ဆယ်ကျော်သက်အရွယ်ရင်သွေးတို့နဲ့ ခိုင်မြဲတဲ့ဆက်ဆံရေး တည်ဆောက်နိုင်စေဖို့

blank

         ဘဝရဲ့ရည်မှန်းချက်အုတ်မြစ်စတည်တဲ့အရွယ်ဟာ ဆယ်ကျော်သက်အရွယ်ဖြစ်ပါတယ်။ အဲဒီ အရွယ်ဟာ ကလေးဘဝကို လွန်မြောက်ပြီး လူကြီးဘဝထဲကို ခြေလှမ်းပြင်စအချိန်မို့ ကလေးအတွက် ကော အုပ်ထိန်းသူမိဘအတွက်ပါ အရေးကြီးတဲ့အချိန်ဆိုလည်းမမှားပါဘူး။ ဒါကြောင့် မိဘများအနေနဲ့ ဆယ်ကျော်သက်ရင်သွေးများနဲ့ ဆက်ဆံရေးပြေလည်ခိုင်မြဲပြီး နားလည်မှုရရှိစေမယ့် ဆက်ဆံရေး တည်ဆောက်နည်းလေးများကို ဂန္ထဝင်မှ ရေးသားတင်ဆက်လိုက်ပါတယ်ရှင်။

၁။ သင့် သားသမီးရဲ့ အပေါင်းအသင်းတွေနဲ့တွေ့တဲ့အခါ ပြုံးပြပါ။ သူတို့အတွက် သင်က စကားစမြည် ပြောဆိုဖို့ကောင်းတဲ့ နွေးထွေးဖော်ရွေသူဖြစ်အောင် နေပါ။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ သင့်သားသမီးရဲ့ အတည်တကျမဟုတ်သေးတဲ့ ချစ်သူကို တရင်းတနှီးဆက်ဆံတာမျိုးကို ရှောင် ကြဉ်ပါ။

၃။ သင့်သားသမီးနဲ့ အပြိုင်ဆယ်ကျော်သက်လို ဝတ်ဆင်ပြုမူတာမျိုးတွေကို ရှောင်ကြဉ်ပါ။

၎။ သင့်သားသမီးနဲ့ နှစ်ယောက်တည်းရှိတဲ့အခါ စကားစမြည်ပြောဆိုပြီး သိစေချင်တာလေးတွေကို ဆွေးနွေးပါ။ ဒါပေမဲ့ သူတို့ရဲ့လွန်မြောက်ပြီးသားကလေးဘဝက အားနည်းချက်တွေ၊ ကသိကအောက် ဖြစ်စရာအကြောင်းအရာတွေကို ပြန်တူးဆွတာမျိုးကို ရှောင်ကြဉ်ပါ။

၅။ သင့်သားသမီးရဲ့သူငယ်ချင်းတွေရှေ့မှာ ပြစ်တင်ဆုံးမစကားပြောတာမျိုးကို ရှောင်ကြဉ်ပါ။

၆။ သင့်သားသမီးရဲ့သူငယ်ချင်းတွေ အိမ်မှာလာအိပ်တဲ့အခါ သူတို့စကားဝိုင်းကြားမှာ ဝင်မပါပါနဲ့။ ဒါပေမဲ့ သင်ရှိနေကြောင်းတော့ သူတို့သိအောင်နေထိုင်ပါ။

၇။ သင့်သားသမီးတွေကို တစ်နေရာရာမှာ သွားကြိုစရာရှိရင် ကြိုမယ့်အချိန်ကို ပြောထားပါ။ ပြောထားတဲ့ အချိန်အတိုင်း တိတိကျကျကြိုပါ။ သူတို့ကို စောင့်ခိုင်းထားတာမျိုးကို ရှောင်ကြဉ်ပါ။

မိသားစုဘဝတိုင်း ပျော်ရွှင်ချမ်းမြေ့မှုတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်။ ဆောင်းပါးလေးကို နှစ်သက်တယ် ဆိုရင် SHARE လိုက်ပါဦးနော်။