ကိုယ့်အချစ်နဲ့နှလုံးသားကို မထိုက်တန်တဲ့သူဆီ ယဇ်ပူဇော်မိတဲ့အခါ…

blank
Photo Reference: http://blog.matrisms.com/?p=14363

စစ်မှန်တဲ့ချစ်ခြင်းဆိုတာ ပေးဆပ်ခြင်းတွေနဲ့ထုံမွှန်းထားတဲ့ အရာတစ်ခုပါ။ အချစ်ရေးမှာ ပေးဆပ်ခြင်းသက်သက်မဟုတ်ဘဲ အပေးအယူသဘောမျိုးတွေ သက်ရောက်နေပြီဆိုရင်တော့ အချစ်ရေးဟာ အန္တရာယ်ဇုံထဲကျရောက်နေပြီဆိုတာ အသေအချာပါပဲ။

ကျွန်မတို့မိန်းမသားတွေဟာ လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ ပေးဆပ်ခြင်းတွေကြားမှာ ပျော်မွေ့တတ်လာပါတယ်။ ဒီလိုပေးဆပ်ခြင်းဟာ တန်ရဲ့လားဆိုတာတောင် မစဉ်းစားတော့ဘဲ ကိုယ့်ချစ်သူကျေနပ်စေဖို့ ကိုယ့်နှလုံးသားနဲ့မာနတွေကို ကိုယ်တိုင်ပဲ ချနင်းပစ်တတ်ကြပါတယ်။

ကျွန်မတို့ရဲ့နှလုံးသားဟာ ကျွန်မတို့ရဲ့ချစ်ခြင်းနဲ့မတန်တဲ့သူဆီ ရောက်နေပြီလားဆိုတာကို ဘယ်လိုနည်းလမ်းတွေနဲ့ သိနိုင်မလဲ။

၁။ တစ်ယောက်တည်းနေတဲ့အချိန်မှာတောင် အပြုံးအရယ်နည်းလာတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ အချစ်ရေးခိုင်မာစေဖို့ ချစ်သူဘက်က စိတ်ပါလက်ပါမကြိုးပမ်းဘူးလို့ ခံစားလာရတယ်။

၃။ အနာဂတ်ရဲ့ အချစ်ခရီးလမ်းကို တွေးမိတာနဲ့ အမြဲတမ်းလိုလို စိုးရိမ်ပူပန်မှုတွေနဲ့ ရင်မောနေရတယ်။

၎။ ကိုယ့်ကိုယ်ကို ချစ်သူကောင်မလေးတစ်ဦးလို့တောင် မခံစားမိတော့ဘူး။ သူ့ရဲ့ အစေခံတစ်ယောက်လိုပဲ ထင်မိလာတယ်။ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ၊ ကိုယ့်ဘဝရည်မှန်းချက်တွေကိုတောင် မမြင်တော့ဘူးဖြစ်လာတယ်။

၅။ နှစ်ယောက်အတူလုပ်ဆောင်ရမယ့်အလုပ်တွေကို ကိုယ်တစ်ယောက်တည်းကပဲ ဒိုင်ခံလုပ်ဆောင်နေရတယ်။ ချိန်းတွေ့တာမျိုးတွေတောင် မိန်းကလေးဖြစ်တဲ့ကိုယ်ကပဲ ဦးဆောင်နေရတယ်။

၆။ ယောက်ျားလေးဖြစ်တဲ့သူကတောင် ကတိပေးဖို့ ချီတုံချတုံဖြစ်နေတဲ့အချိန် မိန်းကလေးဖြစ်တဲ့ကိုယ်ကပဲ ကတိတွေပေးနေရတယ်။

၇။ ဘယ်အချိန်မှာ ကိုယ့်ကိုထားသွားမလဲဆိုတဲ့သံသယစိတ်နဲ့ သူကိုယ့်ကို စိတ်မပျက်အောင်၊ ချစ်မြဲချစ်နေအောင် အမျိုးမျိုးကြိုးစားနေရတယ်။

အထက်မှာဖော်ပြထားတဲ့ ဖြစ်ရပ်တွေခံစားနေရပြီဆိုရင်တော့ ကျွန်မတို့နှလုံးသားလေး အချစ်ကင်ဆာဖြစ်နေပြီဆိုတာ သေချာပါတယ်။

တိုတောင်းလှတဲ့ဘဝလေးကို ကိုယ့်ကိုအသိအမှတ်မပြုတဲ့ သူတစ်ယောက်အတွက်နဲ့ပဲ မကုန်ဆုံးသင့်ပါဘူး။ ကိုယ့်နှလုံးသား၊ ကိုယ့်အချိန်၊ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်တန်ဖိုးထားသင့်ပါတယ်။ ကိုယ့်ရဲ့ပေးဆပ်မှုနဲ့မထိုက်တန်တဲ့သူအတွက် အရာအားလုံးစတေးလိုက်ဖို့ မသင့်ပါဘူး။

ကိုယ်နဲ့ထိုက်တန်တဲ့အချစ်ကိုသာ လက်ခံပါ။ ဒါဆိုရင် ကိုယ့်ပေးဆပ်မှုတွေနဲ့ ထိုက်တန်တဲ့၊ ကိုယ့်ကိုတန်ဖိုးထားတဲ့ လက်တွဲဖော်နဲ့ ဆုံစည်းနိုင်မှာပါ။

မှတ်သားစရာတစ်ခုခုရလိုက်တယ်ဆိုရင် ဤစာစောင်လေးကို SHARE လိုက်ပါ။