ရင်းနှီးနွေးထွေးတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုဖန်တီးရအောင်

blank

နွေးထွေးမှုတွေ တဖြည်းဖြည်းနည်းပါးလာနေတဲ့ ကမ္ဘာကြီးမှာ လူ့ကျင့်ဝတ်တွေကို မလိုက်နာကြသူတွေလည်းရှိလာပါတယ်။ ဒီလိုတွေမဖြစ်ရလေအောင် လူမှုဆက်ဆံရေးမှာ လိုက်နာသင့်တဲ့ နီတိလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်လိုက်ပါတယ်။

၁။ တွေ့သမျှလူတိုင်းကို နှုတ်ဆက်စကားပြောပါ။ သူတစ်ပါးပြောနေတာကို စိတ်ဝင်တစားရှိကြောင်းကို ပြသဖို့ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး နားထောင်ပါ။

၂။ စကားပြောနေတဲ့အချိန်မှာ ပြုံးနေတာကလည်း တစ်ဖက်လူရဲ့စကားကို နားလည်ကြောင်း၊ စိတ်ဝင်စားကြောင်းကို ဖော်ပြပေးတာကြောင့် များများပြုံးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ရင်းနှီးမှုတွေကို တိုးတက်စေတာကြောင့် ခင်မင်ရင်းနှီးခါစမိတ်ဆွေတွေနဲ့ စကားပြောရာမှာ နာမည်ကို မကြာခဏခေါ်ပြီး ပြောပါ။

၎။ မိတ်ဆွေတစ်ယောက်ယောက်အကူအညီလိုနေပြီဆိုရင် ချက်ချင်းပဲကူညီပေးလိုက်ပါ။

၅။ စိတ်ဓာတ်ကျပြီး စိတ်ဖိစီးမှုများနေတဲ့ လူတွေကို နှစ်သိမ့်ပေးခြင်း၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးခြင်းဖြင့် ကူညီပေးပါ။

၆။ လူတိုင်းမှာ သင်မသိသေးတဲ့ဗဟုသုတတွေ ရှိနေကြပါတယ်။ သူတို့ဝေမျှတာတွေကို ဂရုတစိုက်နားထောင်ပါ။ မသိတာတွေကို မေးပါ။ သင်ရလိုက်တဲ့ဗဟုသုတတွေအတွက် သူတို့ကို ကျေးဇူးတင်ပါ။

၇။ သင့်မိတ်ဆွေ၊ မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက်တွေကို ချီးမွမ်းစကားပြောပေးပါ။ ဆက်ဆံရေးတွေတိုးတက်လာစေနိုင်သလို ချီးမွမ်းခံရသူအတွက်လည်း စိတ်ခွန်အားဖြစ်စေပါတယ်။

၈။ ပြဿနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းရတော့မယ်ဆိုရင် ရှုထောင့်ပေါင်းစုံကနေ စဉ်းစားပါ။

၉။ စကားပြောနေတဲ့အချိန် တစ်ဖက်လူရဲ့ ကိုယ်အမူအရာ၊ မျက်နှာသွင်ပြင်ကိုကြည့်ပြီး ထိုသူရဲ့ စိတ်ခံစားမှုကို နားလည်အောင်အကဲခတ်ပါ။

၁ဝ။ ကိုယ့်ကိုယ်ကိုနှိမ့်ချခြင်းဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ ဝိသေသေလက္ခဏာတစ်ခုပါ။ အမှားတွေကနေ သင်ခန်းစာယူပြီး အောင်မြင်အောင်ကြိုးစားပါ။ ကိုယ့်ကို ရန်လိုနေတဲ့သူတွေကို သည်းခံလိုက်ပါ။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… သင့်မှာရော လူမှုဆက်ဆံရေးဆိုင်ရာ နည်းလမ်းကောင်းလေးတွေရှိနေရင် Comment box မှာ မျှဝေခဲ့ပါဦးနော်။