သူစိမ်းတွေအပေါ် ယဉ်ကျေးကြပေမယ့် ချစ်ရသူတွေအပေါ် ဆိုးတတ်ကြတဲ့ ဆင်ခြင်သင့်တဲ့သဘာဝလေးတစ်ခု

blank

မနက်က လမ်းမှာ သူစိမ်းတစ်ယောက်ကို ဝင်တိုက်မိတယ်။

ချက်ချင်းဆိုသလိုပဲ “Sorry မတော်လို့နော် ” လို့ ကျွန်မတောင်းပန်စကားဆိုမိတယ်။

လူစိမ်းကလည်း “ရပါတယ်။ ကျွန်တော်ကတောင် တောင်းပန်ရဦးမှာဗျာ။ ကျွန်တော်မမြင်မိတာလေ။” လို့ပြန်တောင်းပန်ခဲ့တယ်။

ကျွန်မတို့နှစ်ယောက်စလုံး ယဉ်ကျေးစွာပဲ တောင်းပန်ခဲ့ကြပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ခဲ့ကြပါတော့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်ပေးခြင်းဖြစ်သည်။

ညနေရောက်တော့ ကျွန်မအိမ်မှာ ညစာပြင်ဆင်နေတုန်း သမီးလေးက ကျွန်မဘေးမှာ တိတ်တိတ်လေး လာရပ်နေခဲ့တယ်။ ဟင်းပန်းကန်ယူဖို့လှည့်အထွက်မှာ သမီးလေးနဲ့တိုက်မိပြီး လဲကျတော့မလိုဖြစ်ခဲ့တယ်။

ကျွန်မက “ဖယ်စမ်းပါ။ ဒီနားမှာဘာလာလုပ်နေတာလဲ။” လို့ ဒေါသတကြီးနဲ့ အော်ခဲ့တယ်။

ကျွန်မသမီးလေးက ကျွန်မအနားကနေ ခေါင်းငိုက်စိုက်ချပြီး ထွက်သွားခဲ့တယ်။ ကျွန်မပြောလိုက်တဲ့စကားက သူမကို ဘယ်အတိုင်းအတာထိနာကျင်သွားစေခဲ့လဲဆိုတာ ကျွန်မနားမလည်ခဲ့ဘူးလေ။ ညအိပ်ခါနီးတော့ ကျွန်မစဉ်းစားနေမိတယ်။

” သူစိမ်းတွေနဲ့ ဆက်ဆံစကားပြောတဲ့အခါ ယဉ်ကျေးတဲ့စကားတွေကို ကျွန်မသုံးခဲ့တယ်။ ဒါပေမဲ့ကျွန်မချစ်တဲ့ကလေးကိုကျတော့ အော်ဟစ်ဆက်ဆံမိခဲ့တာလဲ။ မီးဖိုခန်းအပြင်ဘက်မှာ ပွင့်နေခဲ့တဲ့ပန်းတွေကို ကျွန်မသမီးလေးက ကျွန်မအတွက်ခူးလာခဲ့တာ။ ကျွန်မနားမှာ တိတ်တိတ်လေးရပ်နေခဲ့တယ်ဆိုတာက ကျွန်မကို အံ့အားသင့်သွားစေချင်ခဲ့လို့တဲ့။ ကျွန်မသမီးမျက်လုံးထဲမှာ ရစ်ဝိုင်းနေခဲ့တဲ့ မျက်ရည်တွေကို ကျွန်မဘာလို့ လျစ်လျူရှုခဲ့မိတာလဲ” လို့ နောင်တတွေနဲ့အတူ ကျွန်မပြန်တွေးနေမိခဲ့တော့တယ်။

ကျွန်မချက်ချင်းပဲ သမီးလေးအခန်းထဲသွားပြီး အိပ်ပျော်နေတဲ့သမီးလေးနဖူးကို နမ်းမိတော့တယ်။ ကျွန်မမျက်လုံးထဲမှာတော့ မျက်ရည်တွေရစ်ဝိုင်းလို့ပေါ့။ ကျွန်မရှိုက်သံကြောင့် သမီးလေးနှိုးလာခဲ့တော့-

ကျွန်မလည်း သမီးလေးကို ဖက်ထားရင်း “ဒီနေ့သမီးကို အော်လိုက်တဲ့အတွက် မေမေတောင်းပန်ပါတယ်ကွယ်။ တကယ်ဆို သမီးလေးကို ဒီလိုမအော်သင့်ဘူးလေ။” လို့ ပြောခဲ့တယ်။

သမီးလေးတော့ အပြုံးတောင်မပျက်ဘဲ “ရပါတယ်မေမေရယ်။ သမီးမေ့မေ့ကို ချစ်ပါတယ်။” လို့ ကျွန်မကို ဖက်ထားရင်း ပြန်ဖြေခဲ့တယ်။

“မေမေလည်း သမီးကို အရမ်းချစ်ပါတယ်။ ” လို့ အချိုသာဆုံးလေသံလေးနဲ့ ကျွန်မသမီးလေးကို ပြန်ပြောခဲ့ပါတယ်။

ကျွန်မတို့ သူစိမ်းတွေကို ယဉ်ကျေးစွာ ပြောဆိုဖို့၊ တောင်းပန်ဖို့ ဝန်မလေးပေမယ့် ကျွန်မတို့မိသားစုဝင်တွေ၊ ရင်းနှီးခင်မင်သူတွေကိုတော့ ယဉ်ကျေးစွာပြောဆိုဆက်ဆံဖို့ ဝန်လေးနေတတ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မေတ္တာထားပြောဆိုဆက်ဆံရင်း ချစ်ခြင်းမေတ္တာတွေ ဖော်ဆောင်လိုက်ရအောင်လားရှင်။

ကောင်းကျိုးတစ်ခုခုရလိုက်မယ်ဆိုရင် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါ။