မေမေချစ်သောသမီးလေးအတွက် ၂၁ နှစ်ပြည့်မွေးနေ့ပေးစာ

blank

ချစ်စရာမေမေ့သမီးလေးရေ… သမီးအသက် ၂၁ ပြည့်ပြီနော်။ မိဘဆိုတာ သားသမီးဘယ်အရွယ်ရောက်ရောက် ကလေးလိုပဲ မြင်တတ်ပေမယ့် တကယ်တော့ ၂၁နှစ်ဆိုတာ သမီးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ အရွယ်ရောက်နေပြီလေ။ ဒီတော့ မေမေ့သမီးလေးဘဝမှာ လိုအပ်မယ်ထင်တဲ့ အမှာစကားလေးတွေ ပါးလိုက်ပါရစေကွယ်။

၁။ သမီးရဲ့အမှားတွေကနေ သင်ခန်းစာယူလို့ရတာကြောင့် အမှားတွေကို ချစ်တတ်ပါ သမီး။

၂။ အခွင့်အလမ်းအသစ်တွေ ရရှိနိုင်တာကြောင့် ပတ်ဝန်းကျင်အသစ်တွေနဲ့ ထိတွေ့ဖို့ ဘယ်တော့မှ မတွန့်ဆုတ်ပါနဲ့ သမီး။

၃။ အလုပ်များများလုပ်ပြီး မအောင်မြင်တာထက် နည်းနည်းပဲလုပ်ပြီး အောင်မြင်တာက သမီးလေးအတွက် ပိုအကျိုးရှိပါတယ်။ မေမေဆိုလိုချင်တာက ကြိုးစားပါ။ ဒါပေမယ့် ဝီရိယနောက်တော့ ဉာဏ်လိုက်နေပါစေ သမီး။

၎။ သမီးလေးရဲ့ခံစားချက်တွေကို ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတွေကို  ထုတ်ပြောပါနော်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ဘဝရဲ့ပြောင်းလဲမှုတွေကို ရှောင်လို့မရမယ့်အတူတူ ပြောင်းလဲမှုတွေကို နှစ်သက်စွာ လက်ခံတတ်အောင်ကျင့်ပါ သမီး။

၆။ မေမေ့သမီးလေးရဲ့ဘဝမှာ အဆိုးဆုံးတွေကို တွေးထားဖို့လိုမယ်နော်။ ဒါမှ အဆိုးတွေကြုံလာတဲ့အခါ ဖြေသာနိုင်မှာပေါ့။

၇။ သူတစ်ပါးတွေ သမီးအပေါ် အထင်လွဲမှာကို ကြောက်ရွံ့တဲ့စိတ်တွေ ဖယ်ရှားပစ်လိုက်ပါ။

၈။ သမီးကိုယ့်ကိုယ်ကိုရော သူများတွေအပေါ်မှာပါ ရိုးသားစွာ ဆက်ဆံပြောဆိုပါ သမီး။

၉။ သမီးအတွက် အကျိုးရှိနိုင်တာကြောင့် မိတ်ဆွေသစ်များများဖွဲ့ပါ။

၁ဝ။ သမီးလေးတစ်ယောက်တည်း ကုန်ဆုံးရမယ့် အချိန်ကို သီးသန့်သတ်မှတ်ထားပါကွယ်။

၁၁။ သမီးလေးသေချာမသိသေးတဲ့ အကြောင်းအရာတွေအတွက် မေးခွန်းထုတ်ဖို့ မတွန့်ဆုတ်ပါနဲ့။

၁၂။ ဘုရားပေးထားတဲ့ သမီးရဲ့ပင်ကိုယ်ပါရမီကို ကောင်းကောင်းအသုံးချပါ သမီးရေ။

၁၃။ သမီးလေးကြောင့် အခြားလူတွေကို စိတ်အနှောင့်အယှက်မဖြစ်ပါစေနဲ့။

၁၄။ ပညာရပ်အသစ်တွေကြားမှာ သမီးဘဝကိုမြှုပ်နှံထားပါ။

၁၅။ သမီးဘဝရဲ့ ပန်းတိုင်ကိုအရောက်သွားဖို့ ကြုံလာသမျှစိန်ခေါ်မှုတွေကို အောင်မြင်စွာကျော်လွှားနိုင်ဖို့ ကြိုးစားပါ သမီး။

၁၆။ သမီးလေးသူများတွေကို ချစ်တတ်သလို ကိုယ့်ကိုယ်ကိုလည်း ချစ်တတ်ပါစေကွယ်။

၁၇။ သမီးနောက်ကလူတွေကိုလည်း လက်တွဲခေါ်ဖို့ မမေ့ပါနဲ့နော်။

၁၈။ အတွေ့အကြုံသစ်တွေ၊ အမှတ်တရအသစ်တွေရတာကြောင့် ခရီးများများထွက်ပါ သမီး။

၁၉။ သမီးလေးရဲ့ အဓိကပြိုင်ဘက်က သမီးလေးကိုယ်တိုင်ပဲဆိုတာ အမြဲမပြတ်နှလုံးသွင်းထားပါနော်။

၂ဝ။ သမီးလေးဘဝအတွက် အောင်မြင်မှုရချင်ရင် ထိုက်သင့်တဲ့စွန့်စားမှုဆိုတာ ရှိသင့်တယ်နော်။

၂၁။ သမီးလေးရဲ့ ပင်ကိုယ်ဝါသနာကဘာလဲ၊ ဘဝရည်မှန်းချက်ကဘာလဲဆိုတာ သေချာစဉ်းစားသုံးသပ်ပါ။ ဝါသနာနောက်ကို လိုက်ရင်း အောင်မြင်မှုကိုရှာတွေ့နိုင်ပါစေ သမီးရယ်။

ဘဝဆိုတာ တိုတိုလေး သမီးရဲ့။ ၂၁နှစ်ဆိုတာ သမီးကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့အရွယ်၊ ကိုယ့်ဘဝအောင်မြင်မှုအတွက် ကိုယ်တိုင်ကြိုးစားရမယ့် အရွယ်ရောက်နေပါပြီ သမီး။ ဒါ့ကြောင့် အပျော်တွေကြားထဲနစ်မွန်းမနေဘဲ ရုန်းထပြီး ကြိုးစားလိုက်ပါကွယ်။

သင့်မှာ အရွယ်ရောက်တော့မယ့် သမီးလေးတစ်ယောက်ရှိနေရင် ဗဟုသုတသိမှတ်စရာရဖို့ ဤစာစောင်လေးကို SHARE လိုက်ပါ။