မာယာကျော့ကွင်းမှာ မသက်ဆင်းမိစေဖို့ မိန်းမပျိုများအတွက် အချစ်ရေးအကြံပေး။

blank

ချစ်သူဖြစ်ခါစမှာ ကိုယ့်ချစ်သူဟာ ကိုယ့်အပေါ်သစ္စာရှိမယ့်သူလား ဒါမှမဟုတ် အခက်အခဲတွေကြုံတာနဲ့ ကိုယ့်ကိုစွန့်ခွာသွားမယ့်သူလား ဆိုတာ ခွဲခြားဆုံးဖြတ်နိုင်ဖို့ ခက်ပါတယ်။ ကိုယ့်အပေါ် သူ့ရဲ့အချစ်က အချစ်စစ်လား၊ အတ္တပါတဲ့ချစ်ခြင်းလား ဆိုတာလည်း မှန်းဆရခက်လှပါတယ်။ ဒါ့ကြောင့် ယောကျာ်းတစ်ယောက်ကို ဘဝတစ်ခု လုံးပုံအပ်ပြီး မချစ်မိခင်မှာ သတိပြုရှောင်ကြဉ်ရမယ့်အပြုအမူလေးတွေကို ဂန္ထဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ သင့်ကို တကယ်ချစ်၊ မချစ်မသေချာသေးတဲ့ ယောက်ျားတစ်ယောက်ကို သင့်ဘက်က ဘယ်တော့မှ စတင်မချိန်းဆိုပါနဲ့။

၂။ သင့်ချစ်သူ အတိအလင်းဖြစ်မလာသေးတဲ့ ယောက်ျားတစ်ယောက်ကို သင်တို့နှစ်ယောက်ရဲ့အနာဂတ်အကြောင်း သင့်ဘက်ကဘယ်တော့မှ စမပြောပါနဲ့။

၃။ သင့်ကို ဦးစားမပေး၊ တန်ဖိုးမထားတဲ့သူတစ်ယောက်ကို ဘာအကြောင်းကြောင့်မှ မချစ်မိပါစေနဲ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ သင်ဟာ ခပ်တုံးတုံးမိန်းမတစ်ယောက်မဟုတ်ပါဘူး။ ဒါ့ကြောင့် ယောက်ျားတစ်ယောက်ရဲ့ လိမ်ညာလှည့်စားမှုအောက်မှာ မကျဆုံးပါစေနဲ့။

၅။ ယောက်ျားတစ်ယောက်က သင့်ကို တကယ်ချစ်မချစ်ဆိုတာကိုသိဖို့ သင့်အချိန်တွေကို တကူးတက အကုန်မခံပါနဲ့။

၆။ သင့်ဘဝကို အလိုရှိမှရောက်လာတတ်တဲ့ အရုပ်ကလေးတစ်ရုပ်လို သင် အဖြစ်မခံပါနဲ့။

၇။ သူ့ကို မြင်မြင်ချင်းချစ်မိတယ်ဆိုရင်တောင် သင်သူ့အပေါ် ဘယ်လောက်ရူးသွပ် ကြောင်း ထုတ်ဖော်ပြသခြင်းမပြုပါနဲ့။

၈။ သင့်ကိုယ်သင်ယုံကြည်မှု အပြည့်အဝထားပြီး နူးညံ့တဲ့နှလုံးသားနဲ့ရော၊ ခိုင်မာပြတ်သားတဲ့ဦးနှောက်နဲ့ပါ သေချာရွေးချယ်ဆုံးဖြတ်ပါ။ ချစ်သူရွေးတဲ့နေရာမှာ အလျင်စလို မဆုံးဖြတ်မိပါစေနဲ့။

၉။ ယောက်ျားတစ်ယောက်ကို ရွေးချယ်ပိုင်ခွင့်ရှိတဲ့မိန်းမတစ်ယောက်ဖြစ်အောင်နေပါ။ ယောက်ျားတစ်ယောက်ရဲ့အချစ်ကိုရဖို့ တိုးလျှိုးတောင်းပန်ရတဲ့သူ မဖြစ်ပါစေနဲ့။

၁ဝ။ ရည်းစားမရှိလို့လည်း သင့်ကိုယ်သင် အပြစ်တင်ညည်းညူမနေပါနဲ့။

သင့်ဘဝအနာဂတ်အတွက် သင်ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ ရှက်တတ်တဲ့စိတ်၊ ကြောက်တတ်တဲ့စိတ်တွေက သင့်အချစ်ကို မပျက်စီးပါစေနဲ့။ အထူးသဖြင့် သင်နဲ့ သိပ်မရင်းနှီးသေးတဲ့ ယောက်ျားတစ်ယောက်ရဲ့ရှေ့မှာ သင့်ရဲ့ ကြောက်စိတ်နဲ့၊ ရှက်ကိုး ရှက်ကန်းအမူအရာတွေကို မပြသမိပါစေနဲ့။ တစ်ဘဝလုံးစာအတွက် ချစ်သူရွေးပြီ ဆိုရင်လည်း သေသေချာချာ ဆုံးဖြတ်ရွေးချယ်သင့်ပါတယ်။

သင့်ဆီမှာ ထပ်မံဖြည့်စွက်ချင်တဲ့ အကြံပြုချက်လေးတွေရှိရင်လည်း Comment box မှာ မျှဝေဖို့ ဖိတ်ခေါ်ပါရစေ။