ခင်ပွန်းသည်များ သိထားသင့်တဲ့ ဇနီးသည်များအကြောင်း တစေ့တစောင်း

blank

၁။ သင့်ဇနီးသည်ဟာလည်း  သာမန်လူသားတစ်ဦးဖြစ်တာကြောင့် မပြီးပြည့်စုံပါဘူး။ သူမရဲ့အားနည်းချက်တွေကို မနှိပ်ကွပ်ပါနဲ့။

၂။ သင့်ဇနီးသည်ဟာ သင့်ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သူမကို ချိုးချိုးဖဲ့ဖဲ့မပြောပါနဲ့။

၃။ သင့်ဇနီးသည်ဟာ သင့်အတွက်ကံကောင်းမှုတစ်ခုပါ။ သူမကို တန်ဖိုးထားဖို့မမေ့ပါနဲ့။

၎။ သင့်ဇနီးသည်ဟာ တန်ဖိုးကြီးရတနာတစ်ခုပါ။ သူမကိုမြတ်နိုးစွာစောင့်ရှောက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သင့်ဇနီးသည်ဟာ သင့်ရဲ့ပျော်ရွှင်မှုပါ။ သူမရဲ့အပြုံးကို အမြဲအသက်ဝင်နေစေပါ။

၆။ သင့်ဇနီးသည်ဟာ သင့်ရဲ့အနီးဆုံးလူသားပါ။ သူမကို ခင်ခင်မင်မင်ဆက်ဆံပါ။

၇။ သင့်ဇနီးသည်ဟာ သင့်ရဲ့အသည်းတစ်ခြမ်းပါ။ သူမအပေါ်မရက်စက်ပါနဲ့။

၈။ သင့်ဇနီးသည်ဟာ သင့်နှလုံးသားပါ။ သူမရဲ့ရင်ခုန်သံတွေကို ဂရုတစိုက်နားထောင်ပါ။

၉။ သင့်ဇနီးသည်ဟာ မကောင်းဆိုးဝါးတစ်ကောင်မဟုတ်ပါဘူး။ သူမကိုမကြိမ်းမောင်းပါနဲ့။

၁ဝ။ သင့်ဇနီးသည်ဟာ လိင်အတွက် အသုံးချခံသက်သက်မဟုတ်ပါဘူး။ အရာရာတိုင်းမှာ သူမကိုတိုင်ပင်ဆွေးနွေးအသိပေးပါ။

၁၁။ သင့်ဇနီးသည်ဟာ သင့်ရန်သူမဟုတ်ပါဘူး။ သူမကို ဂရုတစိုက် စောင့်ရှောက်ပါ။

၁၂။ သင့်ဇနီးသည်ဟာ သင့်ရဲ့ပြိုင်ဘက်မဟုတ်ပါဘူး။ သူမကိုမနှိမ့်ချပါနဲ့။

၁၃။ သင့်ဇနီးသည်ဟာ အားနွဲ့တဲ့မိန်းမသားတစ်ဦးပါ။ သူမကိုကူညီဖေးမပါ။

၁၄။ သင့်ဇနီးသည်ဟာ ကုန်ပစ္စည်းတစ်ခုမဟုတ်ပါဘူး။ သူမကို သူတစ်ပါးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။

၁၅။ သင့်ရဲ့ဇနီးသည်ဟာ လက်ဆေးကန်တစ်ခုမဟုတ်ပါဘူး။ သူမကိုညစ်ညမ်းတဲ့ စကားတွေနဲ့ မဆဲဆိုပါနဲ့။

၁၆။ သင့်ဇနီးသည်ဟာ သင့်ရဲ့ရန်သူတစ်ယောက်မဟုတ်ပါဘူး။ သူမနဲ့ရန်မဖြစ်ပါနဲ့။

၁၇။ သင့်ဇနီးသည်ဟာ လက်ဝှေ့ထိုးတဲ့သဲအိတ်မဟုတ်ပါဘူး။ သူမကို မထိုးကြိတ်ပါနဲ့။

၁၈။ သင့်ဇနီးသည်ဟာ ဂိမ်းတစ်ခုမဟုတ်ပါဘူး။ သူမရဲ့ခံစားချက်တွေကို မကစားပါနဲ့။

၁၉။ သင့်ရဲ့ဇနီးသည်ဟာ သင့်ရဲ့ပျော်ရွှင်မှုပါ။ သူမကို မစွန့်ပစ်ခဲ့ပါနဲ့။

၂ဝ။ သင့်ဇနီးသည်ဟာ သင့်ဘဝရဲ့အရှင်သခင်မလေးပါ။ သူမကို ချီးမြှောက်ပေးပါ။

၂၁။ သင့်ဇနီးသည်ဟာ သင့်ရဲ့အသိအမှတ်ပြုမှုတွေကို အလိုရှိနေသူပါ။ သူမကိုလူကြားထဲမှာ အရေးပေးပါ။

