ကျွန်မသမီးလေးသိဖို့ သင်ပေးချင်တဲ့ လောကနီတိလေးများ

blank

၁။ ချောကလက်စားတာဟာ စိတ်ခံစားမှုတွေကို ခဏတာပဲ သက်သာစေနိုင်တယ် ဆိုတဲ့အကြောင်း သင်ပေးမယ်။

၂။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကိုယ်တိုင်တည်ဆောက်ဖို့ သင်ပေးမယ်။

၃။ နှုတ်ခမ်းနီအနီရောင်ကိုဆိုးပြီး ဘယ်လိုလှပအောင်နေရမယ်ဆိုတာ သင်ပေးမယ်။

၎။ ချစ်သူဆိုတာ ကိုယ့်ဘဝရဲ့တည်ရှိမှုကို ထိခိုက်အောင်လုပ်လို့မရဘူးဆိုတာ အသိပေးမယ်။

၅။ အစားအသောက်ကို ဗိုက်ဝအောင်စားဖို့ ပြောထားမယ်။

၆။ သက်တောင့်သက်သာနဲ့ ကျက်သရေရှိစေတဲ့အဝတ်အစားတွေဝတ်တတ်ဖို့ သင်ပေးမယ်။

၇။ ဘယ်အခြေအနေမှာမဆို လောကကြီးကိုချစ်တတ်အောင် သင်ပေးမယ်။

၈။ အရာရာတိုင်းမှာ လှပမှုရှိတယ်။ အဲဒီ့လှပမှုကို ခံစားတတ်အောင်လည်း သင်ပေး မယ်။

၉။ ကိုယ်တတ်နိုင်တဲ့အတိုင်းအတာနဲ့ သူငယ်ချင်းတွေကို ကျွေးမွေးတတ်ဖို့ သင်ပေးမယ်။

၁ဝ။ နေပူထဲသွားတိုင်း နေလောင်ခံခရင်မ်လိမ်းဖို့ သတိပေးထားမယ်။

၁၁။ ဝေးကွာနေတဲ့သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ဖို့လည်း ပြောထားမယ်။

၁၂။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တာနဲ့ သူတစ်ပါးလက်အောက်ခံဖြစ်တာက မတူဘူးဆိုတာသိအောင် သင်ပေးမယ်။

၁၃။ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေတတ်အောင် သင်ပေးမယ်။

၁၄။ လူပုံအလယ်မှာ ယုံကြည်မှုရှိရှိနေတတ်ဖို့ သင်ပေးမယ်။

၁၅။ လက်သည်းကိုက်တတ်တဲ့အကျင့်မရှိအောင် သင်ပေးမယ်။

၁၆။ ကိုယ့်ရဲ့ လှပမှုတွေကို မှတ်တမ်းတင်တဲ့အနေနဲ့ ဓာတ်ပုံရိုက်တတ်တဲ့အကျင့်ရှိဖို့လည်း သင်ပေးမယ်။

၁၇။ အမှားတွေကနေ သင်ခန်းစာယူတတ်အောင် သင်ပေးမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁၈။ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ဖို့ သင်ပေးမယ်။

