ကလေးတွေကို ကိုယ့်ကိုယ်ကို ကာကွယ်တတ်စေဖို့ သင်ကြားပေးထားသင့်တဲ့အရာများ

blank

ယနေ့ခေတ်ကြီးမှာ ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး လူကုန်ကူးခံရမှုတွေ၊ အကြမ်းဖက်ခံရမှု တွေ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခံရမှုတွေကို ကျွန်မတို့ မကြာခဏတွေ့မြင်ကြားသိနေရပါ တယ်။ ဒီလိုကျူးလွန်ခံရမှုမျိုးဟာ ဘဝအတွက် ကြီးမားလှတဲ့ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံရမှုဖြစ်တာကြောင့် မိဘများအနေနဲ့ မိမိတို့သားသမီး တွေကို ကြိုတင်ကာကွယ်မှုနဲ့ပတ်သက်ပြီး သိမှတ်သင့်တာလေးတွေကို သင်ကြားထားပေးဖို့က အရေး ကြီးတာဝန်တစ်ရပ်ဖြစ်လာပါတယ်။ အောက်မှာဖော်ပြထားတဲ့ စက်ဝိုင်းလေးကတော့ ငါးနှစ်မှ ဆယ်နှစ်အရွယ်ကလေးတွေကို လိင်ပိုင်းဆိုင်ရာအကြောင်း နားလည်အောင် သင်ကြားတဲ့အခါ အသုံးပြုနိုင်တဲ့ စက်ဝိုင်းလေးပဲဖြစ်ပါတယ်။ အဲ့ဒါကို ပေါင်းသင်းဆက်ဆံရေးဆိုင်ရာစက်ဝိုင်းလို့ ခေါ်ဆိုပြီး လိင်ပိုင်းဆိုင်ရာ နှောင့် ယှက်မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှ ကိုယ့်ကိုယ်ကို ကာကွယ်တတ်အောင်၊ တစ်ခုခုမှားနေရင်တောင် ကလေးတွေအနေနဲ့ သိနားလည်အောင် ကူညီပေးနိုင်ပါတယ်။

၁။ ခရမ်းရောင်စက်ဝိုင်း (သို့မဟုတ်) ကိုယ်တိုင်

ဒါက ကိုယ့်ကိုယ်ကို ကိုယ်စားပြုပါတယ်။ သင့်ကလေးငယ်ရဲ့ အနီးဆုံးလူဟာ သူကိုယ်ကိုယ်တိုင်ပဲရှိတယ်ဆိုတာကို သိနားလည်အောင် ရှင်းပြပါ။ အကယ်၍ တပါးသူတွေက ထိတွေ့ကိုင်တွယ်တဲ့အခါမှာလည်း မိဘတွေကို ပြန်ပြောပြတတ်တဲ့အကျင့်ကို မွေးမြူပေးပါ။ ငြင်းဆိုသင့်တဲ့အခြေအနေတွေမှာ မကြောက်ရွံ့ဘဲ ဘယ်လို ငြင်းဆန်ရမယ်ဆိုတာကိုလည်း သင်ကြားထားပေးပါ။

၂။ မိသားစု

ဒီစက်ဝိုင်းကတော့ မိသားစုနဲ့ ချစ်ခင်တဲ့သူတွေကို ကိုယ်စားပြုပါတယ်။ လေးစားမှု၊ ယုံကြည်မှု နဲ့ ချစ်ခင်တွယ်တာမှုစတဲ့အကြောင်းရင်းတွေကို အရင်းခံပြီး ဘယ်သူ့ကို စက်ဝိုင်းရဲ့အနီးဆုံးမှာ ထား ခွင့်ပြုတယ်ဆိုတာကို ကလေးငယ်နဲ့အတူ ဆုံးဖြတ်ပါ။ ဒါပေမဲ့ အရင်းနှီးဆုံးနဲ့ အချစ်ဆုံးသူတွေကိုတောင် သူ့နေရာနဲ့သူ ဘောင်လေးတွေကို ခွဲခြားကန့်သတ်ထားပေးပါ။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ သူငယ်ချင်းများ