၂၂။ သင့်ဇနီးသည်ဟာ သင့်မိသားစုအတွက် ဘုရင်မပါ။ သူမနဲ့ အငြင်းမပွားပါနဲ့။

၂၃။ သင့်ဇနီးသည်ဟာ သင့်ဘဝကိုတန်ဖိုးရှိစေသူပါ။ သူမကို မချိုးနှိမ်ပါနဲ့။

၂၄။ သင့်ဇနီးသည်ဟာ သင့်စိတ်ဝင်စားမှုတွေကို အလိုရှိနေပါတယ်။ သူမကို တီဗွီလောက်တောင် ဂရုမစိုက်တာမျိုးမလုပ်ပါနဲ့။

၂၅။ သင့်ဇနီးသည်ဟာ သင့်ရဲ့ အောင်မြင်မှုသရဖူပါ။ သူမကို မနင်းချေပါနဲ့။

၂၆။ သင့်ဇနီးသည်ဟာ သင့်ရဲ့တာဝန်ပါ။ သူမကိုချစ်ခင်ကြင်နာဖို့ မပျက်ကွက်ပါနဲ့။

၂၇။ သင့်ဇနီးသည်ဟာ အိမ်ဖော်မဟုတ်ပါဘူး။ သူမကို အိမ်အလုပ်တွေမှာ ကူညီပေးပါ။

၂၈။ သင့်ဇနီးသည်ဟာ သင့်ချစ်ခြင်းတွေပါ။ သူမကိုကြင်နာပါ။

၂၉။ သင့်ဇနီးသည်ဟာ အခိုင်းအစေတစ်ယောက်မဟုတ်ပါဘူး။ အိမ်အလုပ်တွေကို တစ်ယောက်တည်း သိမ်းကျုံးမလုပ်ရပါစေနဲ့။

၃ဝ။ သင့်ဇနီးသည်ဟာ အရူးတစ်ယောက်မဟုတ်ပါဘူး။ သူမကိုပြက်ရယ်မပြုပါနဲ့။

၃၁။ သင့်ဇနီးသည်ဟာ လက်သုတ်ပုဝါမဟုတ်ပါဘူး။ သူမကိုအလွဲသုံးစားမလုပ်ပါနဲ့။

၃၂။ သင့်ဇနီးသည်ဟာ သင့်အတွက်အရေးအပါဆုံးလူသားပါ။ သူမရဲ့မွေးနေ့ကိုမမေ့ပါနဲ့။

၃၃။ သင့်ဇနီးသည်ဟာ သင့်အတွက်ရင်သွေးလေးတွေကို မွေးဖွားထားပေးသူပါ။ သူမနဲ့အတူ ရင်သွေးလေးတွေကို ကူထိန်းပေးပါ။

၃၄။ သင့်ဇနီးသည်ဟာ သင်ထားရာနေစေရာသွားတတ်တဲ့ လူသားတစ်ဦးပါ။ သူမဘဝကိုတန်ဖိုးကြီးအောင် မြှင့်တင်ပေးပါ။

၃၅။ သင့်ဇနီးသည်ဟာ ဓားတစ်ချောင်းမဟုတ်ပါဘူး။ သူမကို ညှာညှာတာတာဆက်ဆံပါ။

၃၆။ သင့်ဇနီးသည်ဟာ သင့်ရဲ့သွေးကြောလေးတွေပါ။ သူမကို မဖြတ်တောက်ပစ်လိုက်ပါနဲ့။

၃၇။ သင့်ဇနီးသည်ဟာ မှင်ဖျက်ဆေးမဟုတ်ပါဘူး။ သင့်အမှားတွေကို သူ့အပေါ်လွှဲမချပါနဲ့။

၃၈။ သင့်ဇနီးသည်ဟာ ပုပ်သိုးလွယ်တဲ့ စားသောက်ကုန်မဟုတ်ပါဘူး။ သူမကိုဈေးမနှိမ်ပါနဲ့။

၃၉။ သင့်ဇနီးသည်ဟာ ဘုရားသခင်ရဲ့ကောင်းချီးတစ်ခုပါ။ သာယာစွာသီကျူးပြီး နှလုံးအိမ်ထဲ သိမ်းဆည်းထားပါ။

၎ဝ။ သင့်ဇနီးသည်ဟာ သင့်ဘဝရဲ့ နံပါတ်တစ်ပါ။ သူမကို အခြားအရာတွေနဲ့ အစားမထိုးပစ်လိုက်ပါနဲ့။