၁၉။ ကိုယ့်အမြင်ကို ပြောဖို့ မကြောက်တတ်အောင်လည်း သင်ပေးမယ်။

၂ဝ။ လက်ဖက်ရည်ကြမ်းသောက်တတ်အောင် ကျင့်ပေးမယ်။

၂၁။ ခြေထောက်ကလေးတွေ လှပအောင်ဂရုစိုက်တတ်ဖို့ သင်ပေးမယ်။

၂၂။ အနံ့သင်းတဲ့ရေမွှေးကို အမြဲတမ်းဆွတ်ထားတတ်တဲ့အကျင့်ရှိအောင် သင်ပေးမယ်။

၂၃။ ဒေါက်ဖိနပ်လှလှလေးတွေစီးဖို့ သင်ပေးထားမယ်။

၂၄။ အဆင့်အတန်းရှိရှိနေထိုင်တတ်ဖို့လည်း သင်ပေးမယ်။

၂၅။ အလုပ်ကိုချစ်တတ်ဖို့ သင်ပေးမယ်။

၂၆။ ဆင်ခြေမပေးတတ်တဲ့အကျင့်မရှိအောင် သင်ပေးမယ်။

၂၇။ ခန္ဓာကိုယ်ချေးချွတ်တာကိုလည်း လိုအပ်တာထက်ပိုမလုပ်ဖို့ သင်ပေးမယ်။

၂၈။ လူတွေအပေါ် စိတ်ရင်းနဲ့ဆက်ဆံတတ်ဖို့ သင်ပေးမယ်။

၂၉။ ဝမ်းနည်းစရာရှိလာရင် သူငယ်ချင်းတွေကိုရင်ဖွင့်တိုင်ပင်တတ်ဖို့ သင်ပေးမယ်။

၃ဝ။ သူငယ်ချင်းတွေနဲ့အတူ လွတ်လပ်စွာ ပျော်ရွှင်ရယ်မောတတ်ဖို့ သင်ပေးမယ်။

၃၁။ ဘာကိစ္စတွေပဲကြုံရပါစေ၊ အမေကို ရင်ဖွင့်တိုင်ပင်တတ်ဖို့ သင်ပေးမယ်။

၃၂။ ကျန်းမာကြံ့ခိုင်ဖို့ အားကစားလိုက်စားတတ်အောင် သင်ပေးမယ်။

၃၃။ အချစ်တွေကို ပြသတတ်တာက  ရှက်စရာမဟုတ်ဘူးဆိုတာကို သိအောင် သင်ပေးမယ်။

၃၄။ အချက်အပြုတ်ကျွမ်းကျင်အောင် သင်ပေးမယ်။

၃၅။ လောကကြီးမှာ ဘယ်အရာမှ မတည်မြဲဘူးဆိုတာကိုလည်း သိအောင် သင်ပေးမယ်။

၃၆။ ဘယ်သူ့ကိုမှ မျက်စိစုံမှိတ်ပြီး မယုံကြည်သင့်ကြောင်း သင်ပေးမယ်။

၃၇။ မပတ်သက်သင့်တဲ့ ယောက်ျားတွေအကြောင်းကို သင်ပေးမယ်။

၃၈။ ကာဗွန်ဟိုက်ဒရိတ်ဓာတ်ပါတဲ့ အစားအစာတွေကို စားတတ်အောင်လည်း သင်ပေးမယ်။

၃၉။ သာယာငြိမ့်ညောင်းတဲ့ ဂန္ထဝင်တေးသွားတွေကို ခံစားတတ်အောင် သင်ပေးမယ်။

၎ဝ။ ဉာဏ်ပညာနဲ့ယှဉ်ပြီး စဉ်းစားတတ်အောင် သင်ပေးမယ်။

၄၁။ လူတိုင်းမှာ ဖုံးကွယ်နေတဲ့ စွမ်းရည်တွေရှိကြောင်းကိုလည်း သင်ပေးမယ်။

၄၂။ စိတ်ပါလက်ပါပြုံးတတ်ဖို့ကို သင်ပေးမယ်။

၄၃။ ဒေါသကို ချုပ်တည်းနိုင်ဖို့ သင်ပေးမယ်။

၄၄။ ကောင်းတဲ့ထင်မြင်ချက်တွေပေးတတ်ဖို့ သင်ပေးမယ်။

၄၅။ ဒေသန္တရဗဟုသုတိုးပွားအောင် ခရီးထွက်တတ်တဲ့အကျင့်လေးရှိဖို့ သင်ပေးမယ်။

၄၆။ Eye-liner အများကြီးဆိုးတာက မျက်ဝန်းအလှကို ပျက်စေတဲ့အကြောင်း သင်ပေးမယ်။

၄၇။ ကိတ်မုန့်ဖုတ်တတ်အောင်လည်း သင်ပေးမယ်။

၄၈။ အသီးအရွက်တွေကို ကြိုက်နှစ်သက်တတ်အောင်လည်း သင်ပေးမယ်။

၄၉။ လူတိုင်းဆီက အကောင်းတွေကိုပဲ မျှော်လင့်မထားဖို့ သင်ပေးမယ်။

၅ဝ။ တစ်နေ့မှာနှစ်ကြိမ် ပုံမှန်မျက်နှာသစ်ဖို့ သင်ပေးမယ်။

၅၁။ လူတွေကြောင့် စိတ်ညစ်စရာတွေကြုံလာနိုင်တယ်ဆိုတာကိုလည်း သိအောင်ပြောထားမယ်။

၅၂။ ပညာရပ်တစ်ခုကို စိတ်ပါလက်ပါ သင်ယူတတ်ဖို့ သင်ပေးမယ်။

၅၃။ လတ်ဆတ်တဲ့လေနုအေးလေးတွေက ဘယ်အရာနဲ့မှအစားထိုးလို့မရဘူးဆိုတာ သင်ပေးထားမယ်။

၅၄။ ပေါ့ပါးသွက်လက်စွာနေထိုင်တတ်ဖို့ သင်ပေးမယ်။

၅၅။ ကိုယ့်ဆုံးဖြတ်ချက်က ဘယ်သူ့ကိုမှ ထိခိုက်နစ်နာမှုမရှိစေဖို့အတွက်လည်း သင်ပေးမယ်။

၅၆။  အသက်၂၂နှစ်မှာ မုန့်ဖိုးစဖြတ်မှာမို့လို့ ကိုယ့်ဝင်ငွေကိုယ်ရှာနိုင်အောင်လည်း သင်ပေးမယ်။