သင့်အိမ်ထောင်ဖက်ရဲ့ ရာသီခွင်ကိုကြည့်ပြီး သိနိုင်တဲ့ သူ့ရဲ့ ကောင်းကွက်ဆိုးကွက်လေးများ

blank

၁။ သင့်အိမ်ထောင်ဖက်က မိဿရာသီဖွား (Aries)ဆိုရင် – သူကပျော်ပျော်နေတတ်တဲ့အတွက် အိမ်ထောင်ရေးမှာ ငြီးငွေ့စရာကောင်းတဲ့အချိန်ဆိုတာ လုံးဝရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ မဆိုစလောက်လေး တစ်ကိုယ်ကောင်းဆန်တတ်ပြီး ဆရာလုပ်တတ်တဲ့ အကျင့်လေးကိုတော့ သည်းခံဖို့ လိုပါတယ်။

၂။ သင့်အိမ်ထောင်ဖက်က ပြိဿရာသီဖွား (Taurus )ဆိုရင် – သူက သစ္စာရှိတယ်၊ အလုပ်ကြိုးစားတယ်၊ အိမ်မြဲတယ်၊ ပြီးတော့ အကောင်းကြိုက်တတ်တယ်။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်မပြတတ်တာကြောင့် အိမ်ထောင်ရေးမှာ ငြီးငွေ့စရာကောင်းတယ်လို့ ထင်ရပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သင့်အိမ်ထောင်ဖက်က မေထုန်ရာသီဖွား (Gemini)ဆိုရင် – သူက စကားပြောကောင်းတယ်၊ စိတ်ဝင်စားစရာကောင်းတယ်၊ ပြီးတော့ စမတ်ကျတယ်။ ဖျောက်မရတဲ့ အကျင့်ဆိုးလေးတစ်ခုကတော့ ပြန်မပြောနားမထောင်တတ်တာပါပဲ။

၎။ သင့်အိမ်ထောင်ဖက်က ကရကဋ်ရာသီဖွား (Cancer)ဆိုရင် – သူဟာ  ချစ်ခင်ကြင်နာပြီး ယုယတတ်တဲ့သူပါ။ သင့်ရဲ့စိတ်ခံစားချက်တွေကို နားလည်ပေးနိုင်ပြီး သင့်ကို ပျော်ရွှင်အောင် အလိုလိုက်မှာပါ။ သူ့ရဲ့ သဝန်တိုတတ်တဲ့အကျင့်ဆိုးလေးကိုတော့ သင်သည်းခံရပါလိမ့်မယ်။

၅။ သင့်ရဲ့ အိမ်ထောင်ဖက်က သိဟ်ရာသီဖွား (Leo)ဆိုရင် – သင်ပျင်းနေတယ်ဆိုတိုင်း အပျင်းပြေရအောင် သူက တစ်ခုခု ဖန်တီးပေးတတ်ပါတယ်။ တစ်ခါတလေ ရင်ခုန်စရာကောင်းတဲ့ surprise လေးတွေပါ ဖန်တီးပေးတတ်ပါသေးတယ်။ ဒါပေမဲ့ ထစ်ခနဲရှိ စိတ်ကောက်တတ်တဲ့ သူ့အကျင့်ကိုတော့ သည်းခံရလိမ့်မယ်။

၆။ သင့်အိမ်ထောင်ဖက်က ကံရာသီဖွား (Virgo ) ဆိုရင် – သူက ငွေရှာတော်ပြီး၊ စိစစ်စွာ သုံးစွဲတတ်သူဖြစ်တာကြောင့် ငွေကြေးပြဿနာတွေ ကြုံရမှာကို ပူစရာ မလိုတော့ဘူးပေါ့။ ဒါပေမဲ့ ရှေးရိုးဆန်ပြီး စည်းကမ်းကြီးတဲ့သူ့အကျင့်ကြောင့် စိတ်ကသိကအောက်ဖြစ်ရတတ်ပါတယ်။

၇။ သင့်အိမ်ထောင်ဖက်က တူရာသီဖွား (Libra)ဆိုရင် – သူရဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ စကားပြောချိုသာမှုနဲ့ ရင်ခုန်စရာ အပြုအမူတို့ကြောင့် သင်ပီတိဖြစ်ရမှာပါ။ ဒါပေမယ့် ရှုပ်ပွေချင်တဲ့စရိုက်လေးရှိတာကြောင့် သင်သေချာ ထိန်းချုပ်ရလိမ့်မယ်။

၈။ သင့်အိမ်ထောင်ဖက်က ဗြိစ္ဆာရာသီဖွား(Scorpio)ဆိုရင် – သူက သစ္စာရှိတယ်၊ ရည်မှန်းချက်ကြီးမားတယ်၊ ဆုံးဖြတ်ချက်ပြတ်သားတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့လျှို့ဝှက်တတ်တဲ့အကျင့်၊ အထိနာအောင် စကားပြောတတ်တဲ့အကျင့်တွေကြောင့် စိတ်ညစ်ရတဲ့အချိန်မျိုးတွေ ရှိတတ်ပါတယ်။

၉။ သင့်အိမ်ထောင်ဖက်က ဓနုရာသီဖွား (Sagittarius ) ဆိုရင် – သူဟာ ခရီးသွားရတာကို နှစ်သက်တယ်၊ ဘဝကို တိုးတက်မြင့်မားဖို့ အမြဲကြိုးစားနေတတ်ပြီး ဉာဏ်ပညာကြီးမားသူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အငြင်းသန်တဲ့စိတ်၊ အရာရာကို သူသိသူတတ် ပြောဆိုတတ်တဲ့စိတ်ကြောင့် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ရပါလိမ့်မယ်။

၁ဝ။ သင့်အိမ်ထောင်ဖက်က မကာရ ရာသီဖွား (Capricorn) ဆိုရင် – သူဟာ အောင်မြင်အောင်ကြိုးစားတတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ဦးစီးကောင်း တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ခေါင်းမာတတ်တဲ့စိတ်လေးကြောင့် သင်အနည်းငယ် စိတ်ညစ်တတ်ရပါတယ်။

၁၁။ သင့်အိမ်ထောင်ဖက်က ကုံရာသီဖွား (Aquarius )ဆိုရင် – စိတ်သဘောထားနူးညံ့ပျော့ပျောင်းပြီး တက်ကြွကြိုးစားတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ဘဝအကြောင်းနဲ့ ပတ်သတ်ပြီး ဆွေးနွေးတော့မယ်ဆိုရင် သူ့ရဲ့ ကပျက်ကချော်လုပ်တတ်တဲ့အကျင့်လေးတွေကို သည်းခံရပါလိမ့်မယ်။

၁၂။ သင့်အိမ်ထောင်ဖက်က မိန်ရာသီဖွား (Pisces)ဆိုရင် – သူဟာ စကားနားထောင်ပြီး လိမ္မာတဲ့ အိမ်ထောင်ဖက်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အချစ်ကို ထုတ်ဖော်မပြောတတ်တဲ့ အကျင့်လေးကြောင့် သူသင့်ကို ချစ်ရောချစ်ရဲ့လားဆိုပြီး သံသယဝင်ရတတ်ပါတယ်။

သင့်အိမ်ထောင်ဖက်ကို mention ခေါ်ပြီး ဖတ်ခိုင်းဖို့ မမေ့နဲ့နော်။