သင့်ကလေးကို လူကြီးတစ်ယောက်လို ဆက်ဆံခြင်းဖြင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးများ

blank

ကျွန်မတို့ရဲ့ ကလေးငယ်တွေကို လူကြီးတစ်ယောက်လို နေရာပေးဆက်ဆံ လိုက်ခြင်းကြောင့် ရင်သွေးငယ်လေးတွေဟာ –

၁။ စည်းမျဉ်းကန့်သတ်ချက်တွေအကြောင်းကို ပိုမိုနားလည်လာမယ်။

၂။ တာဝန်သိစိတ်ရှိလာပြီး ကိုယ့်တာဝန်ကိုယ်ယူတတ်လာမယ်။

၃။ မိဘတွေထင်ထားတာထက် ပိုတော်အောင် ကြိုးစားတတ်လာမယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အကြင်နာတရားနဲ့ ဆင်ခြင်သုံးသပ်တတ်မှုရဲ့တန်ဖိုးကို နားလည်လက်ခံလာမယ်။

၅။ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို အလွယ်တကူနဲ့ တည်ဆောက်တတ်လာမယ်။

၆။ စိတ်ဓာတ်ခိုင်မာလာပြီး လူတိုင်းနဲ့ လိုက်လျောညီထွေစွာ ဆက်ဆံတတ်လာမယ်။

၇။ လိုချင်တိုင်းလည်း မရနိုင်ဘူးဆိုတဲ့ လောကနိယာမအကြောင်း နားလည်လာမယ်။

၈။ သူတစ်ပါးနဲ့ အတွေ့အကြုံတွေဖလှယ်ရတာဟာ အကျိုးရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း နားလည်လာမယ်။

၉။ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတဲ့၊ အရေးပါတဲ့လူတစ်ယောက်အဖြစ် သတ်မှတ်တတ်လာမယ်။

၁ဝ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့လူတော်တွေအဖြစ် ကိုယ့်ကိုယ်ကိုယုံကြည်ရင်း ကြီးပြင်းရှင်သန်လာကြလိမ့်မယ်။

ဒါ့ကြောင့် ကလေးတွေကို နေရာတိုင်းမှာ ကလေးဆိုပြီး အသုံးမဝင်သလို မဆက်ဆံပါနဲ့။ ကလေးတွေရဲ့ ဘဝအနာဂတ်လှပမှုဟာ လက်ဦးဆရာဖြစ်တဲ့ မိဘ တွေရဲ့ ပြုမူဆက်ဆံမှုပေါ်မှာ အများကြီးမူတည်နေပါတယ်။ ဖြူစင်လှတဲ့ ကလေး ငယ်လေးတွေကို နေရာပေးဆက်ဆံပြီး အနာဂတ်ရဲ့ အဖိုးတန်သားကောင်း ရတနာ လေးတွေဖြစ်အောင် ပြုစုပျိုးထောင်ကြရအောင်လားရှင်။