လူတိုင်းဆီမှာ ရှိသင့်တဲ့ သူငယ်ချင်း ၆ မျိုး

blank

ကျွန်မတို့ရှင်သန်နေထိုင်ရာ ဘဝတစ်လျှောက်လုံးမှာ ပုံစံမျိုးစုံနဲ့သူငယ်ချင်းတွေကို ကြုံတွေ့နေရပါတယ်။ သူငယ်ချင်းဆိုတာ ကျွန်မတို့ဘဝရဲ့ တစ်စိတ်တစ်ဒေသအဖြစ် အရေးပါတာကြောင့် ဘဝမှာတန်ဖိုးထားရမယ့်သူတွေပါ။ ကျွန်မတို့ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ သူငယ်ချင်း (၆)မျိုးကို ဂန္ထဝင်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အချစ်ဆုံးသူငယ်ချင်း။

အချစ်ဆုံးသူငယ်ချင်းဆိုတာ သင့်ဘဝရဲ့ အဆိုးအကောင်းဟူသမျှကို အတူတူရင်ဆိုင်ကျော်ဖြတ်ပေးတဲ့ သူငယ်ချင်း၊ ဒုက္ခတွေထဲကနေ ရုန်းထွက်နိုင်အောင်ကူညီပေးတဲ့ သူငယ်ချင်းပဲဖြစ်ပါတယ်။ ညဥ့်နက်သန်းခေါင်အိပ်မပျော်လို့ဖုန်းဆက်ရင်လည်း စိတ်မဆိုးတတ်တဲ့သူ၊ သင့်ရဲ့အတွင်းကျကျလျှို့ဝှက်ချက်တွေကိုတောင် ထိန်းသိမ်းပေးတဲ့သူ၊ သင့်အားနည်းချက်ကို အားမနာစတမ်းဝေဖန်ပေးတဲ့သူပါ။

၂။ ပျော်ပျော်နေတတ်တဲ့သူငယ်ချင်း။

ပျော်ပျော်နေတတ်တဲ့ သင့်သူငယ်ချင်းဟာ သူနဲ့ဆုံတွေ့တဲ့လူတိုင်းကို သူ့အပြုံးတွေကူးစက်သွားစေပါတယ်။ သူ့ဘဝမှာအပူအပင်မရှိသလို ပေါ့ပေါ့ပါးပါးနေတတ်ပြီး သူအနားမှာရှိနေရင် သင်အမြဲတမ်းပျော်ရွှင်ရတတ်ပါတယ်။

၃။ မိခင်နဲ့တူတဲ့သူငယ်ချင်း။

သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး မိခင်တစ်ယောက်လို စိတ်ပူပန်စိုးရိမ်ပေးတတ်တဲ့ သူငယ်ချင်းမျိုးပါ။ ရင်ဖွင့်သမျှ ခံစားချက်တွေတိုင်းကို နားထောင်ပေးတယ်။ စိတ်ပူပြီး တားမြစ်တတ်တာကြောင့် တစ်ခါတလေ စိတ်ရှုပ်ရပေမယ့် သူက သင့်ဘဝအတွက်အရေးပါတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်နေပြန်ပါတယ်။

၎။ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ သူငယ်ချင်း။

တစ်ခုခုနဲ့ပတ်သက်ပြီး ပြောတော့မယ်ဆိုရင် နှစ်ခါမစဉ်းစားဘဲ အတည့်အတိုင်းပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက်တော့ လူတိုင်းနီးပါးမှာရှိတတ်ပါတယ်။ ထိုသူငယ်ချင်းမျိုးကြောင့် တစ်ခါတရံမှာ သူတစ်ပါးအပေါ်မျက်နှာပူရတတ်ပေမယ့် သူတို့ဟာ ဘယ်တော့မှမလိမ်တတ်တဲ့၊ စိတ်သဘောထားပွင့်လင်းတဲ့သူငယ်ချင်းမျိုးပါ။

၅။ အချစ်ဆရာကြီးနဲ့တူတဲ့ သူငယ်ချင်း။

သူငယ်ချင်းတွေရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ဒိုင်ခံကူညီပေးနေတဲ့ အချစ်ဆရာကြီးနဲ့တူတဲ့ သူငယ်ချင်းတစ်ယောက်တော့ လူတိုင်းမှာရှိကြမှာပါ။ သင့်အချစ်ရေးမှာ ဘာပြဿနာပဲကြုံကြုံ သူ့ဆီမှာပဲ အကြံဉာဏ်တောင်းရတယ်။ တစ်ခါတလေ သူတို့အကြံဉာဏ်တွေကြောင့် စိတ်ညစ်ရပေမယ့် နောက်ဆုံးမှာ သင်ပျော်ရွှင်ရမှာပါ။

၆။ ဟာသလုပ်တတ်တဲ့ ဂျိုကာသူငယ်ချင်း။

ဒီလိုသူငယ်ချင်းမျိုးက ဘဝအတွက်အရေးကြီးဆုံးပါ။ စိတ်ညစ်နေတဲ့အချိန်မှာတောင် သူ့ဟာသအပြုအမူလေးတွေက သင့်ကို စိတ်ကြည်လင်ပြီး အားရပါးရရယ်မောအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ တစ်ခါတလေ သူ့ကြောင့်ပဲ စိတ်လှုပ်ရှားတတ်တဲ့ ဆယ်ကျော်သက်ပေါက်စလေးလို ပျော်ရွှင်နေရတတ်ပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ… သင့်ဆီမှာရော ဘယ်လိုသူငယ်ချင်းမျိုးတွေရှိလဲ။ သူတို့ကို comment box မှာ mention ခေါ်ပြီး အမျိုးအစားသတ်မှတ်ပေးလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။