သင့်ချစ်သူကို စိတ်ချမ်းသာပျော်ရွှင်စေမယ့်အပြုအမူလေးများ

blank

၁။ ချစ်သူကို အချိန်ပေးပါ။

၂။ ချစ်သူပြောတာနားထောင်ပြီးမှ ပြဿနာတစ်ခုကို ဖြေရှင်းချက်ပေးပါ။

၃။ သင်မသိတဲ့အရာတွေဆိုရင် ချစ်သူဆီက သင်ယူပါ။

၎။ ချစ်သူဝါသနာပါတဲ့အရာတွေကိုသိအောင် ကြိုးစားပါ။

၅။ ချစ်သူအပေါ် နားလည်ပါ။

၆။ ချစ်သူရဲ့အရည်အချင်းလေးတွေကို အသိအမှတ်ပြုပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ အမှတ်တရလက်ဆောင်တွေကို သင့်လက်ရေးနဲ့ရေးပို့ပါ။

၈။ ချစ်သူနှစ်သက်တဲ့အရာလေးတွေနဲ့ အံ့သြဝမ်းသာသွားအောင်လုပ်ပါ။

၉။ အတူရှိနေချိန်မှာ ဖုန်းကို ဝေးဝေးမှာထားပါ။

၁ဝ။ အတူမရှိချိန်မှာ သတိတရဖုန်းဆက်ပါ။

၁၁။ စွန့်စားမှုခရီးလေးတွေသွားပါ။

၁၂။ နှစ်ယောက်အတွက် အမှတ်တရဖြစ်စရာကိစ္စရပ်လေးတွေကို ဖန်တီးပါ။

၁၃။ ချစ်သူအပေါ်သင့်ထင်မြင်ချက်ကို ပြောပြပါ။

၁၄။ သင့်ဘဝအတွေ့အကြုံတွေကို မျှဝေပါ။

၁၅။ ချစ်သူရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးပါ။

၁၆။ ချစ်သူကို သင့်ဘဝအတွက် အရေးပါသူတွေနဲ့ မိတ်ဆက်ပေးပါ။

၁၇။ ချစ်သူဘဝအတွက် အကျိုးရှိစေမယ့်အရာတွေကို စဉ်းစားပေးပါ။

၁၈။ သင်ဖြစ်ချင်တာရှိရင် ချစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြပါ။

၁၉။ ချစ်သူစိတ်ပျော်ရွှင်စေမယ့်အရာတွေကို မှတ်ထားပါ။

၂ဝ။ ဘယ်အချိန်မှာမဆို ချစ်သူအပေါ်ချစ်ခင်မှုကို ပြသပါ။

၂၁။ ချစ်သူအပေါ် အကောင်းဆုံးမြင်ပါ။

၂၂။ ချစ်သူရဲ့ခံစားချက်နဲ့ သဘောထားအမြင်တွေကို အလေးထားကြောင်း ပြသပါ။

၂၃။ အားလပ်ချိန်တွေမှာ အပြင်ထွက်လည်ပြီး သာယာလှပတဲ့နေ့လေးတွေဖန်တီးပါ။

၂၄။ အခက်အခဲတွေကြုံတဲ့အခါ အတူရင်ဆိုင်ပါ။

၂၅။ သင်မအားလပ်နေရင်တောင်မှ ချစ်သူအလိုအပ်ဆုံးအချိန်မှာ အနားမှာနေပေးပါ။

၂၆။ ဘာပဲဖြစ်ဖြစ် ချစ်သူကို အမှန်အတိုင်း သိခွင့်ပေးပါ။

၂၇။ ချစ်သူအပေါ် မှန်ကန်စွာသိမြင်ပါ။

၂၈။ ချစ်သူပျော်ရွှင်စေမယ့် လက်ဆောင်လေးတွေကို မကြာခဏပေးပါ။

၂၉။ အမှတ်တရစုံတွဲပုံလေးတွေ ရိုက်ပါ။

၃ဝ။ ချစ်သူကြိုးစားနေတဲ့အလုပ်တွေအတွက် အကောင်းဆုံးအကြံဉာဏ်တွေကိုပေးပါ။

၃၁။ ချစ်သူစိတ်မပါတဲ့အလုပ်ကို အတူကူညီလုပ်ကိုင်ပေးပါ။

၃၂။ သင့်ဝန်းကျင်မှာ ချစ်သူကိုနေရာပေးပါ။

၃၃။ ချစ်သူဟာ သင့်ဘဝအတွက် အရေးကြီးတဲ့သူဆိုတာ ပြောပြပါ။

၃၄။ တခြားသူတွေမကောင်းပြောတဲ့အခါ ချစ်သူဘေးမှာ မားမားမတ်မတ်ရပ်တည်ပေးပါ။

၃၅။ သင်စိတ်ဆိုးနေရင်တောင်မှ ချစ်သူကို ကြင်နာစွာဆက်ဆံပါ။

၃၆။ ချစ်သူရဲ့လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးပါ။

၃၇။ သင့်ကိုယ်ပိုင်လျှို့ဝှက်ချက်တွေကို မျှဝေပါ။

၃၈။ ချစ်သူရဲ့ ဘဝအတွက် အရေးပါတဲ့နေ့ရက်တွေကို မှတ်သားထားပါ။

၃၉။ ချစ်သူပြုလုပ်ပေးတတ်တဲ့ကိစ္စလေးတွေအတွက် ချီးကျူးစကားနဲ့ ကျေးဇူးတင်စကားလေးတွေ ပြောပေးပါ။

၎ဝ။ ချစ်သူဝမ်းနည်းနေတဲ့အခါ နှစ်သိမ့်အားပေးပါ။

၄၁။ ချစ်သူရဲ့ အဆိုးဆုံးနေ့ရက်တွေမှာ နံဘေးမှာ အတူရှိနေပေးပါ။

၄၂။ ချစ်သူအရေးကြုံလာတိုင်း ပထမဆုံးသတိရစရာလူအဖြစ် အဆင်သင့်ရှိနေပေးပါ။

၄၃။ ချစ်သူစိတ်ပျော်ရွှင်စေမယ့် ရယ်မောစရာလေးတွေမျှဝေပေးပါ။

၄၄။ ချစ်သူအပေါ်စိတ်ပူနေတာရှိရင် ပွင့်ပွင့်လင်းလင်းအသိပေးပါ။

၄၅။ ချစ်သူရဲ့အောင်မြင်မှုတွေကို ဂုဏ်ပြုပါ။

၄၆။ ချစ်သူအလေးထားတဲ့သူတွေကို ဂရုစိုက်ပေးပါ။

၄၇။ ဘာကိစ္စပဲဖြစ်ဖြစ် ချစ်သူကို သိခွင့်ပေးပါ။

၄၈။ ချစ်သူဝေဖန်ခံနေရတဲ့အခါ ချစ်သူအပေါ်ယုံကြည်ပါ။

၄၉။ နှစ်ယောက်သားကြားက အခက်အခဲတွေကို အတူဖြေရှင်းပါ။

၅ဝ။ ချစ်သူရဲ့ပန်းတိုင်ခရီးကို ကူညီပံ့ပိုးပေးပါ။

၅၁။ မျှော်ကိုးမှုမပါတဲ့အချစ်တွေ၊ ဂရုစိုက်မှုတွေကို အမြဲတမ်းပေးပါ။