ဝေခွဲရခက်နေတဲ့ အချစ်ရေးပြဿနာတစ်ခုကို ခိုင်ခိုင်မာမာဆုံးဖြတ်နိုင်ဖို့ မေးခွန်းလေးများ။

blank
Young asian smile beautiful nurse in purple uniform hold at red heart Healthcare Medical comercail concept for background

လက်ရှိအချစ်ရေးကို လက်လွှတ်လိုက်ရမှာလား၊ ဆက်လက်ဆုပ်ကိုင်ထားရမှာလားဆိုတာ ဝေခွဲမရဖြစ်နေရင် ဒီမေးခွန်းလေးတွေကို အရိုးသားဆုံး၊ မှန်မှန်နဲ့ မြန်မြန်ဖြေကြည့်ပါ။ “ဟုတ်တယ်၊ မဟုတ်ဘူး” ပဲဖြေကြည့်ရအောင်နော်။

၁။ ပျော်ရွှင်ရတဲ့အချိန်ထက် ဝမ်းနည်းရတဲ့အချိန်တွေက ပိုများနေပြီလား။

၂။ ဘယ်သူမှမမြင်နိုင်တဲ့နေရာမှာ တစ်ယောက်တည်း ကြိတ်ငိုနေပြီရလား။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ခံစားချက်တွေကြောင့် ရင်ထဲမှာ တစ်ဆို့ဆို့ကြီးဖြစ်နေရပြီလား။

၎။ သူ့ရဲ့နှလုံးသားထဲကလာတဲ့ ချစ်စကားလေးတွေကို မကြားရတာ ကြာပြီလား။

၅။ အစားတွေအရမ်းစားဖြစ်တာ (ဒါမှမဟုတ်) အစားကောင်းကောင်းမစားတာတွေ ဖြစ်နေပြီလား။

၆။ အိမ်လည်းမပြန်ချင်၊ သူနဲ့လည်းမတွေ့ချင်တာကြောင့် အလုပ် (ဒါမှမဟုတ်) ဝါသနာတစ်ခုကိုပဲ စိတ်နှစ်ပြီးလုပ်ဖြစ်နေပြီလား။

၇။ နှစ်ယောက်အတူဆွေးနွေးသင့်တယ်ထင်လို့ သင်ပြောလိုက်တဲ့အကြောင်းအရာတစ်ခုကို သူက မလေးမခန့်လုပ်တာ၊ ပျက်ရယ်ပြုတာတွေ ရှိနေပြီလား။

၈။ အချစ်ရေးအဆင်မပြေတဲ့ လျှို့ဝှက်ချက်တွေကို တခြားသူတွေကို ပြောပြမိနေပြီလား။

၉။ ဘယ်လိုရယ်မောရတာလဲ ဆိုတာကိုတောင် မေ့သလိုလိုဖြစ်နေပြီလား။

၁ဝ။ သူနဲ့အတူတူ လူကြားထဲသွားတဲ့အခါမျိုးမှာ သင့်ကို အရှက်ရစေမယ့်ကိစ္စတစ်ခုခုများ သူလုပ်လေမလားဆိုပြီး စိုးရိမ်နေတတ်ပြီလား။

၁၁။ နောက် ၁ဝနှစ်အကြာမှာ ဘဝကို ဒီလိုမျိုးမဟုတ်ဘဲ ဘဝအသစ်တစ်ခုအဖြစ် ပြောင်းလဲဖြတ်သန်းချင်နေပြီလား။

၁၂။ သူနဲ့ငြင်းခုံရပြီး ပဋိပက္ခဖြစ်မှာစိုးလို့ သင့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို မျိုသိပ်ထားနေရပြီလား။

၁၃။ ဒီမေးခွန်းတွေ ဖြေနေတဲ့အချိန်မှာ ဝမ်းနည်းပြီး မျက်ရည်ကျနေပြီလား။

ကဲ… မေးခွန်းအားလုံးဖြေပြီးပြီဆိုရင် လက်ရှိအချစ်ရေးနဲ့ပတ်သတ်ပြီး ပြတ်သားတဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ သုံးသပ်ကြည့်လိုက်ရအောင်။

တကယ်လို့ အထက်ပါမေးခွန်းတော်တော်များများကို “ဟုတ်တယ်” လို့ ဖြေထားတယ်ဆိုရင် ဒီအချစ်ရေးကို ကျောခိုင်းသင့်နေပြီလို့ ယူဆနိုင်ပါတယ်။ အထီးကျန်မှာကို မကြောက်ပါနဲ့။ မပျော်ရွှင်ရမှာ၊ နာကျင်ခံစားရမှာကိုသာ ကြောက်ပါ။ ဘဝတိုတိုလေးမှာ ပျော်ရွှင်နိုင်ဖို့ ဘဝထဲက အဆိပ်သင့်အရာတွေကို မောင်းထုတ်သင့်ရင် မောင်းထုတ်ပစ်ရမှာ မဟုတ်ပါလား။

တကယ်လို့ မေးခွန်းတော်တော်များများကို “မဟုတ်ဘူး” လို့ ဖြေတယ်ဆိုရင်တော့ ဒါဟာ ကျောခိုင်းလမ်းခွဲသင့်တဲ့ အခြေအနေတစ်ခု မဟုတ်သေးပါဘူး။ အချစ်စစ်ဆိုတာ အမြဲတမ်းသာယာနေတယ်လို့ မရှိပါဘူး။ ဒီတော့ အချစ်ရေးမှာ ပျော်ရွှင်ဖို့ ချစ်သူနှစ်ဦး အတူတူတိုင်ပင်ညှိနှိုင်းပြီး ရွှေရောင်နေ့ရက်လေးတွေကို ဖန်တီးဖို့ အကြံပေးလိုက်ပါတယ်နော်။

စိတ်ဝင်စားစရာကောင်းတဲ့ ဒီစာစောင်လေးကို SHARE လိုက်ပါနော်။