တကယ်ချစ်တတ်တဲ့ ယောက်ျားလေးဆိုတာ…

blank

အချစ်ကိုဗန်းပြပြီး ငွေကြေးတွေ၊ ရမ္မက်တွေနဲ့ အလွဲသုံးစားလုပ်တဲ့သူတွေ များလာတဲ့အကြား မေတ္တာစစ်၊ မေတ္တာမှန်နဲ့ချစ်တဲ့သူတွေကို ရွေးချယ်ဖော်ထုတ်ဖို့ ခက်ခဲလာပါတယ်။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့ အပြုအမူလေးတွေကို သင့်ချစ်သူမှာ ပိုင်ဆိုင်ထားရင်တော့ သူသင့်ကို တကယ်ချစ်မြတ်နိုးနေတယ်ဆိုတာ သေချာပါတယ်။

၁။ သင်ပျော်ရွှင်ဖို့အတွက် အမှတ်တရလေးတွေကို ဖန်တီးပေးတယ်။ အလုပ်တွေဘယ်လောက်ပဲများနေပါစေ၊ သင့်အတွက် အချိန်ပေးတယ်။

၂။ ချိန်းတွေ့တဲ့အချိန်မှာလည်း သူငယ်ချင်းတွေ၊ အလုပ်ကိစ္စတွေကိုမေ့ထားပြီး သင်နဲ့နှစ်ယောက်တည်း သီးသန့်ကမ္ဘာလေးတစ်ခု တည်ဆောက်ချင်တယ်။

၃။ သင်အလိုမတူရင် သင့်ကို လက်ဖျားနဲ့တောင်မထိဘဲ ရိုးသားဖြူစင်တဲ့ အချစ်ကိုဖော်ပြတတ်တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ သင့်ရဲ့ဝါသနာ၊ သင့်ရဲ့ရည်မှန်းချက်၊ သင့်ဆန္ဒတွေကို အသေးစိတ်မှတ်မိနေတယ်။

၅။ သင်နဲ့တွေ့ဖို့ ဘယ်လောက်ဝေးဝေး အရောက်လာတတ်တယ်၊ သင်နဲ့တွေ့ပြီး အိမ်အပြန်လမ်းတစ်လျှောက်လုံးမှာလည်း သင့်အကြောင်းပဲစဉ်းစားတတ်တယ်။

၆။ သင်နဲ့အတူရှိနေချိန်မှာ ဘယ်သူ့ဆီက ဘာကိစ္စနဲ့ဖုန်းလာလာ အရေးမစိုက်ဘဲ သင့်အပေါ်မှာပဲ အာရုံထားတတ်တယ်။

၇။ သင့်ကို အချိန်ပြည့် မက်ဆေ့ခ်ျလေးတွေပို့ပြီး သတိရကြောင်းပြောနေတတ်တယ်။ သင်မက်ဆေ့ခ်ျပို့ရင်လည်း ချက်ချင်းစာပြန်ပို့တတ်တယ်။

၈။ လူတွေကြားထဲသွားရင်လည်း သင့်လက်ကို မြဲမြဲဆုပ်ကိုင်သွားတတ်တယ်။

၉။ “ဆိုခဲစေ၊ မြဲစေ” ဆိုတဲ့အတိုင်း စကားကို လိုသလောက်ပဲပြောတတ်တယ်၊ ပေးထားသမျှကတိတိုင်းကို လက်တွေ့အကောင်အထည်ဖော်ပေးတတ်တယ်။

ကိုယ်ချစ်ရမယ့်သူကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိတာကိုက ကျွန်မတို့မိန်းမသားတွေရဲ့ မွေးရာပါအခွင့်အရေးတစ်ရပ်မဟုတ်လား ဂန္ထဝင်ပရိသတ်ကြီးရေ…။ ဒီတော့ ကျွန်မတို့ရဲ့ အချစ်တွေ၊ နှလုံးသားတွေ၊ ဘဝတွေပုံအပ်ပြီးချစ်ရမယ့် လက်တွဲဖော်ကို သေချာအကဲခတ်ပြီး အရိုးသားဆုံးရွေးချယ်လိုက်ရအောင်လားရှင်။

သင့်မှာ ဒီလိုချစ်သူပိုင်ဆိုင်ထားရပြီဆိုရင် သူ့ကို Tag တွဲပြီး SHARE လိုက်ပါ။