တန်ဖိုးရှိတဲ့သူတွေနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ပိုင်ဆိုင်နိုင်စေဖို့။

blank

“ဘဝကြီးထဲကို မိတ်ဆွေတစ်ယောက်ဝင်လာတိုင်း ဘဝရဲ့ကမ္ဘာသစ်လေးတစ်ခု တိုးလာတယ်”တဲ့။ ဒီစကားလေးက မှန်ကန်တယ်မဟုတ်လား ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ။ ပြီးတော့ ဒီကမ္ဘာလေးတွေ လှပသာယာနေအောင်လည်း နှစ်ဦးနှစ်ဖက်လုံးက ကြိုးစားတည်ဆောက်ရမှာပါ။ ဘဝဆိုတာ သိပ်ကိုတိုတောင်းလှပါတယ်။

တိုတောင်းလှတဲ့အချိန်ခဏလေးမှာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့

ကိုယ်ချစ်ရသူ၊ ကိုယ်လေးစားမြတ်နိုးရသူ၊

ကိုယ့်ကို ပျော်ရွှင်စေမယ့်သူတွေကိုသာ

ကိုယ့်အနီးအနားမှာ လက်ခံထားသင့်ပါတယ်။

ဒီလိုလူတွေနဲ့ ရင်းနှီးခင်မင်စွာ ဆက်ဆံနိုင်စေဖို့ အမြဲအမှတ်ရနေသင့်တဲ့ လူမှုဆက်ဆံရေး နည်းလမ်းကောင်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ တစ်ခါတလေမှာ သမာရိုးကျကိစ္စရပ်လေးတွေကို ထူးထူးဆန်းဆန်လေးတွေဖြစ်အောင် မှန်ကန်တဲ့သူတွေနဲ့အတူ လုပ်ယူပါ။

၂။ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကို လက်လွှတ်လိုက်ပါ။ ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေကိုပဲ အာရုံစိုက်ပါ။

၃။ ပတ်ဝန်းကျင်က လူတွေရဲ့လွှမ်းမိုးမှုက ဘဝအပေါ်မှာ ကြီးကြီးမားမားသက်ရောက်နေတာကြောင့် ကိုယ့်ကို မြှင့်တင်ပေးနိုင်တဲ့သူတွေကို ဦးစားပေးပါင်းသင်းပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ သင့်ရဲ့လုပ်နိုင်စွမ်းတွေကို ထုတ်ဖော်ပေးတဲ့သူ၊ စိတ်ကူးဉာဏ်တွေကို ထက်သန်စေသူတွေကသာ သင့်ဘဝအတွက် သင့်တော်တဲ့လူမှန်တွေဖြစ်တယ်ဆိုတာကို နှလုံးသွင်းထားပါ။

၅။ ဆက်ဆံရေးတစ်ခု ကောင်းမွန်တည်တံ့ဖို့အတွက် ပျော်ရွှင်မှုတွေ၊ စိတ်ကူးအိပ်မက်တွေ၊ ဂုဏ်သိက္ခာတွေကို စတေးပစ်ဖို့မလိုဘူးဆိုတာကို မှတ်ထားပါ။

၆။ သင့်ကို အမိန့်ပေးနေတဲ့သူရဲ့စကားထက် သင့်ကို အကြံဉာဏ်ပေးနေတဲ့သူရဲ့ စကားကိုပိုနားထောင်ပါ။

၇။ ပျော်ရွှင်စရာဆက်ဆံရေးတစ်ခုဖြစ်လာဖို့ အချိန်တွေ၊ သည်းခံမှုတွေကို အချိုးကျပေါင်းစပ်ပြီး နှစ်ဦးစလုံးဖန်တီးယူရတယ်ဆိုတာကို နားလည်ထားပါ။

၈။ အတုံ့အလှည့်များတဲ့လောကကြီးမှာ ကိုယ်ပေးလိုက်သမျှ ကိုယ်ပြန်ရမယ်ဆိုတာကို သတိရပါ။ လူတိုင်းကို အကြင်နာတရားနဲ့ ဆက်ဆံပါ။

၉။ သင့်ကို ကူညီခဲ့ဖူးတဲ့လူတိုင်းကို တစ်ဖန်ပြန်လည်ကူညီဖို့ ဘယ်တော့မှ မငြင်းဆန်ပါနဲ့။ အချိန်ပေးပြီး ကူညီပါ။

၁ဝ။ အမှတ်တရလေးတွေကအစ မှတ်မိနေအောင် ကြိုးစားပါ။ တစ်ယောက်ယောက်ကို သတိရတဲ့အခါ သူနဲ့အတူရှိခဲ့ဖူးတဲ့ အမှတ်တရလေးတွေကို အရင်သတိရတတ်ကြတယ် မဟုတ်လား။

မှတ်သားစရာ ဗဟုသုတရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။