မိန်းကလေးအမျိုးမျိုးရှိရာမှ သင့်ကို ဘယ်အမျိုးအစားလေးက ထင်ဟပ်ဖော်ပြနေလဲ။

blank

၁။ မပြုမပြင်နေတတ်သူလေး

နောက်ဆုံးပေါ်အဝတ်အစားတွေကို ဂရုမစိုက်ဘူး။ နောက်ဆုံးပေါ်အသုံးအဆောင်တွေကို မသုံးဘူး။ မိတ်ကပ်အကြောင်းလည်း ဘာမှမသိဘူး။ သူမရဲ့ အနှစ်သက်ဆုံးစတိုင်လ်က ဂျင်းဘောင်းဘီနဲ့ တီရှပ်ပဲဖြစ်ပါတယ်။

၂။ အရပ်ပုပြီး သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းသူလေး

သူမက ပုပုသေးသေးလေးနဲ့ သွက်သွက်လက်လက်နေတတ်ပြီး နှုတ်ခမ်းနီရဲရဲလေးဆိုးဖို့ ဘယ်တော့မှ မမေ့တတ်သူလေးပေါ့။

၃။ ဒေါသအိုးလေး

သူမစိတ်က ပုံမှန်မရှိဘူး။ ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ဒေါသထွက်တတ်တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။ စမတ်ကျသူလေး

သူမက ရိုးသားပွင့်လင်းပြီး နားလည်မှုအပြည့်အဝရှိတယ်။ သူမကို ချီးမွမ်းမြှောက်ပင့်လည်း ပုံမှန်အတိုင်းပဲ နေတတ်သူလေးပါ။

၅။ ယောကျာ်းဆန်သူလေး

သူမရဲ့ ယောကျာ်းဆန်တဲ့အပြုအမူတွေကြောင့် ယောကျာ်းလျာတစ်ယောက်လို အထင်ခံရပေမဲ့ တကယ်တမ်းက မိန်းကလေးစိတ်ပါ။ ယောကျာ်းလေးတွေက သူတို့ကို ချစ်သူတစ်ယောက်လို ဘော်ဒါလိုပဲ သဘောထားချင်ကြတယ်။

၆။ အမြဲတမ်းမျက်မှောင်ကုတ်ထားသူလေး

တစ်နေ့လုံးမှ မျက်မှောင်ကုတ်မထားရရင် သူမရဲ့တစ်နေ့တာ မပြည့်စုံဘူးလို့ထင်ရသူလေးပေါ့။ အလိုမကျစရာတွေတွေ့လေ မျက်မှောင်ပိုကုတ်ထားလေပါပဲ။

၇။ ဦးဆောင်နိုင်သူလေး

သူမမှာ ခေါင်းဆောင်မှုစွမ်းရည်တွေရှိနေပါတယ်။ သူမက စကားပြောဆိုရဲတယ်။ ယောကျာ်းလေးတွေအနေနဲ့ သူမကို အနာဂတ်ရဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် မြင်နိုင်ပါတယ်။

၈။ ဂျိုကာမလေး

ပျော်ရွှင်စရာနေ့လေးတွေဖြစအောင် ဖန်တီးပေးမယ့် မိန်းကလေးပါ။ အဆိုးတွေကိုတွေ့ရမှာ တောင်မမှုဘဲ သင့်အတွက် ပျော်ရွှင်မှုတွေကို ဖန်တီးပေးမယ့်သူလေးပါ။ သူမက နားလည်မှုလည်း အရမ်းရှိတယ်။

၉။ ပိန်ပိန်ရှည်ရှည်လေး

သူငယ်ချင်းတွေက “အရှည်ကြီး”တို့၊ “ ဝါးခြမ်းပြား”တို့ ချစ်စနိုးစနောက်တာခံရတဲ့ ချစ်စရာ ပိန်သွယ်မြင့်မားသူလေးပေါ့။