ဒီစက်ဝိုင်းထဲမှာတော့ သူငယ်ချင်းတွေရယ်၊ ခင်မင်ရင်းနှီးတဲ့သူတွေရယ်ပါဝင်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေးဆိုတာ အရေးကြီးတဲ့အရာဖြစ်ပြီး ကျယ်ပြန့်တဲ့အကြောင်းအရာလည်း ဖြစ် ပါတယ်။ ဂိမ်းဆော့ဖော်၊ စကားပြောဖော်၊ ကစားဖော်၊ တစ်ခါတရံ မိတ်ဆွေဆန်တဲ့နွေးထွေးသူတွေ ပါပါတယ်။ ပေါင်းသင်းဆက်ဆံရေးဆိုတာ ယုံကြည်မှုနဲ့ လေးစားမှုပေါ်မှာ အခြေခံပါတယ်။

၎။ အသိအကျွမ်းများ

ဒီလူတွေကတော့ ကလေးငယ်တွေရဲ့ ဘဝမှာ ဆိုသလောက်အရေးမပါတဲ့လူတွေဆိုတာကို နားလည်အောင်ပြောပြထားပါ။ သူတို့ကိုပြုံးပြနှုတ်ဆက် စကားပြောတာထက်ပိုလို့မရဘူးဆိုတာကို သင်ပြထားပေးပါ။

၅။ လူမှုအကူအညီများ

ဆရာများ၊ မူကြိုဝန်ထမ်းများ၊ ရဲအရာရှိများ၊ မီးသတ်သမားများ၊ သူနာပြုများနဲ့ ဆရာဝန်များ စတဲ့သူတွေရဲ့ အကူအညီကို ကိုယ်လိုအပ်နေချိန်မှာ ယူရပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ကိုယ့်သူငယ် ချင်းမဟုတ်ပါဘူး။ နေမကောင်းဖြစ်တဲ့အချိန်မှာနဲ့ အရေးပေါ်အချိန်တွေမှာ သူတို့နဲ့ ထိစပ်မှုပြုလုပ်ရတယ်ဆိုတာကို ရှင်းပြထားပါ။

၆။ သူစိမ်းများ

သူစိမ်းဆိုတိုင်း လူဆိုးတွေမဟုတ်ပေမဲ့ မိမိမသိတဲ့ သူတွေကို လူကောင်းလူဆိုးခွဲခြားလို့မရပါဘူး။ အကောင်းဆုံးကတော့ သူစိမ်းတွေကိုမိမိအကြောင်းနဲ့ မိမိမိသားစုအကြောင်းမပြောပြသင့်ဘူးဆိုတာကို သင့်ကလေးသိအောင်ပြောပြထားပါ။ သူစိမ်းတွေပေးတဲ့အရုပ်တွေကိုမယူဖို့၊ အစားအစာတွေ၊ချိုချဉ်တွေကို မစားအောင်သင်ကြားပြသထားပေးပါ။

သင့်ကလေးငယ်ကို တစ်စုံတစ်ဦးက အနေခက်စေတဲ့အပြုအမူမျိုးလုပ်ရင် ငြင်းဆန်တတ်အောင်၊ မိမိကလည်းသူတစ်ပါးကို မထိတွေ့မကိုင်အပ်တဲ့နေရာတွေရှိတယ်ဆိုတာကို သင်ကြားပြသပေးပါ။ တချို့ကိစ္စတွေကို ရှက်စရာအဖြစ်သဘောမထားဘဲ ကလေးငယ်နားလည်လွယ်တဲ့စကားလုံးတွေနဲ့ ပျော့ပြောင်းညင်သာစွာပြောပြထားပါ။ သင့်ကလေးငယ်အနေနဲ့ တစ်ခုခုကြုံတွေ့နေရတဲ့အခါ သင့်ကိုပြောပြဆွေးနွေးရဲအောင် နွေးထွေးပွင့်လင်းတဲ့ ဆက်ဆံရေးတွေတည်ဆောက်ထားပါ။ အဲဒါဆိုရင်တော့ ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ ကြုံတွေ့ခြင်းကနေကာကွယ်လို့ရပါပြီ။

သင့်အတွက် ဗဟုသုတရစေခဲ့ရင် သူငယ်ချင်းတွေဖတ်ရအောင် SHARE ပေးလိုက်ပါဦး။