သစ္စာပျက်သူတွေကြောင့် သစ္စာရှိသူတွေရလိုက်သော သင်ခန်းစာများ

blank

ဂန္ထဝင်ပရိသတ်ကြီးရေ…

တစ်ခါတစ်ရံမှာ ခက်ခဲတဲ့ပြဿနာတွေကနေ သင်ခန်းစာကောင်းတွေ ရခဲ့ဖူးကြမှာပါ။ သင်ခန်းစာတွေဆိုတာ နာကျင်မှုတွေ၊ စိတ်သောကရင်းပြီးမှ ရရှိလာတဲ့အရာပါ။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ဘယ်တော့မှ ထားမသွားဘူးလို့ ယုံကြည်ထားပေမယ့် သူတကယ်ကျောခိုင်းသွားတဲ့အချိန်မှာ အသည်းတွေတစ်စစီ ကြေမွသွားသလိုခံစားရတတ်ပါတယ်။ ဒါပေမယ့် အတိတ်ကဖြစ်ရပ်တွေကြားမှာ နစ်မြှုပ်မနေဘဲ မနက်ဖြန်မှာ ပိုကောင်းတဲ့သူဖြစ်အောင်ကြိုးစားသင့်ပါတယ်။

ကိုယ့်ကို တစ်ယောက်ယောက်က လှည့်စားပြီး သစ္စာဖောက်သွားတာကို ခံလိုက်ရတဲ့အခါ  အထီးကျန်ပြီး အနားမှာ အားပေးမယ့်သူ တစ်ယောက်မှမရှိဘူးလို့ လည်း ခံစားနေရတတ်ပါတယ်။ သစ္စာဖောက်ခံရခြင်းဟာ မိမိရဲ့ စိတ်ကိုသေလောက် အောင် ပျက်ပြားစေတတ်ပေမယ့် ရရှိလာတဲ့သင်ခန်းစာတွေကတော့ စိတ်ဓာတ်ကို ပိုမိုခိုင်မာလာစေပါတယ်။

အောက်မှာ ဖော်ပြပေးထားတာတွေကတော့ ချစ်ရသူ၊ ယုံကြည်ရသူရဲ့ သစ္စာဖောက်ခြင်းခံရပြီးနောက်မှ ရရှိလာတဲ့ သင်ခန်းစာအချို့ဖြစ်ပါတယ်။

၁။ ကိုယ့်အပေါ်အချစ်စစ်နဲ့ မချစ်တဲ့လူနဲ့ စောစောလမ်းခွဲလိုက်ရတာက ကံကောင်းပါတယ်။

လူတိုင်းကတော့ အချစ်ရေးမှာ ကံကောင်းချင်ကြတဲ့လူတွေချည်းပါပဲ။ ကိုယ်ဘက်က ဖြူစင်တဲ့အချစ်တွေပေးခဲ့ပေမယ့် အချစ်စစ်တွေပြန်မရတာက ကိုယ့်အပြစ်မဟုတ်ပါဘူး။ ကိုယ့်အပေါ် အချစ်စစ်နဲ့မချစ်တဲ့သူနဲ့ စောစောလမ်းခွဲ လိုက်ရတာပဲ ကိုယ်ကံကောင်းပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၂။ အသည်းကွဲပြီးတဲ့အခါ နှလုံးသားက ပိုရင့်ကျက်လာပါတယ်။

သစ္စာဖောက်ခံလိုက်ရပြီးတဲ့အခါ ကွဲကြေသွားတဲ့နှလုံးသားကို ပြန်လည် ကုစားရင်း စိတ်ဓာတ်ပိုမိုခိုင်မာလာတယ်။ ကိုယ့်ကိုယ်ကိုသာ အားကိုးယုံကြည်ရမယ် ဆိုတာ နားလည်သွားတဲ့အတွက် အရင်ကထက်ပိုပြီး ရင့်ကျက်လာတယ်။

၃။ လူတိုင်းကကိုယ့်ကိုကိုယ် အချစ်ဆုံးဆိုတာနားလည်လာတယ်။

ကိုယ့်ကို ချစ်တယ်လို့ပြောတဲ့သူတွေကသာ ကိုယ့်နှလုံးသားကို နာကျင်အောင် လုပ်သွားကြတာပါ။ လူတိုင်းဟာ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ်စိတ်ချမ်းသာမှုကို သာရှေးရှုတတ်ကြတယ်ဆိုတာကို နှလုံးသားနဲ့ရင်းပြီး နားလည်လာပါတယ်။

၎။ ကိုယ့်ဘဝကို ပိုပြီးတင့်တယ်အောင်တည်ဆောက်ယူရမယ်ဆိုတာ သိမြင်လာတယ်။

သစ္စာဖောက်ခြင်းခံရပြီးတဲ့နောက် ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတဲ့လူတစ်ယောက်လို ဝမ်းနည်းအားငယ်မှုတွေ ခံစားရတတ်ပါတယ်။ တကယ်တော့ အသည်းကွဲခြင်းဟာ ကိုယ့်တန်ဖိုးကို ယုတ်လျော့အောင် မလုပ်နိုင်ပါဘူး။ ကိုယ့်ဘဝကို ဒီထက်ပိုပြီး မြင့်မားလာအောင် တည်ဆောက်ယူရမယ်ဆိုတာ သိမြင်လာတယ်။

၅။ လောကကြီးအကြောင်းပိုနားလည်လာတယ်။

သစ္စာဖောက်ခံရခြင်းရဲ့နောက်မှာ  လောကကြီးအကြောင်း၊ လူတွေရဲ့စိတ်ဓာတ်တွေအကြောင်း ပိုသိလာရတယ်။ လူတစ်ယောက်ကို ဝေဖန်အကဲခတ်နိုင်မှုစွမ်းရည်မြင့်တက်လာပြီး အယုံလွယ်တတ်တဲ့အားနည်းချက်တွေ ပျောက်ကွယ်သွားတယ်။

ပရိသတ်ကြီးရေ သင်လည်းတစ်ချိန်တစ်ခါက သစ္စာဖောက်တာကို ခံစားဖူးတယ်ဆိုရင် ဝမ်းနည်းကြေကွဲမှုတွေထဲမှာ နစ်မြုပ်မနေပါနဲ့တော့နော်။ မိမိကိုချစ်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေကို ရင်ဖွင့်ပြီး ပူဆွေးမှုတွေကို ဖြေဖျောက်လိုက်ပါ။ မျက်ရည်တွေခမ်းအောင်ငိုပြီးတဲ့နောက်မှာ မိမိကိုယ်ကို ပိုမိုထက်မြက်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပြီး တောက်ပတဲ့အနာဂတ်ကို တက်လှမ်းလိုက်ပါလို့ ဂန္တဝင်မဂ္ဂဇင်းမှအကြံပြုရေးသားလိုက်ရပါတယ်ရှင်။