၁ဝ။ အိမ်ထောင်ရှင်မ ပီသသူလေး

အလိုက်သိတတ်တဲ့၊ ဂရုစိုက်တတ်တဲ့ မေမေ့သမီးအလိမ္မာ ဗိုင်းကောင်းကျောက်ဖိလေးပေါ့။

၁၁။ လှအိုးကွဲလေး

လူတကာရဲ့ ဂရုပြုအာရုံစိုက်မှုတွေကို သိမ်းပိုက်ထားနိုင်သူလေးပေါ့။

၁၂။ ခေါင်းမာသူလေး

မှန်တယ်ထင်ရင် တစ်လောကလုံးနဲ့ တစ်ယောက်လည်း ရင်ဆိုင်ရဲပြီး ရှုပ်ထွေးတဲ့ဘဝကို မနှစ်သက်သူလေးပေါ့။

၁၃။ အသည်းကွဲဖူးတဲ့သူလေး

အတိတ်တုန်းက အသည်းကွဲခဲ့ဖူးပြီး ပြန်ရုန်းထွက်လာသူလေးပေါ့။

၁၄။ အစားကြီးသူလေး

အစားပုပ်တဲ့ မိန်းကလေးပေါ့။ ခန္ဓာကိုယ်အဆီတက်မှာလည်း စိတ်မပူပါဘူး။ ဝိတ်တက်မယ့် အခြေအနေတွေကိုပဲ ဆက်ထိန်းသွားနေတယ်။

၁၅။ နုနယ်တဲ့မိန်းကလေး

သူမက မဝဘူး။ အသားအရေလည်း လှတယ်။ လုံးဝအလယ်အလတ်သမားလေးပေါ့။

၁၆။ အသားအရေလှသူလေး

သူက အစားကို ထိန်းထိန်းသိမ်းသိမ်းစားတာကြောင့် ဝိတ်မတက်ပါဘူး။ သူမက မော်ဒယ်လ်တစ်ယောက်လို အသားအရေကို သေချာဂရုစိုက်တတ်သူလေးဖြစ်တယ်။

၁၇။ အားကစားလိုက်စားသူလေး

သူမက စိတ်ဓာတ်ခိုင်မာပြီး ကျန်းမာရေးကို အလေးထားသူလေးပေါ့။

၁၈။ အရပ်ရှည်တဲ့မိန်းကလေး

သူမရဲ့အရပ်အမြင့်က အများကြားမှာထင်ရှားစေတဲ့ သူမရဲ့ကိုယ်ပိုင်အမှတ်အသားပဲ ဖြစ်တယ်။

၁၉။ တစ်ခါမှ မချစ်ဖူးသူလေး

သူမက မချစ်ဖူးဘူး။ မနမ်းခဲ့ဖူးဘူး၊ ဘယ်တော့မှလည်း မထိတွေ့ခဲ့ဖူးပါဘူး။

၂ဝ။ အနုပညာဆန်သူလေး

အနုပညာကို မြတ်နိုးပြီး ဓာတ်ပုံတွေရိုက်ရတာလည်း ဝါသနာကြီးတယ်။ သူမရဲ့ ဖေ့ဘွတ်ခ် ပေါ်မှာ အနုပညာခံစားမှုတွေနဲ့ ပြည့်နေတတ်သူလေးပေါ့။

၂၁။ သမီးလိမ္မာလေး

အလုပ်သိပ်ကြိုးစားပြီး ကြိုးစားသမျှတိုင်းက သူမရဲ့မိသားစုအတွက်လို့ မှတ်ယူထားသူလေး ပေါ့။

၂၂။ အကကောင်းသူလေး

သူမက ကတတ်တယ်။ တိတ်တိတ်လေး ခိုးဝှက်ကတတ်တယ်။

၂၃။ အဆိုတော်မလေး

သူမမှာ သိပ်ကောင်းတဲ့အသံရှိတယ်။ အများအားဖြင့်တော့ သူမရဲ့ အရည်အချင်းကို ထုတ် ဖော်ပြဖို့ သူမရှက်နေတတ်တယ်။

ကဲ… သင်ကော ဘယ်လိုမိန်းကလေးမျိုးလဲဆိုတာ ဒါမှမဟုတ် သင့် ချစ်သူလေးက ဘယ်လို မိန်းကလေးမျိုးလည်းဆိုတာကို  comment box မှာ ရေးရင်း mention ခေါ်လိုက်ပါအုံးနော်။ ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦး။