ရှုမငြီးတဲ့အလှတရားပိုင်ရှင် (သို့မဟုတ်) အပျိုကြီး

blank

အပျိုကြီးဆိုတာ…

ရုပ်ချောတာကိုမက်မယ့် မနူးမနပ်အရွယ်လေးတွေ မဟုတ်တော့ဘူး။

ချမ်းသာတာကိုမက်မယ့် ကိုယ်စွမ်းကိုယ်စနည်းသူတွေ မဟုတ်တော့ဘူး။

အားကိုးရာရှာမယ့် သတ္တိနည်းသူတွေ မဟုတ်တော့ဘူး။

ရင်ခုန်သံနောက် ကောက်ကောက်ပါအောင်လိုက်မယ့် တဇွတ်ထိုးသမားတွေ မဟုတ်တော့ဘူး။

လှည့်စားတာမှန်သမျှ မျက်ရည်အကျခံပြီး အသည်းကွဲပြတဲ့ ဆယ်ကျော်သက်လည်းမဟုတ်တော့ဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မေတ္တာနဲ့ သစ္စာကို တန်ဖိုးထားပြီး ဦးနှောက်နဲ့ နှလုံးသားကို အချိုးကျကျ ပေါင်းစပ်ပြီးသုံးတတ်လာတဲ့ တည်ငြိမ်တဲ့အလှတရားပိုင်ရှင်တွေပါ။

မြီးကောင်ပေါက်အရွယ်တွေလို စူးစူးရဲရဲမလှပတော့ပေမယ့် ဖွဲမီးလိုပဲ ရင်ကိုတမြေ့မြေ့နဲ့ နွေးထွေးစေတဲ့ အလှကိုပိုင်ဆိုင်ထားကြသူတွေပါ။

မိတ်ကပ်တွေနှုတ်ခမ်းနီတွေ မကူပေမယ့်လည်း လောကကိုဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေကြောင့် တည်ငြိမ်ရင့်ကျက်စွာလှပနေကြသူတွေပါ။

ဆယ်ကျော်သက်အရွယ်ကို ပျော်ရွှင်စွာဖြတ်ကျော်ခဲ့ပြီး သက်ကြီးပိုင်းကိုလည်း မရောက်သေးတဲ့အတွက် အေးချမ်းလွပ်လပ်မှုတွေနဲ့ ပေါင်းစည်းထားတဲ့ လေနုအေးလေးတွေပါ။

မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်ပြီး အနှောင်အဖွဲ့ကင်းကင်းနဲ့ ပျံသန်းလို့ရနေသလို မိဘဆွေမျိုးတွေကလွဲပြီး ခုံမင်စရာမရှိတဲ့အတွက် အိမ်ရဲ့ဆည်းလည်းလေးတွေပါ။

ဒါ့ကြောင့် အပျိုကြီးတွေဟာ

ဘယ်တော့မှမရိုးနိုင်တဲ့ သီချင်းလေးတစ်ပုဒ်။

အရောင်နုနုလေးတွေနဲ့ တန်ဆာဆင်ထားတဲ့ ပန်းချီကားလေးတစ်ချပ်။

အဖြူရောင်ပန်းခင်းလေးလိုပဲ ငြိမ်းအေးနေတဲ့ အလှတရားပိုင်ရှင်လေးတွေပေါ့ရှင်။

ကဲ… သင်က အထက်ပါအချက်လေးတွေနဲ့ ကိုက်ညီနေပြီဆိုရင် သင်ဟာရှုမငြီးတဲ့ အပျိုကြီးတစ်ယောက်ဖြစ်နေတာ သေချာပြီပေါ့ရှင်။ သဘောကျနှစ်ခြိုက်ခဲ့ရင် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦး။ သင်သိတဲ့အပျိုကြီးတွေကိုလည်း mention ခေါ်လိုက်ပါဦး။