သင်မသိလိုက်ခင်မှာ ကျူးလွန်မိနေတဲ့ သင့်ချစ်သူအပေါ်သစ္စာဖောက်တဲ့လုပ်ရပ်များ

blank

        ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… တစ်ခါတလေမှာ ကျွန်မတို့တွေဟာ ကိုယ့်ချစ်သူအပေါ် သစ္စာမရှိဘူးလို့ထင်ရစေနိုင်တဲ့ အပြုအမူလေးတွေကို ကျူးလွန်မှန်းမသိ ကျူးလွန်နေမိတတ်ကြပါတယ်။ မရည်ရွယ်ဘဲဖြစ်ဖြစ်၊ ရည်ရွယ်ပြီးပဲဖြစ်ဖြစ် အောက်မှာဖော်ပြထားတဲ့အချက်လေးတွေ လုပ်မိနေပြီဆိုရင် သင်တို့အချစ်ရေးကို ထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုအချက်လေးတွေလဲဆိုတာကို ဖတ်ကြည့်လိုက်ကြရအောင်နော်။

၁။ သင့်ချစ်သူမဟုတ်တဲ့ အခြားဆန့်ကျင်ဘက်လိင်နဲ့ အီစီကလီစကားတွေပြောတယ်။

၂။ အခြား ဆန့်ကျင်ဘက်လိင်ကို ယုံကြည်စိတ်ချပြီး အစစအရာရာဖွင့်ပြောတယ်။

၃။ သင့်အချိန်တွေကို သင့်ချစ်သူမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ ကုန်ဆုံးတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးခြင်းဖြစ်သည်။

၎။ သင့်ချစ်သူအကြောင်း မကောင်းတာတွေပဲ ပြောနေတယ်။

၅။ အင်တာနက်မှာ အခြားတစ်ယောက်နဲ့ ချက်တင်ထိုင်နေတယ်။ အစပိုင်းကတော့ရိုးရိုးသားသားပြောပေမယ့် နောက်ပိုင်းတဖြည်းဖြည်းနဲ့ မရိုးမသားတွေပြောဖြစ်လာတယ်။

၆။ သင့်ချစ်သူမဟုတ်တဲ့ အခြားတစ်ယောက်ရဲ့အာရုံစိုက်ခံချင်လို့ လှလှပပဝတ်စားပြင်ဆင်တယ်။

၇။ သင့်ချစ်သူမဟုတ်တဲ့ အခြားတစ်ယောက်ဆီ မက်ဆေ့ခ်ျတွေပို့နေမိတယ်။

၈။ သင့်ချစ်သူနဲ့ အပေးအယူမမျှဖြစ်လာတယ်လို့ ခံစားမိတယ်။

၉။ သင့်ချစ်သူထက် မိဘကို ပိုဦးစားပေးတယ်။

၁ဝ။ သင့်ချစ်သူထက် သင့်သူငယ်ချင်းတွေကို ပိုဦးစားပေးတယ်။

သင့်မှာ ဒီလိုအချက်တွေရှိမနေဘူးဆိုရင်တော့ သင်ဟာတကယ့်ကိုကောင်းတဲ့၊ သစ္စာရှိတဲ့ လက်တွဲဖော်တစ်ယောက်ပါ။ ချစ်သူတွေအကြား ကြားလေသွေးစေမယ့် အဖြစ်အပျက်တွေကို ရှောင်ကြဉ်ရင်း သစ္စာကြိုးတွေမြဲမြံစွာနဲ့ ရစ်ဖွဲ့နိုင်ကြပါစေရှင်။

မှတ်သားစရာတစ်ခုခုရတယ်ဆိုရင် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။