှာတာထောက်တားပြီး ကိုယ်ချင်းစာပါ။

၆။ ရန်ဖြစ်တဲ့အခါ စိတ်ညစ်လို့ဆိုပြီး အရက်သောက်တာမျိုးကို လုံးဝရှောင်ကြဉ်ပါ။

၇။ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး “တို့နှစ်ယောက်က သူစိမ်းတွေမဟုတ်ဘူး” ဆိုတာကို အမှတ်ရလာအောင် သတိပေးပါ။

၈။ ရန်ဖြစ်တဲ့အကြောင်းကို အမေနဲ့ သူငယ်ချင်းတွေကို မပြောပါနဲ့။ ဖေ့ဘုတ်မှာလည်း မတင်ပါနဲ့။ နှစ်ယောက်တည်းသိပြီး နှစ်ယောက်တည်းဖြေရှင်းပါ။

၉။ စကားများငြင်းခုံနေမယ့်အစား ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာတွေ့နိုင်ဖို့ ကြိုးစားပါ။

၁ဝ။ ရန်ဖြစ်ငြင်းခုံကြတဲ့အခါ မျှမျှတတဖြစ်ဖို့ ကိုယ်ပိုင်စည်းမျဉ်းလေးတွေကို နှစ်ဦးသဘောတူ ထုတ်ပြန်ပါ။

ဂန္ထဝင်ပရိသတ်ကြီးရေ…။ “လင်နဲ့ မယား၊ လျှာနဲ့သွား” ဆိုသလို မကြာခဏရန်ဖြစ်တတ်ကြမှာပါ။ ဒါပေမဲ့ ရန်ဖြစ်တာတွေများလာပြီး အိမ်ထောင်ရေးကို ထိခိုက်တာမျိုးကတော့ မဖြစ်သင့်ပါဘူး။ “ရန်ဖြစ်လေ၊ ပိုချစ်လေ” ဖြစ်ဖို့ မျှမျှတတ ငြင်းခုံပါ၊ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းပါ၊ မာန်မာနတွေကို ခဝါချပါ။ မုန်တိုင်းပြီးရင် တိုက်ခတ်လာတတ်တဲ့ လေနုလေးတွေက အေးချမ်းသလို ရန်ဖြစ်ပြီးစိတ်ဆိုးပြေကာစ ဖြစ်ပေါ်လာတဲ့အချစ်တွေက ပိုမိုချိုမြိန်ပါတယ်။ ဒါကြောင့် အထက်ပါအချက်လေးတွေကို လိုက်နာပြီးမှ ရန်ဖြစ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေရှင်။

ချစ်ရသူကို mention ခေါ်ပြီး ဖတ်ခိုင်းလိုက်ပါဦး။