အိမ်ထောင်မှုဆိုသော ဟင်းလျာလေးကို မွှေးပျံ့စေမည့် ဟင်းခတ်အမွှေးအကြိုင်များ

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… ကျွန်မတို့ ဟင်းချက်တဲ့အခါ ဟင်းတွေ ပိုမိုမွှေးပျံ့ပြီး စားချင်စဖွယ်ဖြစ်စေဖို့ ဟင်းခတ်အမွှေးအကြိုင်တွေ သုံးတတ်ကြတယ်မဟုတ်လား။ အိမ်ထောင်ရေးကို ဟင်းတစ်ခွက်လို သဘောထားကြည့်လိုက်ပါ။ ပိုမိုသာယာပျော်ရွှင်ပြီး အများတကာက အားကျရတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ဟင်းခတ်အမွှေးအကြိုင်လေးတွေ သုံးဖို့ လိုအပ်တယ် မဟုတ်လား။ အိမ်ထောင်ရေးအတွက် လိုအပ်တဲ့ ဟင်းခတ်အမွှေးအကြိုင်လေးတွေကတော့ အောက်ပါနည်းလမ်းလေးတွေပေါ့။

၁။ Message ပို့ပါ။

သူအလုပ်သွားနေတဲ့အချိန်လေးတွေ၊ သင့်အနားမှာ သူရှိမနေသင့်တဲ့အချိန်လေးတွေမှာ သူ့ဆီကို message ပို့ပါ။ ဒီအပြုအမူလေးက သူ့စိတ်ထဲမှာ သင့်ကို အမြဲတမ်း အမှတ်ရနေစေပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ ချိန်းတွေ့ပါ။

အိမ်ထောင်မှုတာဝန်တွေကြားမှာ တစ်ယောက်နဲ့တစ်ယောက်အချိန်ပေးဖို့ ခက်ခဲလာတတ်ပါတယ်။ လက်ထပ်ပြီးပေမဲ့လည်း ရင်ခုန်သံတွေ အေးစက်မသွားစေဖို့ ချစ်သူဘဝတုန်းကလို ချိန်းတွေ့တာမျိုးတွေ၊ လျှောက်လည်တာတွေ၊ ညစာအတူတူစားတာမျိုးတွေ ပြုလုပ်ပါ။ အလှဆုံးပြင်ဆင်သွားဖို့တော့ မမေ့နဲ့ပေါ့။

၃။ အမှာစာလေးတွေ ချန်ခဲ့ပါ။

သူ့အတွက် သတိပေးစာလေးတွေ၊ အမှာစကားလေးတွေကို နှုတ်ကမပြောဘဲ သူထိတွေ့နေရတဲ့အသုံးအဆောင်လေးတွေ (ဥပမာ- ကားဒတ်ရှ်ဘုတ်၊ ထမင်းဘူး၊ ဘောင်းဘီအိတ်ကပ်၊ လက်စွဲအိတ်)မှာ ထည့်ပေးပြီး ပြောခြင်းက သူ့ကို ပိုပြီး အမှတ်ရစေနိုင်ပါတယ်။ ဒါ့အပြင် ဒီလုပ်ရပ်လေးက ရင်ခုန်သံတွေ၊ အချစ်တွေကို ပိုမိုတိုးလာစေပြီး အိမ်ထောင်ရေးမှာ သာယာပျော်ရွှင်စေနိုင်ပါတယ်။

၎။ ဖုန်းတွေကို အခန်းအပြင်မှာပဲ ထားပါ။

အိပ်ခန်းထဲ နှစ်ယောက်အတူရှိနေချိန်တွေမှာ ဖုန်းသုံးတာတွေကို ရှောင်ကြဉ်ပါ။ ဇနီးမောင်နှံတွေကြားက ရင်ခုန်စရာအချိန်လေးတွေကို ဖျက်ဆီးနေတဲ့ facebookတွေ ၊ သတင်းwebsite တွေ၊ လူမှုကွန်ယက်တွေကို ရှောင်ရှားနိုင်ဖို့ ဖုန်းတွေကို အခန်းအပြင်မှာပဲ ထားခဲ့ပါ။

၅။ ဖယောင်းတိုင်မီးလေးတွေကို သုံးပါ။

ဖယောင်းတိုင်လေးတွေထွန်းပြီး လှပစွာ ပြင်ဆင်ထားတဲ့ ညစာစားပွဲလေးဟာ ဇနီးမောင်နှံနှစ်ယောက်ကြားက ရင်ခုန်သံလေးတွေကို ပြန်လည်အသက်ဝင်စေပါတယ်။ ငြိမ့်ညောင်းတဲ့တေးသွားလေးရယ်၊ ဝိုင်ချိုချိုလေး တစ်ပုလင်းရယ်ပါ ပေါင်းထည့်လိုက်ရင် ချိုမြတဲ့ ရင်ခုန်သံတွေကို တဖန်ပြန်လည် ခံစားရမှာ အသေအချာပါပဲ။

အထက်ပါနည်းလမ်းလေးတွေက သင်နဲ့ သင့်အိမ်ထောက်ဖက်အကြား ရင်ခုန်သံတွေ မြန်ဆန်လာစေပြီး ချစ်ခြင်းမေတ္တာတွေကို ဖော်ဆောင်ပေးနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ပိုမွှေးပြီး စားချင်စဖွယ်ဖြစ်အောင် ဟင်းခတ်အမွှေးအကြိုင် သုံးသလိုပေါ့။ ပျော်ရွှင်စရာကောင်းပြီး တည်မြဲတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုဖို့တိုက်တွန်းလိုက်ပါတယ်နော်။

သင်ရော သင့်အိမ်ထောင်ရေးပျော်ရွှင်တည်မြဲဖို့ ဘယ်လိုနည်းလမ်းလေးတွေ အသုံးပြုပါသလဲ။ Comment Box မှာ မျှဝေခဲ့ပါဦး။