အပြုသဘောဆောင်တဲ့ဝေဖန်မှုမျိုးဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ

blank

အချစ်ရေးတိုင်းမှာတော့ ချစ်သူနှစ်ဦးကြား ရေရှည်ခိုင်မြဲဖို့ ကြိုးစားရင်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဝေဖန်ထောက်ပြရတာတွေ အနည်းနဲ့အများရှိကြပါတယ်။ ဝေဖန်ထောက်ပြရာမှာလည်း နည်းလမ်းမမှန်ကန်ရင် အချစ်က အပြစ်ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ချစ်သူနှစ်ဦးကြားမှာ အပြစ်မမြင်ဘဲ အချစ်ဝင်စေမယ့်၊ အပြုသဘောဆောင်တဲ့ဝေဖန်မှုလေးတွေ ကျင့်သုံးနိုင်စေဖို့ အောက်ပါအကြံပြုချက်လေးတွေကို ဖတ်ကြည့်ကြရအောင်နော်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ သင့်တော်တဲ့အချိန်ကို ရွေးချယ်ပါ။

ချစ်သူ အလုပ်တွေရှုပ်နေချိန်မှာ ဝေဖန်ဆွေးနွေးမှုပြုခြင်းက နားမဝင်စေဘဲ ပြဿနာ ပိုမိုကြီးထွားစေနိုင်တာကြောင့် နှစ်ယောက်တည်း စိတ်အေးလက်အေးရှိနေချိန်ကို ရွေးချယ်သင့်ပါတယ်။ ဒါမှသာ ကိုယ်ပြောလိုတဲ့အချက်ကို ချစ်သူနားဝင်အောင် သေချာရှင်းပြနိုင်မှာ ဖြစ်ပါတယ်။

၂။ ကိုယ့်အလေးထားမှုကို ချစ်သူသိအောင်ပြပါ။

        ချစ်သူကို ဝေဖန်ဆွေးနွေးတဲ့အခါ ကိုယ့်ဘက်က လိုချင်တဲ့အဖြေထွက်လာဖို့ သက်သက်ကိုပဲ ဦးစားမပေးသင့်ပါဘူး။ ချစ်သူဘက်က ခံစားချက်ကိုလည်း အလေးထားမေးမြန်းခြင်းအားဖြင့် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုကို ဖန်တီးသင့်ပါတယ်။

၃။ တရားမျှတမှုကို အလေးထားပါ။

ကိုယ့်ဝေဖန်ချက်က မှန်ကန်နေရင်တောင် ချစ်သူကို စိတ်လိုက်မာန်ပါ စကားလုံးတွေ သုံးပြီး တွန်းအားပေးတာမျိုး၊ အပြစ်တင်တာမျိုး မပြုလုပ်သင့်ပါဘူး။ နှစ်ဦးနှစ်ဖက် မျှတစွာတွေးပြီး ချစ်သူ ဘက်မှ ပြန်လည်ချေပဆွေးနွေးခွင့်ကိုပေးခြင်းဖြင့် နှစ်ဦးသားကြား ပိုမိုပွင့်လင်းနွေးထွေးမှုကို ရယူ သင့်ပါတယ်။

၎။ နားထောင်ပါ။

အပြုသဘောဆောင်တဲ့ဝေဖန်မှုမျိုးဖြစ်ဖို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားမှုကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ချစ်သူဘက်က ပြောချင်တဲ့အချက်တွေ ကိုလည်း ကိုယ့်ဘက်က လေးလေးစားစားနားထောင်ပေးခြင်းဖြင့် အဆင်ပြေတဲ့ဆွေးနွေးမှုကို ဦးတည်သင့်ပါတယ်။

၅။ ချစ်သူကို ချီးမွမ်းစကားဆိုပါ။

ချစ်သူရဲ့ အားနည်းချက်တွေကို ဝေဖန်မယ်ဆိုရင် ချစ်သူရဲ့ ကောင်းကွက်လေးတွေကို ထုတ်ဖော်ချီးကျူးပေးဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ချစ်သူက ကိုယ့်ရဲ့အသိအမှတ်ပြုမှုတွေကို သိရှိပြီး ကိုယ့်ဝေဖန်မှုနောက်ကွယ်က စေတနာကိုလည်း သိမြင်မှာဖြစ်ပါတယ်။

ကဲ… ပရိသတ်ကြီးအားလုံးလည်း ပျော်ရွှင်စရာအချစ်ရေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန် ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ ဆောင်းပါးလေးကို သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။