နည်းပညာတွေက သင့်အချစ်ရေးကို ပျက်စီးစေပါသလား။

blank

၁။ နှစ်ယောက်အတူရှိနေချိန်လေးတွေမှာ ဖုန်းပိတ်ထားပါ။

နှစ်ယောက်အတူရှိနေချိန်မှာ ဖုန်းသံပိတ်ထားရုံနဲ့မလုံလောက်ပါဘူး။ ဖုန်းဝင်နေမှာကို ပိုအာရုံစိုက်မိနေတဲ့အတွက် နှစ်ယောက်သားစကားပြောချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ဖုန်းပိတ်ထားလိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၂။ အင်တာနက်သုံးချိန် အတူတူထားပါ။

နှစ်ယောက်သား အင်တာနက်သုံးချိန်အတူတူထားခြင်းဖြင့် အွန်လိုင်းပေါ်အတူရှိနေပြီး တစ်ယောက်သုံးနေတာကို တစ်ယောက် မြင်သာစေပြီးသားဖြစ်စေပါတယ်။ ဒါ့အပြင် အွန်လိုင်းဂိမ်းတွေ အတူကစားတာကလည်း နှစ်ဦးသားကြားညီညွှတ်မှု၊ အပေးအယူမျှတမှုတို့ကိုပါ တည်ဆောက်ပြီးသား ဖြစ်စေပါတယ်။

၃။ အပြန်အလှန်လွတ်လပ်ခွင့်ကို လေးစားပါ။

ချစ်သူနှစ်ဦးကြားမှာ အမြဲအဆက်အသွယ်ရှိနေတာကောင်းပါတယ်။ ဒါပေမဲ့ facebook password တောင်းတာ၊ ချစ်သူတင်သမျှပို့စ်တိုင်းကို နောက်ယောင်ခံလိုက်ကြည့်ပြီး စစ်ဆေးတာမျိုးတွေက ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးလာစေတတ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

၎။ ပွင့်လင်းမြင်သာမှုရှိပါ။

အွန်လိုင်းပေါ်မှာ သင်တင်သမျှပို့စ်တိုင်းက သင့်ချစ်သူအတွက် ပွင့်လင်းမြင်သာမှုရှိပါစေ။ ဒါပေမဲ့ နှစ်ဦးသားခံစားချက်တိုင်းကိုတော့ အများမြင်သာတဲ့ အွန်လိုင်းပေါ်မတင်ပါနဲ့။ အပြင်မှာ မျက်နှာချင်းဆိုင်တွေ့ပြီး ပြောဆိုတာက အချစ်ရေးကို ပိုမိုလေးနက်ခိုင်မြဲစေပါတယ်။

ချစ်သူစုံတွဲများအားလုံး အချစ်ရေးတွေပြေလည်ပြီး ပျော်ရွှင်စရာနေ့ရက်တွေဆီ အတူတကွ ချီတက်နိုင်ကြပါစေ။ ဒီစာစောင်လေးကို အတူတူဖတ်ဖို့ သင့်ချစ်သူကိုလည်း mention ခေါ်လိုက်ပါဦးနော်။ ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။