ဇနီးကိုဦးစားပေးတတ်သည့်ခင်ပွန်းများရရှိလာမည့် အကျိုးကျေးဇူးများ

blank
Young Asian couple playing jenga indoors

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ

“Ladies first” ဆိုတဲ့စကားကိုလက်ကိုင်ထားပြီး ဇနီးသည်တွေကို အရာရာမှာ ဦးစားပေးတတ်တဲ့ ခင်ပွန်းသည်တွေကို တစ်ချို့လူတွေက ဟာသလုပ်ချင်ကြပါတယ်။ တကယ်တော့ ဇနီးသည်တွေကို ဦးစားပေးအလျှော့ပေးတတ်တဲ့ ခင်ပွန်းတွေဟာ သဘောထားပြည့်ဝပြီး ခန္တီပါရမီနဲ့ပြည့်စုံတဲ့လူတွေဖြစ်ကြပါတယ်။ ဇနီးသည်တွေကို အရာရာမှာဦးစားပေးထားတာဟာ နှလုံးအေးရုံသာမကဘဲ အရှုံးနဲ့ဝေးစေတဲ့အပြင် အကျိုးကျေးဇူးများစွာရှိနေပါတယ်။ ဇနီးသည်ကို အလျှော့ပေးတတ်တဲ့ ခင်ပွန်းတွေရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့-

  • အဝတ်အစားတွေကို နေရာတကျမထားမိလို့ ဇနီးဆူမှာကြောက်တတ်တဲ့ ခင်ပွန်းသည်တွေဟာ သပ်သပ်ရပ်ရပ်နေတတ်လာပါတယ်။
  • ဇနီးသည်ရဲ့အိမ်မှုကိစ္စတွေမှာဝင်ကူပေးရင်း ငွေရှာတဲ့အလုပ်အပြင် အိမ်မှုကိစ္စတွေမှာပါ ကျွမ်းကျင်လာပါတယ်။
  • မိမိဇနီးသည်စိတ်ကောက်တာကို ချော့ရင်း စည်းရုံးနိုင်မှုစွမ်းရည်တွေ မြှင့်တက်လာပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • မိမိမကျေနပ်တာတွေ ပြောခွင့်မရတဲ့အခါ မျိုသိပ်ပါများလာရင်း သည်းခံတတ်လာပါတယ်။
  • ဇနီးသည်ပြောသမျှတွေကို ပါးစပ်ပိတ်နားထောင်ရင်း နားထောင်နိုင်မှုစွမ်းရည်တွေ မြှင့်တက်လာပါတယ်။
  • အိမ်ပြန်နောက်ကျတဲ့အခါ ဇနီးသည်ဆူမှာစိုးရိမ်တဲ့အတွက် အိမ်ကိုအချိန်မှန် ပြန်ရောက်အောင်လာရင်း အချိန်လေးစားတတ်လာပါတယ်။
  • မိမိဇနီးကို ငွေတွေအကုန်အပ်ရတာကြောင့် အသုံးအဖြုန်းနည်းလာပါတယ်။
  • သဝန်တိုတတ်တဲ့ဇနီးသည်ကို ပိုင်ဆိုင်ထားတဲ့ခင်ပွန်းတွေဆိုရင် တခြားအမျိုးသမီးတွေကို မော်တောင်မကြည့်ရဲတဲ့အတွက် ပတ်ဝန်းကျင်ကမိမိကို တည်ကြည်သူတစ်ယောက်အဖြစ် မြင်တတ်လာပါတယ်။
  • မိမိဇနီးမကြိုက်တဲ့ အရက်၊ဆေးလိပ်တွေကို ရှောင်ကြဉ်ရင်း ကျန်းမာရေးကောင်းမွန်လာပါတယ်။

နောက်ဆုံးမှာတော့သင့်ရဲ့အရာရာသည်းခံတတ်မှုကြောင့် သင့်ရဲ့ဇနီးသည်ရဲ့ ချစ်ခြင်းတွေအပြည့်အဝရတဲ့အပြင် စကားနည်းရန်စဲပြီးသာယာပျော်ရွှင်တဲ့ မိသားစုဘဝတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ရှင်။ ခင်ပွန်းတွေအနေနဲ့ အရာရာမှာအလျှော့ပေးထားတယ်ဆိုတာ “ဇနီးကိုသိပ်ချစ်တာကြောင့်” ဆိုတာကိုလည်း ပြောပြဖို့မမေ့ပါနဲ့နော်။ သင့်ခင်ပွန်း (သို့မဟုတ်) သင့်ဇနီးသည်ကို mention ခေါ်ပြီး သင့်အချစ်တွေကိုဖော်ပြလိုက်ပါ။